contents

သတင်းများ

အဆဲခံရလို့ Live ဘယ်တော့မှ မလွှင့်တော့ဘူးဆိုတဲ့ စမိုင်းလ်

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
ဖျော်ဖြေရေး
Akonthi

အနုပညာလောကမှာ ယခုအချိန်အထိ စမိုင်းလ်ကိုတော့ မိန်းကလေး ပရိသတ်တော်တော်များများက အားကျနေခဲ့ရတာပါ။ သမီးလေးနှစ်ယောက်မွေးထားပြီး ခင်ပွန်းသည်နဲ့အတူ ရိုမန့်တစ် ဆန်တတ်တာတွေကြောင့် ပရိသတ် အချစ်ပိုစေတာပဲ ဖြစ်ပါတယ်။


အဆဲခံရလို့ Live ဘယ်တော့မှ မလွှင့်တော့ဘူးဆိုတဲ့ စမိုင်းလ်

ကမ္ဘာ့အနှံ့ အလည်အပတ်သွားရောက်နေတာဖြစ်ပြီး စပိန်မှာ မြန်မာဝတ်စုံလေးနဲ့ Live လွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။ပွင့်ပွင့်လင်းလင်းနေထိုင်တတ်တဲ့ သူမရဲ့ Live လွှင့်ချိန်မှာပဲ အရူးမကြီး မြန်မာပြည်ကိုအရှက်ခွဲတယ်ဆိုတဲ့ Comment တွေကြောင့် နောက်ဘယ်တော့မှ Live မလွှင့်တော့ပါဘူး တဲ့လေ။ စမိုင်းလ်ကတော့ လက်ရှိမှာဆိုရင် ဂရိ၊ အီတလီ၊ စပိန်၊ ပြင်သစ် စတဲ့နိုင်ငံကြီးတွေကို မိသားစုတွေနဲ့အတူ သွားရောက်လည်ပတ်နေတာပဲ ဖြစ်ပါတယ်။


အဆဲခံရလို့ Live ဘယ်တော့မှ မလွှင့်တော့ဘူးဆိုတဲ့ စမိုင်းလ်

သူမဝတ်ဆင်ထားတဲ့ မြန်မာဝတ်စုံတွေကို ဒီဇိုင်နာ မေမြတ်ဝါဆိုက ဖန်တီးပေးထားတယ်လို့လည်း သိရပါတယ်။ ပြင်သစ်ကို ရောက်ရှိနေပြီဖြစ်တဲ့ စမိုင်းက ပြင်သစ်မှာတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပေါတော့မယ်တဲ့လေ။



- အ၀ါရောင်(အကုန်သိသတင်းဌာန)



ဓာတ်ပုံ– Smile Facebook 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။