Lotayamm

search
မာတိကာ

contents

သတင်းများ

အဆိုတော်/ သရုပ်ဆောင် စန္ဒီမြင့်လွင်နှင့် ကိုသီဟလွင်တို့၏ စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားပွဲ နိုဗိုတယ် ဟိုတယ်တွင် ပြုလုပ်

နေ့ရက်:
Mar 12, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
အဆိုပါမင်္ဂလာပွဲတွင် စုလျားရစ် ပတ်ထိန်းမြားခြင်းမင်္ဂလာ နာယကအဖြစ် လွယ်ဟိန်း ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် ဇနီးတို့က ဆောင်ရွက်ခဲ့ကြပြီး မင်္ဂလာပွဲသို့တက်ရောက်လာသည့် အနုပညာရှင်များထဲမှ အဆိုတော်ချိုပြုံး၊ R ဇာနည်၊ ခင်ဘုဏ်းနှင့် အခြားအဆိုတော်များမှ တေးသီချင်းများဖြင့် သီဆိုဂုဏ်ပြု သီဆိုဖျော်ဖြေပေးခဲ့ကြပြီး သတို့သားအရံများအဖြစ် သရုပ်ဆောင် မင်းသွေး၊ အဆိုတော် X Box၊ အဆိုတော် AR-T၊ မော်ဒယ်ဆန်းတိုး နိုင်၊ မင်္ဂလာပန်းကြဲအဖြစ် သရုပ်ဆောင်သင်ဇာဝင့်ကျော်၊ သတို့သမီးအရံများအဖြစ် အဆိုတော်ဂျင်းနီ၊ သရုပ်ဆောင်မေမြင့်မိုရ်၊ သရုပ် ဆောင် အေးမြတ်သူ၊ သရုပ် ဆောင်အိချောပိုတို့က ပါဝင်လုပ်ဆောင်ပေးထား ကြောင်းသိရသည်။
အဆိုတော်အနဂ္ဂက ''ကျွန်တော်တို့က ဒီးဒီ (စန္ဒီမြင်လွင့်)တို့နဲ့ကလည်း တော်တော်ကိုရင်းနှီးတော့ တက်ရောက်ဖြစ်ပါတယ်။ ဆု တောင်းစကားလေးပြောချင်တာက တော့ ချစ်ခြင်းကပဲ အခြေခံတယ်။ နောက် နှစ်ယောက်ကနေ တစ်ယောက်ဖြစ်အောင် စိတ်တူကိုယ်တူဖြစ်ပါစေ။ နှစ်ပေါင်းများစွာ ချစ်ချစ်ခင်ခင် ပေါင်းသင်းပြီး ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ရရှိပါစေလို့ ဆုတောင်းပါတယ်။ အိမ်ထောင်ရေးဆိုတာကလည်း အမြဲတမ်း ပျော်စရာတွေပဲမဟုတ်သလို အမြဲစိတ်ညစ်နေစရာလည်း မဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုက အရေးကြီးတယ်။ နောက် ဒီးဒီကိုလည်း အနုပညာအလုပ်တွေ ရှေ့ဆက်လုပ်သွားဖို့ လည်း ပြောချင်ပါတယ်''ဟုပြောသည်။ 
KZYH
#democracytoday

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။