contents

သတင္းမ်ား

သၾကၤန္မွာ အိမ္တြင္းေအာင္းမယ့္သူေတြအတြက္ ရုပ္ရွင္ကားေကာင္းမ်ား

ေန႔ရက္:
Apr 12, 2018


အမ်ိဳးအစား :
ေဖ်ာ္ေျဖေရး
Trend Myanmar

သၾကၤန္မွာ အိမ္တြင္းေအာင္းမယ့္သူေလးေတြရွိၾကလား? အျပင္လည္းထြက္မလည္ခ်င္ဘူး၊ အိမ္မွာပဲေအးေအးေဆးေဆးေနခ်င္တယ္ဆိုသူေတြအတြက္ ရုပ္ရွင္ကားေကာင္းေလးေတြကုိ ညႊန္းေပးခ်င္ပါတယ္။ဇာတ္လမ္းတြဲေတြဆိုၾကည့္ရတာ ရုိးသြားမွာစုိးလို႔ ရသစံုခံစား

ရေအာင္ ကုိရီးယားကားေတြေရာ၊ႏုိင္ငံျခားဇာတ္လမ္းတြဲေတြထဲကပါ ေရြးခ်ယ္ေပးခ်င္ပါတယ္။ Trailer ေလးေတြပါေဖာ္ျပေပးသြားမွာျဖစ္လို႔ဘယ္ရုပ္ရွင္ကားေကာင္းလဲဆုိတာ ကုိယ္တိုင္ေရြးခ်ယ္ၾကည့္ရႈႏုိင္ပါတယ္။သၾကၤန္တြင္းမွာ ရုပ္ရွင္ကားေကာင္းေလးေတြ ၾကည့္ျပီး ေပ်ာ္ရႊင္စြာျဖတ္သန္းႏုိင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္။


၁)Monster Hunt 2

ဒီရုပ္ရွင္ကားေလးကေတာ့ ၂၀၁၈မွာထြက္ရွိထားတဲ႔ တရုတ္ေဟာင္ေကာင္စြန္႔စားခန္း ရုပ္ရွင္ကားေလးျဖစ္ပါတယ္။ဒါရုိက္တာ Raman Hui ရုိက္ကူးထားတာျဖစ္ျပီး Tony Leung ၊ Bai Baihe ၊ Jing Boran ၊ Li Yuchun နဲ႔ Tony Yangတို႔အဓိကပါ၀င္သရုပ္ေဆာင္ထား တာျဖစ္ပါတယ္။ဒီဇာတ္ကားဟာဆိုရင္ ၂၀၁၅ခုႏွစ္ကထြက္ရွိခဲ႔တဲ႔ Monster Hunt ရဲ ႔ဇာတ္လမ္းအဆက္ပဲျဖစ္ပါတယ္။ဇာတ္လမ္းေဟာင္းေလးၾကည့္ျပီး ဇာတ္လမ္းအဆက္ မထြက္ေသးဘူးလားေတာင့္တေနတဲ႔ပရိသတ္ေတြအတြက္ေတာ့ အၾကိဳက္ပါပဲ။



၂)Finding Dory

ဒီကားေလးဟာ Animated ရုပ္ရွင္ကားေလးျဖစ္ျပီး ဒရာမာေရာ၊စြန္႔စားခန္းခရီးေတြ ပါ၀င္တဲ႔ ကာတြန္းကားေကာင္းေလးျဖစ္ပါတယ္။ဒါရုိက္တာ Andrew Stanton နဲ႔Angus MacLane တို ႔ပူးေပါင္္းရုိက္ကူးထားတာျဖစ္ပါတယ္။၂၀၀၃ခုႏွစ္တုန္းကထြက္ရွိခဲ႔တဲ႔ Finding Nemo ဇာတ္ကားေလးရဲ ႔အဆက္လည္းျဖစ္ပါတယ္။ဒီကာတြန္းကားေလးရဲ ႔ဇာတ္ေကာင္ Dory ေလးဟာ ငယ္္စဥ္ကတည္းက မိဘေတြနဲ႔ကြဲကြာသြားတဲ႔ငါးမေလးပါ။သူမ အရြယ္ေရာက္လာတဲ႔အခါမွာေတာ့

မိဘေတြကုိျပန္ရွာမယ္ဆိုတဲ႔စိတ္ေတြေပၚလာခဲ႔ပါတယ္။ဒါေပမဲ႔သူမဟာခဏေလးနဲ႔မွတ္ဥာဏ္ေမ့တတ္ တာေၾကာင့္ မိဘေတြကုိရွာဖုိ႔လုပ္လိုက္၊ျပန္ေမ့သြားလိုက္နဲ႔သံသရာလည္ေနရာကေန သားျဖစ္သူ Nemo ကုိရွာေနတဲ႔ Marlin clownfish ေလးနဲ႔ဆက္သြယ္မိခဲ႔ပါတယ္။သူတို႔ရဲ ႔တစ္ႏွစ္နီးပါးၾကာေအာင္ေနထုိင္ျပီးတဲ႔ေနာက္ Dory ဟာ သူမမွာမိဘေတြရွိေနေသး တဲ႔အေၾကာင္းျပန္သတိရျပီးထပ္ရွာဖို႔ သူမတို႔ေနထုိင္ရာကယ္လီဖိုးနီးယားသမုဒၵရာအလြန္က

ေနရာေလးကိုသြားမယ္ဆုိျပီး မိဘေပ်ာက္ရွာပံုေတာ္ဖြင့္ခဲ႔ပါတယ္။ရွာေနတဲ႔လမ္းတစ္ေလ်ွာက္ ဘယ္လို၀မ္းနည္းစရာေတြ၊အခက္အခဲေတြ၊ထိတ္လန္႔စရာေတြျမင္ေတြ႔ရမလဲဆိုတာ ကုိေတာ့ ၾကည့္ရႈသူေတြဆက္ျပီးခံစားႏုိင္ဖုိ႔ Trailer ေလးေဖာ္ျပေပးလိုက္ပါတယ္။



၃)The BFG

The BFG ဇာတ္ကားဟာ ၂၀၁၆ခုႏွစ္ကထြက္ရွိခဲ႔တဲ႔ စိတ္ကူးယဥ္စြန္႔စားခန္းရုပ္ရွင္ပံုစံျဖစ္ပါတယ္။ ဒါရိုက္တာ Steven Spielberg ရိုက္ကူးထားတာျဖစ္ျပီးMark Rylance ၊ Ruby Barnhill ၊ Penelope Wilton ၊ Jemaine Clement ၊ Rebecca Hall ၊ Rafe Spall နဲ႔ Bill Hader တို႔အဓိကပါ၀င္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။ဒီဇာတ္ကားထဲမွာ မိဘမဲ႔ေဂဟာမွာေနထုိင္တဲ႔ မိန္းကေလးငယ္ေလးနဲ႔ ၾကီးမားတဲ႔ဘီလူးၾကီးၾကားကသံေယာဇဥ္ကုိျမင္ေတြ႔ရမွာျဖစ္ပါတယ္။ အသက္ ၁၀ႏွစ္အရြယ္၊မိန္းကေလးငယ္ေလးဟာ လန္ဒန္ျမိဳ႔က မိဘမဲ႔ေဂဟာမွာေနထိုင္ေနရင္း တစ္ညမွာ ၾကီးမားတဲ႔ဘီလူးၾကီးကုိ ျပတင္းေပါက္ကေနလွမ္းျမင္ခဲ႔ပါတယ္။ဘီလူးၾကီးကလည္း သူ႔ကုိျမင္သြားတဲ႔မိန္းကေလးငယ္ေလးကုိ ဘီလူးတိုင္းျပည္ကုိဖမ္းေခၚသြားခဲ႔ျပီး သူနဲ႔အတူ ေနဖို႔၊သူမဟာ သူ႔ကုိျမင္ေတြ႔သြားျပီျဖစ္လို႔တစ္ျခားသူေတြကုိေလ်ွာက္ေျပာေနမွာကုိ ခြင့္မျပဳႏုိင္ဘူးဆုိျပီး သူ႔အနားမွာေခၚထားခဲ႔ပါတယ္။တစ္ျခားလူသားဘီလူးၾကီးေတြက အသားစားတတ္သူေတြျဖစ္ျပီးကေလးမေလးရဲ ႔အနံ႔ကုိရသြားတဲ႔အခါမွာေတာ့… ပရိသတ္ေတြရင္ခုန္ရေအာင္ Trailer ေလးေဖာ္ျပေပးလိုက္ပါတယ္။



၄)Gangnam Blues

Gangnam Blues ဇာတ္ကားဟာ ၂၀၁၅ခုႏွစ္ကထြက္ရွိခဲ႔တဲ႔ အက္ရွင္ဆန္ဆန္ဇာတ္လမ္း မ်ိဳးျဖစ္ပါတယ္။ ဒါရုိက္တာ Yoo Ha ရိုက္ကူးတာျဖစ္ျပီးအဓိကသရုပ္ေဆာင္ေတြကေတာ့ Lee Min-ho နဲ႔ Kim Rae-won တို႔ပဲျဖစ္ပါတယ္။ဒီဇာတ္ကားဟာ ၁၉၇၀ခုႏွစ္ကုိ အေျခတည္ျပီးရိုက္ကူးထားတာျဖစ္ပါတယ္။ကေလးဘ၀ကတည္းကခင္မင္ခဲ႔ၾကတဲ႔သူငယ္ခ်င္းႏွစ္ေယာက္ဟာ ဆင္းရဲႏြမ္းပါးသူေတြျဖစ္ၾကျပီး ေငြရဖို႔အတြက္ နုိင္ငံေရးတိုက္ပြဲေတြမွာ

ပါ၀င္လာခဲ႔ပါတယ္။တစ္ရက္မွာေတာ့ ကြဲကြာသြားခဲ႔ၾကျပီး သူငယ္ခ်င္းတစ္ေယာက္ဟာ ဂိုဏ္းစတားေခါင္းေဆာင္ရဲ႔ေမြးစားသားျဖစ္ခဲ႔ပါတယ္။ေနာက္တစ္ေယာက္ကေတာ့ ဆိုးလ္ျမိဳ႔ရဲ ႔အာဏာအရွိဆံုး ရာဇ၀တ္မႈေတြက်ဴးလြန္တဲ႔အဖြဲ႔အစည္းကုိေရာက္ခဲ့ပါတယ္။အက္ရွင္ကားျဖစ္လို႔ သူတို႔ႏွစ္ေယာက္ျပန္ဆုံေတြ႔ျပီး ေနာက္ပုိင္းဘယ္လိုေတြဆက္ျဖစ္ဦးမလဲဆိုတာကုိေတာ့ ပရိသတ္ၾကီးကုိယ္တိုင္ဆက္္ျပီးခံစားၾကည့္ပါဦး။



၅)Ok Jaanu

ဒီဇာတ္ကားေလးကေတာ့ ၂၀၁၇တုန္းကထြက္ရွိတဲ႔ အိႏၵိယအခ်စ္ဇာတ္လမ္းေလးပဲျဖစ္ပါတယ္။ ဒါရိုက္တာ Shaad Ali ရိုက္ကူးထားတာျဖစ္ျပီးAditya Roy Kapur နဲ႔ Shraddha Kapoor တုိ႔ကေခါင္းေဆာင္ပါ၀င္ထားပါတယ္။လူငယ္ေတြကိုပံ့ပုိးေပးဖုိ႔အတြက္ Naseeruddin Shah နဲ႔ Leela Samson တို႔ကလည္း လူၾကီးစံုတြဲအျဖစ္ ပါ၀င္ထားပါတယ္။ဒီဇာတ္ကားမွာ မင္းသား Adi ဟာ ဗီဒီယုိဂိမ္းတီထြင္ဖန္တီးသူတစ္ေယာက္ျဖစ္ပါတယ္။သူဟာ တစ္ေန႔ယူအက္စ္အထိေအာင္ျမင္ တဲ႔ဗီဒီယုိဂိမ္းတီထြင္သူတစ္ေယာက္ျဖစ္ရမယ္ဆိုတဲ႔ရည္ရြယ္ခ်က္ရွိသူျဖစ္ပါတယ္။မင္းသမီးကေတာ့ အင္ဂ်င္နီယာတစ္ေယာက္ျဖစ္ျပီး ပဲရစ္မွာပညာဆက္လက္သင္ယူဖုိ႔ဆႏၵရိွထားသူျဖစ္ပါတယ္။ သူတုိ႔ႏွစ္ေယာက္ဟာ သူငယ္ခ်င္းရဲ႔မဂၤလာေဆာင္မွာေတြ႔ခဲ႔ၾကျပီးခ်စ္သူေတြျဖစ္ခဲ႔ၾကပါတယ္။ ခ်စ္သူေတြျဖစ္ျပီးေနာက္ မင္းသမီး Tara ဟာ Adi ေနတဲ႔အိမ္မွာအတူတူလိုက္ေနျပီး ေန႔ရက္ေတြကုိေပ်ာ္ရႊင္စြာျဖတ္သန္းခဲ႔ၾကပါတယ္။ႏွစ္ေယာက္လံုးက ရည္္ရြယ္ခ်က္ၾကီးမား သူေတြျဖစ္သလို လက္ထပ္ဖို႔အေၾကာင္းကုိလည္းေခါင္းထဲမထည့္ထားသူေတြျဖစ္ပါတယ္။ဒါေပမဲ႔ အတူတူေနတာၾကာလာတာနဲ႔အမ်ွ သံေယာဇဥ္ေတြကၾကီးမားလာသလို သူတို႔အတူေနတဲ့အိမ္က လူၾကီးစံုတြဲရဲ႔ ၾကီးမားတဲ႔ေမတၱာတရားကလည္း သူတို႔ရဲ ႔သံေယာဇဥ္ကုိပံ႔ပုိးေနပါတယ္။ ႏွစ္ေယာက္လံုး ရဲ ႔ရည္ရြယ္ခ်က္အတိုင္းျဖစ္လာတဲ႔အခါမွာ သူတုိ႔ႏွစ္ေယာက္္ တကယ္ပဲေအးေဆးလမ္းခြဲျပီးထြက္သြားႏုိင္ၾကမွာလား?သူတို႔ႏွစ္ေယာက္ရဲ ႔အခ်စ္၊ လူၾကီးစံုတြဲရဲ ႔မထင္မွတ္ထားတဲ႔အလွည့္အေျပာင္းေတြက သူတို႔ကုိဘယ္လိုေတြေျပာင္းလဲေစခဲ႔မလဲဆိုတာ trailer ေလးၾကည့္ျပီးရင္ခုန္ေပးၾကပါဦး။



Unicode


သင်္ကြန်မွာအိမ်တွင်းအောင်းမယ့်သူလေးတွေရှိကြလား?အပြင်လည်းထွက်မလည်ချင်ဘူး၊အိမ်မှာပဲအေးအေးဆေးဆေးနေချင်တယ်ဆိုသူတွေအတွက် ရုပ်ရှင်ကားကောင်းလေးတွေကို ညွှန်းပေးချင်ပါတယ်။ဇာတ်လမ်းတွဲတွေဆိုကြည့်ရတာ ရိုးသွားမှာစိုးလို့ ရသစုံခံစား

ရအောင် ကိုရီးယားကားတွေရော၊နိုင်ငံခြားဇာတ်လမ်းတွဲတွေထဲကပါ ရွေးချယ်ပေးချင်ပါတယ်။ Trailer လေးတွေပါဖော်ပြပေးသွားမှာဖြစ်လို့ဘယ်ရုပ်ရှင်ကားကောင်းလဲဆိုတာ ကိုယ်တိုင်ရွေးချယ်ကြည့်ရှုနိုင်ပါတယ်။သင်္ကြန်တွင်းမှာ ရုပ်ရှင်ကားကောင်းလေးတွေ ကြည့်ပြီး ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။


၁)Monster Hunt 2

ဒီရုပ်ရှင်ကားလေးကတော့ ၂၀၁၈မှာထွက်ရှိထားတဲ့ တရုတ်ဟောင်ကောင်စွန့်စားခန်း ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ဒါရိုက်တာ Raman Hui ရိုက်ကူးထားတာဖြစ်ပြီး Tony Leung ၊ Bai Baihe ၊ Jing Boran ၊ Li Yuchun နဲ့ Tony Yangတို့အဓိကပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။ဒီဇာတ်ကားဟာဆိုရင် ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ Monster Hunt ရဲ ့ဇာတ်လမ်းအဆက်ပဲဖြစ်ပါတယ်။ဇာတ်လမ်းဟောင်းလေးကြည့်ပြီး ဇာတ်လမ်းအဆက် မထွက်သေးဘူးလားတောင့်တနေတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်ပါပဲ။


၂)Finding Dory

ဒီကားလေးဟာ Animated ရုပ်ရှင်ကားလေးဖြစ်ပြီး ဒရာမာရော၊စွန့်စားခန်းခရီးတွေ ပါဝင်တဲ့ ကာတွန်းကားကောင်းလေးဖြစ်ပါတယ်။ဒါရိုက်တာ Andrew Stanton နဲ့Angus MacLane တို ့ပူးပေါင််းရိုက်ကူးထားတာဖြစ်ပါတယ်။၂၀၀၃ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Finding Nemo ဇာတ်ကားလေးရဲ ့အဆက်လည်းဖြစ်ပါတယ်။ဒီကာတွန်းကားလေးရဲ ့ဇာတ်ကောင် Dory လေးဟာ ငယ််စဉ်ကတည်းက မိဘတွေနဲ့ကွဲကွာသွားတဲ့ငါးမလေးပါ။သူမ အရွယ်ရောက်လာတဲ့အခါမှာတော့

မိဘတွေကိုပြန်ရှာမယ်ဆိုတဲ့စိတ်တွေပေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူမဟာခဏလေးနဲ့မှတ်ဉာဏ်မေ့တတ် တာကြောင့် မိဘတွေကိုရှာဖို့လုပ်လိုက်၊ပြန်မေ့သွားလိုက်နဲ့သံသရာလည်နေရာကနေ သားဖြစ်သူ Nemo ကိုရှာနေတဲ့ Marlin clownfish လေးနဲ့ဆက်သွယ်မိခဲ့ပါတယ်။သူတို့ရဲ ့တစ်နှစ်နီးပါးကြာအောင်နေထိုင်ပြီးတဲ့နောက် Dory ဟာ သူမမှာမိဘတွေရှိနေသေး တဲ့အကြောင်းပြန်သတိရပြီးထပ်ရှာဖို့ သူမတို့နေထိုင်ရာကယ်လီဖိုးနီးယားသမုဒ္ဒရာအလွန်က

နေရာလေးကိုသွားမယ်ဆိုပြီး မိဘပျောက်ရှာပုံတော်ဖွင့်ခဲ့ပါတယ်။ရှာနေတဲ့လမ်းတစ်လျှောက် ဘယ်လိုဝမ်းနည်းစရာတွေ၊အခက်အခဲတွေ၊ထိတ်လန့်စရာတွေမြင်တွေ့ရမလဲဆိုတာ ကိုတော့ ကြည့်ရှုသူတွေဆက်ပြီးခံစားနိုင်ဖို့ Trailer လေးဖော်ပြပေးလိုက်ပါတယ်။


၃)The BFG

The BFG ဇာတ်ကားဟာ ၂၀၁၆ခုနှစ်ကထွက်ရှိခဲ့တဲ့ စိတ်ကူးယဉ်စွန့်စားခန်းရုပ်ရှင်ပုံစံဖြစ်ပါတယ်။ ဒါရိုက်တာ Steven Spielberg ရိုက်ကူးထားတာဖြစ်ပြီးMark Rylance ၊ Ruby Barnhill ၊ Penelope Wilton ၊ Jemaine Clement ၊ Rebecca Hall ၊ Rafe Spall နဲ့ Bill Hader တို့အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ မိဘမဲ့ဂေဟာမှာနေထိုင်တဲ့ မိန်းကလေးငယ်လေးနဲ့ ကြီးမားတဲ့ဘီလူးကြီးကြားကသံယောဇဉ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ အသက် ၁ဝနှစ်အရွယ်၊မိန်းကလေးငယ်လေးဟာ လန်ဒန်မြို့က မိဘမဲ့ဂေဟာမှာနေထိုင်နေရင်း တစ်ညမှာ ကြီးမားတဲ့ဘီလူးကြီးကို ပြတင်းပေါက်ကနေလှမ်းမြင်ခဲ့ပါတယ်။ဘီလူးကြီးကလည်း သူ့ကိုမြင်သွားတဲ့မိန်းကလေးငယ်လေးကို ဘီလူးတိုင်းပြည်ကိုဖမ်းခေါ်သွားခဲ့ပြီး သူနဲ့အတူ နေဖို့၊သူမဟာ သူ့ကိုမြင်တွေ့သွားပြီဖြစ်လို့တစ်ခြားသူတွေကိုလျှောက်ပြောနေမှာကို ခွင့်မပြုနိုင်ဘူးဆိုပြီး သူ့အနားမှာခေါ်ထားခဲ့ပါတယ်။တစ်ခြားလူသားဘီလူးကြီးတွေက အသားစားတတ်သူတွေဖြစ်ပြီးကလေးမလေးရဲ ့အနံ့ကိုရသွားတဲ့အခါမှာတော့… ပရိသတ်တွေရင်ခုန်ရအောင် Trailer လေးဖော်ပြပေးလိုက်ပါတယ်။


၄)Gangnam Blues

Gangnam Blues ဇာတ်ကားဟာ ၂၀၁၅ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဆန်ဆန်ဇာတ်လမ်း မျိုးဖြစ်ပါတယ်။ ဒါရိုက်တာ Yoo Ha ရိုက်ကူးတာဖြစ်ပြီးအဓိကသရုပ်ဆောင်တွေကတော့ Lee Min-ho နဲ့ Kim Rae-won တို့ပဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ၁၉ရဝခုနှစ်ကို အခြေတည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ကလေးဘဝကတည်းကခင်မင်ခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ဟာ ဆင်းရဲနွမ်းပါးသူတွေဖြစ်ကြပြီး ငွေရဖို့အတွက် နိုင်ငံရေးတိုက်ပွဲတွေမှာ

ပါဝင်လာခဲ့ပါတယ်။တစ်ရက်မှာတော့ ကွဲကွာသွားခဲ့ကြပြီး သူငယ်ချင်းတစ်ယောက်ဟာ ဂိုဏ်းစတားခေါင်းဆောင်ရဲ့မွေးစားသားဖြစ်ခဲ့ပါတယ်။နောက်တစ်ယောက်ကတော့ ဆိုးလ်မြို့ရဲ ့အာဏာအရှိဆုံး ရာဇဝတ်မှုတွေကျူးလွန်တဲ့အဖွဲ့အစည်းကိုရောက်ခဲ့ပါတယ်။အက်ရှင်ကားဖြစ်လို့ သူတို့နှစ်ယောက်ပြန်ဆုံတွေ့ပြီး နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ဆက််ပြီးခံစားကြည့်ပါဦး။


၅)Ok Jaanu

ဒီဇာတ်ကားလေးကတော့ ၂၀၁ရတုန်းကထွက်ရှိတဲ့ အိန္ဒိယအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဒါရိုက်တာ Shaad Ali ရိုက်ကူးထားတာဖြစ်ပြီးAditya Roy Kapur နဲ့ Shraddha Kapoor တို့ကခေါင်းဆောင်ပါဝင်ထားပါတယ်။လူငယ်တွေကိုပံ့ပိုးပေးဖို့အတွက် Naseeruddin Shah နဲ့ Leela Samson တို့ကလည်း လူကြီးစုံတွဲအဖြစ် ပါဝင်ထားပါတယ်။ဒီဇာတ်ကားမှာ မင်းသား Adi ဟာ ဗီဒီယိုဂိမ်းတီထွင်ဖန်တီးသူတစ်ယောက်ဖြစ်ပါတယ်။သူဟာ တစ်နေ့ယူအက်စ်အထိအောင်မြင် တဲ့ဗီဒီယိုဂိမ်းတီထွင်သူတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။မင်းသမီးကတော့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ပဲရစ်မှာပညာဆက်လက်သင်ယူဖို့ဆန္ဒရှိထားသူဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းရဲ့မင်္ဂလာဆောင်မှာတွေ့ခဲ့ကြပြီးချစ်သူတွေဖြစ်ခဲ့ကြပါတယ်။ ချစ်သူတွေဖြစ်ပြီးနောက် မင်းသမီး Tara ဟာ Adi နေတဲ့အိမ်မှာအတူတူလိုက်နေပြီး နေ့ရက်တွေကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပါတယ်။နှစ်ယောက်လုံးက ရည််ရွယ်ချက်ကြီးမား သူတွေဖြစ်သလို လက်ထပ်ဖို့အကြောင်းကိုလည်းခေါင်းထဲမထည့်ထားသူတွေဖြစ်ပါတယ်။ဒါပေမဲ့ အတူတူနေတာကြာလာတာနဲ့အမျှ သံယောဇဉ်တွေကကြီးမားလာသလို သူတို့အတူနေတဲ့အိမ်က လူကြီးစုံတွဲရဲ့ ကြီးမားတဲ့မေတ္တာတရားကလည်း သူတို့ရဲ ့သံယောဇဉ်ကိုပံ့ပိုးနေပါတယ်။ နှစ်ယောက်လုံး ရဲ ့ရည်ရွယ်ချက်အတိုင်းဖြစ်လာတဲ့အခါမှာ သူတို့နှစ်ယောက်် တကယ်ပဲအေးဆေးလမ်းခွဲပြီးထွက်သွားနိုင်ကြမှာလား?သူတို့နှစ်ယောက်ရဲ ့အချစ်၊ လူကြီးစုံတွဲရဲ ့မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေက သူတို့ကိုဘယ်လိုတွေပြောင်းလဲစေခဲ့မလဲဆိုတာ trailer လေးကြည့်ပြီးရင်ခုန်ပေးကြပါဦး။


ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။