Lotayamm

search
မာတိကာ

contents

သတင်းများ

Park Yoochun နဲ့ ပြတ်သွားပြီဆိုတဲ့သတင်းကို Hwang Hanaမှ ပြန်လည်ငြင်းဆို

နေ့ရက်:
May 17, 2018


အမျိုးအစား :
ဖျော်ဖြေရေး
Trend Myanmar








Instagram Photo






(Unicode)


JYJ မှ Park Yoochun နဲ့ Hwang Hana တို့ ပြတ်သွားပြီဆိုတဲ့ သတင်းပျံနှံ့ပြီးနောက် နာရီပိုင်းအကြာမှာ သတို့သမီးလောင်းလေးကတော့ ထိုသတင်းဟာ မမှန်ကန်ကြောင်းပြောထားပါတယ်။


ပရိတ်သတ်တွေက စိတ်မကောင်းစွာနဲ့ Hwang Hana ကို အင်စတာဂရမ်မှာသွားမေးတော့ သူမက ထိုသတင်းနဲ့ပတ်သတ်ပြီး စိတ်မကောင်းပါဘူးလို့ ပြန်ပြောထားပါတယ်။


” တက်လာတဲ့သတင်းတွေနဲ့ပတ်သတ်ပြီးတော့လည်း စိတ်မရှိကြပါနဲ့… အားလုံးက အလိမ်ညာတွေပါ ” လို့ Hwang Hana ကပြောပါတယ်။ ပြတ်သွားပြီလို့ သတင်းတွေထွက်တော့ နောက်တစ်ရက်အကြာမှာ Hwang Hana က သူတို့ နောက်ထပ်ဒိတ်နေကြောင်း ပို့စ်တစ်ခုတောင် အင်စတာဂရမ်မှာတင်ထားခဲ့ပါတယ်။


우리 @from_dami 다미네랑 두번째 #커플데이트 우리넷 너어어어어무 잘맞앙 낼은 우리 훠궈 #구스테이크 #에스카르고 #미트볼 #램스테이크 #매쉬포테이토 #맥앤치즈 내가 젤 져아하는 구스텍 #오레오쉐이크 # 다미야 마지막사진 너 옆라인 살짝 나오는데 죽인다 민효린같오


A post shared by @ shinebright_love0225 on May 13, 2018 at 9:50pm PDT


ပရိတ်သတ်တွေလည်း စိတ်ရှုပ်ပြီး ဘာကိုဘယ်လိုယုံကြည်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ တစ်ချို ့ကလည်း သူတို့ပြတ်သွားပြီဆိုတာကို လက်မခံချင်သေးလို့ ဆက်ဟန်ဆောင်နေတာများလား ဒါမှမဟုတ် ပရိတ်သတ်တွေရဲ့ အာရုံစိုက်မှုလိုချင်လို့လားဆိုပြီး ဝေဖန်နေကြပါပြီ။


Yoochun ရဲ့အေဂျင်စီကလည်း သူတို့နှစ်ယောက်ပြတ်သွားပြီဆိုတာကို အတည်ပြုလိုက်ပါပြီ။ဒါတောင်မှ Hwang Hana က ဘာလို့ဒီလိုတွေဆက်လုပ်နေမှန်း ပရိတ်သတ်တွေလည်း နားမလည်ဖြစ်နေရပါတယ်။



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။