Lotayamm
search
မာတိကာ
contents
သတင်းများ
ချစ်သူဖောက်ပြန်နေတာကို လက်ပူးလက်ကြပ်မိရင် ဘာလုပ်မလဲလို့ ဆောင်ဂျီဟိုကိုမေး ကြည့်တဲ့အခါ
နေ့ရက်:
May 14, 2018
အမျိုးအစား :
ဖျော်ဖြေရေး
Trend Myanmar
(Unicode)
ဆောင်ဂျီဟိုဟာ အေးဆေးနေတတ်တဲ့ မိန်းကလေးမျိုးပါ.. ဒါပေမယ့် သူမအပေါ်ဖောက်ပြန်ခဲ့ရင်တော့ …
ဆောင်ဂျီဟိုဟာ သူမအချစ်ရေးနဲ့ပတ်သတ်ရင် လူသိခံရမှာကို လုံးဝမကြောက်တတ်တဲ့သူမျိုးပါ။ ၂ဝ၁၂တုန်းက C-JeS Entertainment က စီအီးအို Baek Chang Ju နဲ့ ကြိုက်နေတယ်ဆို
ပြီး သတင်းတွေပလူပျံအောင်ထွက်ခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်း Baek Chang Ju နဲ့ပြတ်သွားပြီးနောက် တစ်ယောက်တည်းဘဝနဲ့ နေခဲ့တာတော်တော်လေးကြာခဲ့ပါပြီ။
ဒါပေမယ့် သူမချစ်သူသာ ဖောက်ပြန်ခဲ့မယ်ဆိုရင် သူမဘာလုပ်မိမလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုပြောပြခဲ့ပါတယ်။
” ကျွန်မအလုပ်လည်းလုပ်ရင်း ဘဝအတွက်မှန်ကန်တဲ့လက်တွဲဖော်ကိုလည်း စဉ်းစားနေပါတယ်။ ကျွန်မ တကယ်ချစ်တဲ့သူတွေ့ရင်တော့လက်ထပ်မယ်။ ယောကျ်ားတစ်ယောက်အတွက် ပူပန်နေရတဲ့ မိန်းမတော့မဖြစ်ချင်ဘူး။ ပျော်ပျော်ရွှင်ရွှင်ပဲနေချင်တာပါ။
လူတိုင်းအမှားနဲ့ မကင်းနိုင်ပါဘူး။ ဒါပေမယ့် တစ်ချို ့ကိစ္စတွေက ဖြစ်ချင်တန်လို့ဖြစ်တာထက် ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ပဲဆိုင်တယ်လို့ထင်တယ်။ ကျွန်မရှိနေရက်နဲ့ တခြားမိန်းမနဲ့လည်း တွေ့နေတယ်ဆိုရင်တော့ ခွင့်လွှတ်နိုင်မယ်မထင်ဘူး။ ဖောက်ပြန်နေပြီဆိုတာသိတာနဲ့ သူ့နောက်ကနေ တိတ်တခိုး မစုံစမ်းဘူး။ သက်သေတွေလည်း ရှာမနေဘူး။ မေးရုံပဲ မေးလိုက်မယ်။ ” လို့ ဆိုပါတယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။