contents

သတင်းများ

CMT ၏ တစ်နှစ်တာ အမျိုးသမီး အနုပညာရှင်ဆု ကယ်ရီအန်ဒါဝုဒ် ချီးမြှင့်ခံရ  

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
CMT ဆုကကြေညာရာတွင် ''ယခုနဲ့ နောင်အနာဂတ် ကန်းထရီးဂီတလောကအတွက် အကျိုးပြုမယ့် အမျိုးသမီးအနုပညာရှင်မို့ ဆုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့တာပါ''ဟု ထည့်သွင်းဖော်ပြခဲ့သည်။ CMTရှိ ဂီတနှင့် ပါရမီဆိုင်ရာဌာန၏ Vice-President က ''ကယ်ရီအန်ဒါဝုဒ်ဟာ ဒီနှစ်ရဲ့ အထူးခြားဆုံးအနုပညာရှင်အမျိုးသမီး၊ လူ့အဖွဲ့အစည်းအတွက် အကြီးမားဆုံးပြောင်းလဲမှုတွေ လုပ်ဆောင်နိုင်ခဲ့သူတစ်ဦး၊ ဆက်ပြီးလည်း ဂီတလောကအတွက် စွမ်းဆောင်နိုင်မယ့်သူလို့ ယုံကြည်မျှော်လင့်တယ်''ဟု ပြောကြားခဲ့သည်။
ကယ်ရီသည် နောက်လတွင် မာယန်ဒါလန်းဘက်၊ ကယ်လ်ဆီခ်ဘယ်လီနီ၊ မာရန် မောရစ်စသော အမျိုးသမီးအဆိုတော်များနှင့်တွဲ၍ ဂီတရှိုးတစ်ခုပြုလုပ်ရန် စီစဉ်နေသည်။ CMT ၏ ဂီတဆုပေးပွဲကို လာမည့် အောက်တိုဘာ ၁၇ ရက်တွင် ကျင်းမည်ဖြစ် သည်။ 
Ref; CNN
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။