contents

သတင်းများ

City Of Lies ရုပ်ရှင်အမှုထမ်း တစ်ယောက်အား ကိုယ်ထိ လက်ရောက် တိုက်ခိုက်မှုဖြင့် ဂျွန်နီဒပ် တရားစွဲခံရ

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
ဂရပ်ခ်ျ၏ပြောကြားချက်အရ ဂျွန်ဒီဒပ်သည် အငြိုးတကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ သရုပ် ဆောင်များနှင့် ရိုက်ကူးရေး ဝန်ထမ်းများ ရှေ့တွင် ၎င်းအား အရှက်ရအောင်ထိုးခဲ့သည်ဟု သိရသည်။ အဆုံးသတ်တွင် အဆိုပါဖြစ်ရပ်အတွက် ဂျွန်နီဒပ်အား တရားစွဲဆိုခြင်းမပြုရန် ၎င်းအားလက်မှတ် ရေးထိုးခိုင်းမှုအား ငြင်းဆန်ခဲ့မှုအပြီး၌ သူ့အား အလုပ်မှထုတ်ခဲ့သည်ဟု ဂရပ်ခ်ျက အခိုင်အမာ ပြောခဲ့သည်။ ဂရပ်ခ်ျ၏ရှေ့နေက ''ကျွန်တော့်အမှုသည်က လာမည့်အနာဂတ်မှာ သူ့လိုအဖြစ်မျိုး တခြားလူတွေ မ ကြုံရအောင် ဂျွန်နီဒပ်ကို တရားစွဲရတာပါ''ဟု E!News သို့ ပြောကြားခဲ့သည်။
ဂျွန်နီဒပ်ဟာ အလွန်ထူးချွန်တဲ့ သရုပ် ဆောင်တစ်ယောက်။ အများနှင့်အကောင်းဆုံးပူးပေါင်း ဆောင်ရွက်နိုင်သူ၊ အခြားသော အနုပညာရှင်တွေကို အားပေးထောက်ခံသူပါ''ဟု ယခုဖြစ်ရပ် စတင်သတင်းထွက်ပေါ်လာချိန်တွင် City Of Lies  ဒါရိုက်တာ အရက်ဒ်ဖာမန်က ပြောကြားခဲ့သည်။ ''သူက ဝန်ထမ်းတွေကိုရော၊ သူ့အနားကလူတွေကိုပါ အဆုံးစွန်ထိ လေးစားသူတစ်ဦးပါ''ဟု အရက်ကဆိုခဲ့သည်။ ဆက်လက်၍ ၎င်းကပင် ''ရုပ်ရှင်ရိုက်ရတဲ့အလုပ်က အင်မတန်ဖိအားများတဲ့အလုပ်ပါ။ ဘာမဟုတ်တဲ့ ဖြစ်ရပ်လေးတွေကိုလည်း ဇာချဲ့ကြတဲ့ဖြစ်ရပ်ကလည်း မကြာခဏ ကြုံနေရတာပါ။ ကျွန်တော်တို့အားလုံး ပုံပြင်နား ထောင်ရတာ သဘောကျကြပါ တယ်။ ဒီမှာတော့ အဲဒီလိုပုံပြင်တွေ မရှိပါဘူး''ဟု ပြောကြားခဲ့သည်။
အေင်ခိုင်ထွန်း
Ref:E!News#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။