contents

သတင္းမ်ား

Park Bo Young နဲ႔တြဲျပီးသရုပ္ေဆာင္ခ်င္တယ္လုိ႔ေျပာလိုက္တဲ႔ Jo In Sung

ေန႔ရက္:
Sep 12, 2018


အမ်ိဳးအစား :
ေဖ်ာ္ေျဖေရး
Trend Myanmar

ေတာင္ကုိရီးယားမင္းသားေခ်ာတစ္ျဖစ္လဲ ပ်ိဳေမတို႔ရဲ႔ အိပ္မက္မင္းသားေလး Jo In Sung ဟာ သူရုပ္ရွင္အတူတြဲရုိက္ခ်င္တဲ႔အႏုပညာရွင္မင္းသမီးကုိေျပာျပခဲ႔တယ္လုိ႔ Soompi မီဒီယာကေနေဖာ္ျပလာပါတယ္။



စက္တင္ဘာ ၁၁ရက္ေန႔က V Live show “Actor & Chatter ဆုိတဲ႔အစီအစဥ္မွာ

Jo In Sung ပါ၀င္ခဲ႔ျပီး ရုပ္ရွင္နဲ႔ပတ္သက္လုိ႔ အေတာ္မ်ားမ်ားေျပာျဖစ္ခဲ့ၾကပါတယ္တဲ႔။အစီအစဥ္တင္ဆက္သူ Park Kyung Lim က စလိုက္ေနာက္လုိက္နဲ႔ရုပ္ရွင္အေၾကာင္းေဆြးေႏြးျပီး သကာလ “Actor & Chatter” အစီအစဥ္ကုိအရင္ကလာခဲ႔တဲ႔ မင္းသမီး Park Bo Young က သူ႔အတြက္ေမးခြန္းတစ္ခုခ်န္ထားခဲ႔တယ္ဆုိတဲ႔အေၾကာင္းကိုေရာက္သြားခဲ့ပါတယ္။



Park Bo Young က”တကယ္လုိ႔ ကုိယ္ပိုင္ေငြနဲ႔ရုပ္ရွင္တစ္ကားရုိက္ျဖစ္မယ္ဆုိရင္ ဘယ္သူ႔ကိုေခါင္းေဆာင္အျဖစ္ေရြးမွာလဲ”ဆုိတဲ႔ေမးခြန္းေမးခဲ႔တာပါ။အဲ႔ဒီအခါမွာ Jo In Sung က “ကြ်န္ေတာ္ ညီမ Bo Young ကုိေရြးခ်ယ္ျဖစ္မွာပါ။ေခါင္းေဆာင္မင္းသမီးအေနနဲ႔ေပါ့။ကြ်န္ေတာ္တုိ႔ တစ္ခါမွအတူတူတြဲျပီးသရုပ္မေဆာင္ဖူးေပမဲ႔ အျပင္မွာရင္းႏွီးၾကပါတယ္။ျပီးေတာ့ အႏုပညာေၾကးအေနနဲ႔ဆုိရင္ guarantee အစား running guarantee ကုိေပးမွာပါ“ဆုိျပီးေျပာခဲ႔ပါတယ္




Running Guarantee ဆုိတာ စာခ်ဳပ္ခ်ဳပ္ဆုိစဥ္က ေငြေၾကးထက္ ပုိမ်ားတဲ့ေငြေပါ့။ရုပ္ရွင္တစ္ကားလံုးေအာင္ျမင္မႈအတုိင္းအတာေပၚမူတည္ျပီးအႏုပညာေၾကးေပးမယ္လုိ႔ေျပာခဲ႔တာျဖစ္ပါတယ္။ေခါင္းေဆာင္မင္းသားကုိေတာ့ သူနဲ႔အခင္ဆံုးသူငယ္ခ်င္းညီအစ္ကုိေတြျဖစ္တဲ႔ “Lee Kwang Soo နဲ႔D.O ကုိစေနာက္ျပီးေရြးမလုိလုိလုပ္ခဲ႔ပါေသးတယ္။ျပီးေတာ့မွ”Kim Woo Bin ဒါေပမဲ႔ သူက နည္းနည္းေနမေကာင္းျဖစ္ေနတယ္။ဒီေတာ့ Bo Young တကယ္လို႔ညီမက ေခါင္းေဆာင္မင္းသမီးေနရာမွာသရုပ္ေဆာင္မယ္ဆုိ ကြ်န္ေတာ္ေခါင္းေဆာင္မင္းသားအျဖစ္သရုပ္ေဆာင္မယ္“ဆုိျပီးေျဖခဲ႔ပါတယ္




ဒါရိုက္တာနဲ႔ထုတ္လုပ္ေရးပုိင္းအေၾကာင္းေဆြးေႏြးတဲ႔အခါမွာေတာ့ Jo In Sung က “အခုေတာ့ ကြ်န္ေတာ္ကုိယ္တုိင္သရုပ္ေဆာင္ေနရတာနဲ႔အလုပ္နည္းနည္းမ်ားေနပါတယ္။ေနာက္မွ ဒီလုိကုိယ္ပိုင္ရုပ္ရွင္ထုတ္ဖုိ႔ လုပ္မွာပါ”ဆုိျပီးေျပာခဲ႔ပါတယ္။အခုလက္ရွိမွာ Jo In Sung က “The Great Battle” ဇာတ္ကားကုိNam Joo Hyuk ၊ Seolhyun ၊ Sung Dong Il ၊ Park Sung Woo တုိ႔နဲ႔တြဲဖက္ရုိက္ကူးထားျပီး စက္တင္ဘာ ၁၉ရက္ေန႔မွာအၾကိဳျပသပြဲက်င္းပမွာပဲျဖစ္ပါတယ္


Unicode


တောင်ကိုရီးယားမင်းသားချောတစ်ဖြစ်လဲ ပျိုမေတို့ရဲ့ အိပ်မက်မင်းသားလေး Jo In Sung ဟာ သူရုပ်ရှင်အတူတွဲရိုက်ချင်တဲ့အနုပညာရှင်မင်းသမီးကိုပြောပြခဲ့တယ်လို့ Soompi မီဒီယာကနေဖော်ပြလာပါတယ်။


စက်တင်ဘာ ၁၁ရက်နေ့က V Live show “Actor & Chatter ဆိုတဲ့အစီအစဉ်မှာ

Jo In Sung ပါဝင်ခဲ့ပြီး ရုပ်ရှင်နဲ့ပတ်သက်လို့ အတော်များများပြောဖြစ်ခဲ့ကြပါတယ်တဲ့။အစီအစဉ်တင်ဆက်သူ Park Kyung Lim က စလိုက်နောက်လိုက်နဲ့ရုပ်ရှင်အကြောင်းဆွေးနွေးပြီး သကာလ “Actor & Chatter” အစီအစဉ်ကိုအရင်ကလာခဲ့တဲ့ မင်းသမီး Park Bo Young က သူ့အတွက်မေးခွန်းတစ်ခုချန်ထားခဲ့တယ်ဆိုတဲ့အကြောင်းကိုရောက်သွားခဲ့ပါတယ်။


Park Bo Young က”တကယ်လို့ ကိုယ်ပိုင်ငွေနဲ့ရုပ်ရှင်တစ်ကားရိုက်ဖြစ်မယ်ဆိုရင် ဘယ်သူ့ကိုခေါင်းဆောင်အဖြစ်ရွေးမှာလဲ”ဆိုတဲ့မေးခွန်းမေးခဲ့တာပါ။အဲ့ဒီအခါမှာ Jo In Sung က “ကျွန်တော် ညီမ Bo Young ကိုရွေးချယ်ဖြစ်မှာပါ။ခေါင်းဆောင်မင်းသမီးအနေနဲ့ပေါ့။ကျွန်တော်တို့ တစ်ခါမှအတူတူတွဲပြီးသရုပ်မဆောင်ဖူးပေမဲ့ အပြင်မှာရင်းနှီးကြပါတယ်။ပြီးတော့ အနုပညာကြေးအနေနဲ့ဆိုရင် guarantee အစား running guarantee ကိုပေးမှာပါ”ဆိုပြီးပြောခဲ့ပါတယ်


Running Guarantee ဆိုတာ စာချုပ်ချုပ်ဆိုစဉ်က ငွေကြေးထက် ပိုများတဲ့ငွေပေါ့။ရုပ်ရှင်တစ်ကားလုံးအောင်မြင်မှုအတိုင်းအတာပေါ်မူတည်ပြီးအနုပညာကြေးပေးမယ်လို့ပြောခဲ့တာဖြစ်ပါတယ်။ခေါင်းဆောင်မင်းသားကိုတော့ သူနဲ့အခင်ဆုံးသူငယ်ချင်းညီအစ်ကိုတွေဖြစ်တဲ့ “Lee Kwang Soo နဲ့D.O ကိုစနောက်ပြီးရွေးမလိုလိုလုပ်ခဲ့ပါသေးတယ်။ပြီးတော့မှ”Kim Woo Bin ဒါပေမဲ့ သူက နည်းနည်းနေမကောင်းဖြစ်နေတယ်။ဒီတော့ Bo Young တကယ်လို့ညီမက ခေါင်းဆောင်မင်းသမီးနေရာမှာသရုပ်ဆောင်မယ်ဆို ကျွန်တော်ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်မယ်”ဆိုပြီးဖြေခဲ့ပါတယ်


ဒါရိုက်တာနဲ့ထုတ်လုပ်ရေးပိုင်းအကြောင်းဆွေးနွေးတဲ့အခါမှာတော့ Jo In Sung က “အခုတော့ ကျွန်တော်ကိုယ်တိုင်သရုပ်ဆောင်နေရတာနဲ့အလုပ်နည်းနည်းများနေပါတယ်။နောက်မှ ဒီလိုကိုယ်ပိုင်ရုပ်ရှင်ထုတ်ဖို့ လုပ်မှာပါ”ဆိုပြီးပြောခဲ့ပါတယ်။အခုလက်ရှိမှာ Jo In Sung က “The Great Battle” ဇာတ်ကားကိုNam Joo Hyuk ၊ Seolhyun ၊ Sung Dong Il ၊ Park Sung Woo တို့နဲ့တွဲဖက်ရိုက်ကူးထားပြီး စက်တင်ဘာ ၁၉ရက်နေ့မှာအကြိုပြသပွဲကျင်းပမှာပဲဖြစ်ပါတယ်


ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။