အစားတစ်လိုင်းလေးတွေကတော့ တစ်နေ့တစ်နေ့ အစားအသောက်မျိုးစုံကို မရိုးရအောင်စားသုံးနေကြပြီး စိတ်အပန်းဖြေနေကြတာပေါ့။ အခုနောက်ပိုင်းမှာ ပြောင်းလဲလာတဲ့အကျင့်လေးတစ်ခုကတော့ လူငယ်တွေတော်တော်များများက သူတို့ရဲ့ Social Media Account တွေဖြစ်တဲ့ Facebook Instagram တွေမှာပုံလှလှလေးတွေကိုပဲ ရွေးပြီးတော့တင်လာကြပါတယ်။ အစားအသောက်သမားတွေကလည်း သူတို့စားတာလေးတွေကို လှပနေအောင်တင်ကြတဲ့ခေတ်ပေါ့။
ဒီလိုမျိုး ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းထဲမှာ ကိုယ်တိုင်လည်းလိုက်ပါနိုင်ဖို့လိုတယ်လေ။ သူများတွေပုံလှလှလေးတွေ တင်သလိုမျိုးကိုယ်ကလည်းတင်ချင်တယ်။ ဒါပေမယ့် အခြေခံသဘောတရားတွေကို ကောင်းကောင်းမသိနေတော့ ကိုယ်ရိုက်တာတွေကသိပ်ပြီးတော့ မထူးခြားနေဘူးဖြစ်နေတော့တာပေါ့။ ဒါကြောင့် နေ့တိုင်းစားနေတဲ့အစားစာလေးတွေကို ဓာတ်ဖမ်းတော့မယ်ဆိုရင်…
ဓာတ်ပုံရိုက်တော့မယ်ဆိုရင် အပြင်အဆင်မှာလည်းအနှောက်မယှက်မဖြစ်နေဖို့ ထည့်သွင်းပြီးတော့ စဉ်းစားသင့်ပါတယ်။ အစားစာကိုရိုက်တော့မယ်ဆိုရင် တစ်ခြားမလိုအပ်တဲ့အရာတွေက စားပွဲပေါ်မှာရှုပ်ပွနေတာမျိုးတွေမရှိအောင် ရှင်းလင်းထားဖို့လိုပါတယ်နော်။
နေရာအထားအသိုကလည်း ဓာတ်ပုံရိုက်တဲ့အခါမှာ အရေးကြီးလွန်းတဲ့အရာပါပဲနော်။ အစားအစာတွေကိုရိုက်တော့မယ်ဆိုရင် မှန်ကန်တဲ့ရှုထောင့်ကနေ ရိုက်နိုင်မှ လှပတဲ့ပုံမျိုးထွက်လာမှာပေါ့။ ဒါကြောင့် အစားအသောက်တွေကို ဓာတ်ပုံရိုက်ဖို့ Camera နဲ့ချိန်တာနဲ့ ဘက်ပေါင်းစုံကနေ ချိန်ကြည့်ဖို့လိုပါတယ်။
အလင်းအမှောင်ကလည်း အရေးကြီးလွန်းပါတယ်။ အစားအသောက်ပုံတွေဆိုမှတော့ စားချင်စရာဖြစ်အောင်ရိုက်တတ်ဖို့က အရမ်းကိုအရေးကြီးလွန်းပါတယ်နော်။ မှောင်နေတဲ့နေရာမျိုးမှာ အစားအသောက်တွေကို ထားပြီးရိုက်မယ်ဆိုရင် ဘယ်လိုမှလှနိုင်မှာမဟုတ်တော့ပါဘူးနော်။
ဓာတ်ပုံတင်တော့မယ်ဆိုရင် ပိုပြီးတော့ဆွဲဆောင်မှုလေးရှိနေအောင် Effect လေးနည်းနည်းထည့်ပေးမယ်ဆိုရင်တော့ ပိုပြီးတော့လူစိတ်ဝင်စားတာခံရမှာဖြစ်ပြီး သင့်ရဲ့ဓာတ်ပုံလေးတွေကလည်း လှလှပပလေးဖြစ်နေမှာပါ။
The post အစားအသောက်ပုံလေးတွေကို Social Media ပေါ်မှာသပ်သပ်ရပ်ရပ်တင်ချင်သူတွေအတွက် appeared first on MyFood Myanmar.