contents

သတင်းများ

ကာဒီဘီကို ပြန်လည် တိုက်ခိုက်ပြောဆိုလိုက်တဲ့ နစ်ကီမီနာ့ဂ်ျ

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
ကာဒီဘီက ၎င်း၏အင်စတာဂရမ်တွင် စက်တင်ဘာ ၁၁ ရက်က ဗီဒီယိုဖိုင်တစ်ခုတင်၍ ယင်းတွင် နစ်ကီမီနာ့ဂ်ျနှင့် အပေါင်းအဖော်များသည် မိမဆုံးမ ဖမဆုံးမများဟု ပြောဆိုခဲ့သည်။နစ်ကီမီနာ့ဂ်ျက စက်တင်ဘာ ၁၂ ရက်က ပြုလုပ်သည့် ၎င်း၏ရှိုးပွဲ "Queen Radio"  ၏ နောက်ဆုံးသီချင်းတွင် ''မင်းဝမ်းနည်း ဒေါသထွက်နေလား၊ ဒါဟာရီစရာမဟုတ်ပါဘူး။ မိန်းမတစ်ယောက်ဆီက အကူအညီတွေရဖူးလား။ သူ့အလုပ်မှာ အမြင့်ဆုံးနေရာရနေတဲ့ ဒီမိန်းမဆီကလေ..။ သူက သူ့ဖိနပ် တွေကို ဝဲချင်ဝဲလိုက်မှာပဲ''ဟူသော ဘန်းစကားစာသားကို ထည့်သွင်းသီဆို၍ ကာဒီဘီအား ပြန်လည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာ ၉ ရက် ယင်းရန်ပွဲဖြစ်ပွားပြီးသည့် နောက်ပိုင်း အင်တာဗျူးတစ်ခုတွင် နစ်ကီမီနာ့ဂ်ျက ''ကျွန်မကတော့ ကလေးတွေလို ရန်မဖြစ်ချင်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ရတယ်ဆိုတာ စိတ်မကောင်းစရာပါ''ဟု ပြောခဲ့ဖူးသည်။Ref; CNN
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။