contents

သတင်းများ

အချစ်နဲ့ ကွာရှင်းမယ်''ဆိုတဲ့ ရွှေထိုက်

နေ့ရက်:
Feb 27, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
''အခွေလေးထဲမှာကတော့ ရွှေထိုက်ကိုယ်တိုင်ရေးထားတဲ့ သီချင်းလေး တွေပဲဖြစ်ပါတယ်။ အခွေနာမည်ကိုတော့ ''အချစ်နဲ့ကွာရှင်းမယ်''ဆိုတဲ့နာမည် လေး ပေးထားပါတယ်။ ကိုယ်တိုင်ရေးထားတဲ့သီချင်းလေးတွေက အများကြီး ရှိပါသေးတယ်။ ပရိသတ်တွေကို အခုတော့ အခွေထဲမှာပါတဲ့ သီချင်းအကြောင်း အရာလေးတွေကိုပြောပြီး မကြေညာချင်ဘူး။ ပရိသတ်တွေကိုယ်တိုင်နားထောင် ကြည့်စေချင်ပါတယ်။ သီချင်းအဟောင်းလေးသုံးပုဒ်ကိုလည်း ပြန်ထည့်ထားပါတယ်။ အခွေထွက်ရင်လည်း Audio CD ရော MTV ပါ တစ်ခါတည်းတွဲပြီး တော့ထွက်ဖြစ်မှာပါ။ သီချင်းအနေနဲ့ကတော့ ၁ဝ ပုဒ်ပါပါတယ်။ MTV ကို လည်း ကိုနိုင်ဇော်(ဂစ်တာနိုင်ဇော်)ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီးရိုက်ပေးထားတာဖြစ်ပါတယ်''လို့ ရွှေထိုက်ကအခွေနဲ့ပတ်သက်ပြီးပြောပါတယ်။
နောက်ပိုင်းမှာလည်း အဆိုပိုင်းရော အရေးပိုင်းမှာပါ ပြန်လည်တွေ့မြင် ရတော့မှာပါလို့ ရွှေထိုက်ကဆိုပါတယ်။ ''ကြားထဲမှာကတော့ အနုပညာအလုပ်တွေမလုပ်ဖြစ်တာတော့ မဟုတ်ပါဘူး။ လုပ်ဖြစ်တာကတော့ သီချင်းတွေဆိုတာထက် သီချင်းတွေရေးဖြစ်နေတာပိုများပါတယ်။ သူများတွေကိုရေးပေးတဲ့ သီချင်းတွေလည်းရှိပါတယ်။ ကိုယ့်အတွက်ရေးထားတဲ့ သီချင်းတွေလည်းရှိပါတယ်။ သူများတွေကို သီချင်း တွေ ရေးပေးတယ်ဆိုတာကလည်း လာအပ်တဲ့သီချင်းမျိုးတွေကို ရေးပေးဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ်မှာရေးပြီးသား သီချင်းလေး တွေကိုဆိုဖြစ်သွားကြတာများပါတယ်။ အရေးပိုင်းကတော့ ဖြေရရင် ကိုယ်အဆိုတော်မဖြစ်ခင်ကတည်းက သီချင်းတွေရေးဖြစ်တယ်''လို့ ဆက်လက်ပြောပြခဲ့ပါတယ်။
KZYH#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။