contents

သတင်းများ

စားချင်စရာ ရန်ကုန်မြို့က လမ်းဘေးအစားအစာတချို့

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
အစားအသောက် လမ်းညွန်
MyFood Myanmar

အားလုံးပဲမင်္ဂလာပါနော်။ ဈေးတန်းတွေ၊ ညဈေးတွေ၊ လမ်းထိတ်မှာရောင်းတဲ့အစားအစာဈေးတန်းတွေသွားတဲ့အခါ စားချင်စရာမှ စုံလို့ပါပဲ။


ဘယ်နေရာသွားသွားတွေ့ရလေ့ရှိပြီး၊ လှည်းလေးတွေနဲ့လည်းရောက်သလို၊ ဗန်းလေးတွေနဲ့လည်းရောင်းတဲ့ အစားအစာတချို့ကို မျှဝေပေးချင်ပါတယ်။


စာဖတ်သူတို့ကော ဘယ်လိုအစားအစာတွေကြိုက်လဲဆိုတာ မျှဝေပေးသွားခဲ့ပါဦးနော်။


၁။ မုန့်ဟင်းခါး



မုန့်ဟင်းခါးကတော့ မြန်မာတို့အကြိုက် မနက်စာတစ်ခုဖြစ်ပြီး မြို့တိုင်းရွာတိုင်းမှာ ရရှိနိုင်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဘယ်နေရသွားသွားရရှိနိုင်သလို ပွဲတွေရှိတဲ့အခါ၊ အလှူတွေရှိတဲ့အခါမှာလည်း မုန့်ဟင်းခါးကိုချက်ကျွေးကြပါတယ်။


၂။ မုန့်လင်မယား



မုန့်လင်မယားကလည်း မြန်မာတို့အကြိုက်လမ်းဘေးအစားအစာတစ်မျိုးဖြစ်ပါတယ်နော်။ မုန့်လင်မယားကို နေရာတိုင်းလိုလိုမှာ ဝယ်ယူစားသုံးနိုင်ပါတယ်။


၃။ ဘိန်းမုန့်



ဘိန်းမုန့်ကိုလည်း ရွှေမြန်မာတို့ နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ ဘိန်းမုန့် အချို ၊ အငန်မိမိနှစ်သက်ရာကို ဝယ်ယူစားသုံးနိုင်ပါတယ်နော်။ စာဖတ်သူတို့လည်းအကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။


၎။ လက်ဖက်စုံသုပ်


လက်ဖက်သုပ်ကိုလည်း နေရာတိုင်းလိုလိုမှာ ရရှိနိုင်ပါတယ်နော်။ အရသာလည်းရှိပြီး အစာပြေအနေနဲ့လည်း စားသုံးလေ့ရှိကြပါတယ်။


၅။ တို့ဟူးကြော်


တို့ဟူးကြော်ကိုလည်း စာဖတ်သူတို့ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။ ရှမ်းပြည်က အစားအစာတစ်မျိုးဖြစ်ပြီး အရသာလည်းရှိတာမို့ နာမည်ကြီးတဲ့အစားအစာတစ်မျိုးပါပဲ။


နောက်ထပ်အစားအစာတွေကိုမျှဝေပေးရမယ်ဆိုရင်တော့


အကင်



ပုရစ်


အကြော်



ဝက်သားတုတ်ထိုး



လမ်းသရဲမုန့် (သို့) ရေမုန့်


By: MyFood Myanmar


The post စားချင်စရာ ရန်ကုန်မြို့က လမ်းဘေးအစားအစာတချို့ appeared first on MyFood Myanmar.


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။