Lotayamm

search
မာတိကာ

contents

သတင်းများ

'သရုပ်ဆောင်တဲ့ အချိန်မှာတော့ ဖျော်ဖြေပွဲတွေမှာ မြင်တွေ့ရတဲ့ အမွန်းပုံစံကို မြင်တွေ့ရမှာ မဟုတ်ပါဘူး' - အမွန်း

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
မေး-ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကား ကြီးရိုက်ကူးပြီး နောက်ပိုင်းရုပ်ရှင် ဇာတ်ကားတွေရိုက်ကူးဖို့ လာကမ်း လှမ်းလာတာမျိုးရောရှိလား။
ဖြေ- တချို့ဇာတ်လမ်းတွေ ကမ်း လှမ်းလာတာတွေကိုတော့ အမွန်း အကြောင်းအမျိုးမျိုးကြောင့် မရိုက် ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီနှစ်ထဲမှာ တော့ အမွန်း သရုပ်ဆောင်ဆက် လုပ်သွားဖို့အတွက် လက်ခံထား တဲ့အပိုင်းလေးတွေလည်းရှိပါ တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ နည်းနည်းစောနေသေးလို့ သေ ချာသွားရင်တော့ ပြောမှာပါ။
 
မေး-ဂီတနဲ့သရုပ်ဆောင်အလုပ်မှာ ဘယ်လိုမျိုးမတူတဲ့ အမွန်းရဲ့ ပုံစံ တွေကိုမြင်တွေ့ရမလဲ။
ဖြေ-သရုပ်ဆောင်တဲ့အချိန်မှာ တော့ ဖျော်ဖြေပွဲတွေမှာ မြင်တွေ့ ရတဲ့အမွန်းပုံစံကိုမြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါကတော့ အားလုံးသိပြီးသားဖြစ်မှာပါ။ ရုပ်ရှင်မှာကျတော့ သဏ္ဌာန်လုပ်သရုပ်တူရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဇာတ်ညွှန်းထဲကအတိုင်းပဲ အမွန်းကို မြင်တွေ့ရမှာပါ။ အဲဒီတော့ ဖျော်ဖြေပွဲတွေမှာဖျော်ဖြေနေတဲ့ အမွန်းနဲ့မတူတဲ့ အမွန်းကိုရုပ်ရှင် တွေမှာ မြင်တွေ့ရမှာပါ။ အမွန်းရဲ့ ကာရိုက်တာ နေပုံထိုင်ပုံကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ အမွန်းစကား ပြောတဲ့ပုံစံတွေ၊ သွားလာတဲ့ပုံစံတွေကတော့ ရုပ်ရှင်မှာလည်း ဒီပုံစံအတိုင်းပဲဖြစ်မှာပဲ။ သရုပ်ဆောင်တိုင်းမှာတော့ သူတို့ရဲ့အထာဆိုတာရှိပါတယ်။ အမွန်းရဲ့ အထာကတော့ ပျောက်သွားမှာမဟုတ်ပါဘူး။ စင်ပေါ်မှာဖျော်ဖြေတဲ့ အမွန်းကတော့ မူလပုံစံအမွန်းဖြစ်မှာပေါ့ နော်။
 
မေး-ဇာတ်ကားရိုက်ကူးဖို့ လာ ကမ်းလှမ်းရင် ဘယ်လိုကာရိုက်တာ မျိုးတွေလာကမ်းလှမ်းတာများလဲ။
ဖြေ-အမွန်းကို လာကမ်းလှမ်းရင် နည်းနည်းလေး ဆိုးဆိုးဆတ်ဆတ် လေးရှိတဲ့ပုံစံမျိုးလေးတွေဆိုရင် လာကမ်းလှမ်းတာများတယ်။ ပြီး တော့ အက်ရှင်နဲ့ပတ်သက်ရင်လည်းလာကမ်းလှမ်းပါတယ်။ အမွန်းရဲ့ပုံစံကိုက တက်တက်ကြွ ကြွနဲ့ဖျတ်ဖျတ်လတ်လတ်နဲ့ အရမ်း အေးတဲ့ဘက်မသွားတဲ့အခါကျ တော့ အမွန်းကိုမြင်လိုက်လို့ရှိရင် အားလုံးကအသွက်ဘက်တွေ အမာဘက်တွေလာကမ်းလှမ်းကြတာများပါတယ်။ အမွန်းကတော့ အမွန်းကိုယုံကြည်ပြီးတော့ အပ်လာတဲ့ဇာတ်လမ်းတွေထဲကမှ ကိုယ်တိုင်လည်း သဘောကျပြီး တော့ ပါဝင်သရုပ်ဆောင်ချင်တယ် ဆိုဘယ်ဟာမျိုးကိုမဆို လူ့အ ကြောင်းတွေကို ထင်ဟပ်ပြစေတဲ့ အရာတွေကို သရုပ်ဆောင်ချင်ပါတယ်။
NN
#democracytoday