Lotayamm

search
မာတိကာ

contents

သတင်းများ

ပရိသတ်တွေကိုရင်တလှပ်လှပ်ဖြစ်အောင် ရှော့ခ်ရစေခဲ့တဲ့ Krystal ရဲ့ PhotoBook

နေ့ရက်:
May 16, 2018


အမျိုးအစား :
ဖျော်ဖြေရေး
Trend Myanmar
















 









Unicode


တောင်ကိုရီးယားနိုင်ငံရဲ ့နာမည်ကျော်အဆိုတော်တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက် လည်းဖြစ်တဲ့ Krystal ဟာ သူမရဲ ့ပရိသတ်တွေအားလုံးကိုရှော့ခ်ရစေမယ့်အဖြစ်အပျက် တစ်ခုပေးခဲ့ပါတယ်။ဘာလဲဆိုတော့ ၂၀၁၇ တုန်းက ရိုက်ကူးခဲ့တဲ့သီချင်းရဲ ့PhotoBook က အင်တာနက်မှာပျံ့နှံ့လာခဲ့လို့ဖြစ်ပါတယ်။Krystal က အရင်တုန်းကဒီလိုဓာတ်ပုံတွေကို ပရိသတ်ရှေ့ချပြတာမျိုး တစ်ခါမှမလုပ်ခဲ့ဖူးလို့ ပရိသတ်တွေအားလုံးက အံ့သြနေကြပါတယ်။



Krystal ရဲ ့PhotoBook ထဲမှာပါနေတဲ့ဓာတ်ပုံတွေကတော့ MTV ရိုက်ကူးတုန်းက ဓာတ်ပုံတွေ၊ရေချိုးကန်ထဲမှာရိုက်ကူးထားတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။ရေချိုးကန်ထဲမှာရိုက်ကူးထားတဲ့ပုံတွေက ပရိသတ်တွေရင်တလှပ်လှပ်ဖြစ်စေပြီး ရှော့ခ်ရသွားစေခဲ့တဲ့ပုံတွေပဲဖြစ်ပါတယ်။ Krystal က အတွင်းခံ အကျီနဲ့အပေါ်အကျီလက်ရှည်ဆင်တူဝတ်ဆင်ထားပြီး Underwear သာဝတ်ဆင်ထားခဲ့ပါတယ်။



ဒီပုံတွေဟာ ၂၀၁၇ တုန်းက Kim Joon Woon နဲ့ ပူးပေါင်းသီဆိုထားတဲ့ “I Don’t Wanna Love You”သီချင်းမှာတစ်စိတ်တစ်ပိုင်းပါဝင်ခဲ့တာဖြစ်ပြီး Krystal က သူမရဲ့ဓာတ်ပုံတွေပါဝင်တဲ ့စာအုပ်ကို Boon The Shop ဆိုတဲ့ ဆိုင်မှာ ပထမဆုံးခင်းကျင်းပြသခဲ့တာဖြစ်ပါတယ်။



Krystal ရဲ ့ “I DON’T WANT TO LOVE YOU”Photobook မှာ Postcard တွေလည်းပါဝင်ပြီး Limited Edition အဖြစ်ရောင်းချခဲ့တာလည်းဖြစ်ပါတယ်။၂၀၁၇ တုန်းကရောင်းချခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှာ Photobook ထဲ က ဓာတ်ပုံတွေက အင်တာနက်မှာပြန်ပြီးရေပန်းစားပျံ့နှံ့လာခဲ့တာပါ။Krystal ရဲ ့လှပကြော့ရှင်းမှုကိုမြင်တွေ့ရနိုင်တဲ့ ပုံရိပ်လေးတွေကိုပရိသတ်တွေအတွက် ပြန်ပြီးမျှဝေလိုက်ပါတယ်။



 


 



နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။