Lotayamm

search
မာတိကာ

contents

သတင်းများ

''ဗီဒီယိုရဲ့ အကျင့်တွေ ရှိနေသေးတဲ့ သရုပ်ဆောင်တွေ ဒါရိုက်တာတွေ ရှိနေတယ်။ အဲဒီလူတွေကျတော့ Pre ဆိုတာကို အလုပ်အပိုတစ်ခုလို့ ထင်နေကြတယ်'' နေတိုး

နေ့ရက်:
Feb 13, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
မေး- အခုနောက်ပိုင်းဆိုရင် ရုပ်ရှင်ဇာတ်ကားကြီး မရိုက်ကူးခင်ကတည်းက Pre Production လုပ်လာကြတယ်။ အဲဒီအပေါ်မှာ ရော ဘယ်လိုရလဒ်ကောင်းမျိုး တွေထွက်ပေါ်လာနိုင်မလဲ။
ဖြေ- Pre Production ကို ကျွန်တော်တို့က ဇာတ်ကားမရိုက်ကူးခင် တစ်လလောက်ကြိုတင်ပြီး တော့ အချိန်ယူပြင်ဆင်ရမယ်။ပုံမှန်အားဖြင့် သုံးလလောက်အချိန်ယူရတာ။ ဒီမှာက ကျွန်တော်စ လုပ်တာဖြစ်တဲ့အတွက် တစ်လ လောက်တော့ အချိန်ပေးသင့်တယ်။ အခုတော့လက်ရှိဈေးကွက်ဝင် သရုပ်ဆောင်တချို့က တော့ ငါးရက်ခြောက်ရက်လောက် အချိန်ပေးပြီးတော့ Pre ကိုလုပ်လာကြတာကို တွေ့ရတယ်။ တချို့ ကလည်း မလုပ်ကြသေးဘူးပေါ့ နော်။ ပွဲတွေကသလိုမျိုးပေါ့နော်။ကိုယ်သရုပ်ဆောင်ရမယ့် ကာရိုက်တာအတွက်ကို အကြိမ်ကြိမ်ဆွေး နွေးအကြိမ်ကြိမ်သရုပ်ဆောင် ကြည့်ပေါ့နော်။ နောက်မှ လိုတိုးပို လျှော့လုပ်ပေါ့နော်။ ရှူတင်တစ်ခုရဲ့ ကုန်ကျစရိတ်ဆိုတာတစ်ရက် တစ်ရက်ကို မနည်းဘူး။ တစ်ရက်ကို သိန်းသုံးဆယ်ဝန်းကျင်လောက်ရှိတယ်။ ဒီအပေါ်မှာ အချိန်ကုန် သက်သာအောင် Pre မှာတင်အချိန်ယူပြီး လုပ်လာမယ်ဆိုရင် ပို ပြီးတော့ တိကျသေချာတဲ့ ဒါရိုက်တာလိုချင်တဲ့ ပုံစံကိုညှိလို့ရမယ်။ကိုယ်လုပ်ချင်တဲ့ပုံစံ၊ လိုချင်တဲ့ ပုံစံကိုလည်း ပြုပြင်ပြောင်းလဲလို့ရမယ်။ နောက်ပိုင်းမှာတော့ ပိုပြီး တော့ သေသပ်တဲ့ရုပ်ရှင်ဇာတ်ကား တွေထွက်လာမှာပါ။
 
မေး- တချို့သောအနုပညာရှင် တွေကျတော့လည်း Pre အတွက်ကို အချိန်မပေးနိုင်ကြတာတွေရှိတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမျိုးတိုက်တွန်းချင်လဲ။
ဖြေ- ကျွန်တော်တို့ကတော့ Pre ကိုစပြီးတော့ လုပ်ခဲ့တဲ့သရုပ်ဆောင်လို့ပြောရမယ်။ တချို့သော သရုပ် ဆောင်တွေကျတော့ ဗီဒီယိုရဲ့အ ကျင့်တွေရှိနေသေးတဲ့ သရုပ်ဆောင် တွေ ဒါရိုက်တာတွေရှိနေတယ်။အဲဒီလူတွေကျတော့ Pre ဆိုတာကို အလုပ်အပိုတစ်ခုလို့ ထင်နေ ကြတယ်။ တကယ်တမ်းပြောင်းလဲ ဖို့အတွက် ကြိုးစားကြမယ်ဆိုရင် ပရိသတ်ဆီကို ရောက်တဲ့အခါမှာ ရလဒ်ကောင်းလိုချင်တယ်ဆိုရင် အချိန်ပေးပြီးတော့တက်ညီလက်ညီစုစုစည်းစည်းသွားနိုင်အောင် ကြိုးစားရမယ်။ ကျွန်တော်ကတော့ ရုပ်ရှင်ဇာတ်ကားတိုင်းလိုလို Pre လုပ်တယ်။ Pre လုပ်လို့မရတဲ့ ဇာတ်ကားဆိုတာ မရှိဘူး။ Pre လုပ်စရာမလိုဘူးဆိုတာမျိုး မရှိဘူး။ ဒါလုပ်မှကောင်းမယ်ဆိုတာသိနေရက်နဲ့ မလုပ်တဲ့သရုပ်ဆောင် တွေကို ကျွန်တော်ကတော့ တိုက်တွန်းချင်တယ်။ ဒီအလုပ်တစ်ခု ပေါ်မှာ ရေရှည်ရပ်တည်ချင်တယ်ဆိုရင်တော့ပရိသတ်ပေါ်မှာစေ တနာထားပေးကြပါလို့။
 
မေး- ဆင်ဆာမူဝါဒလျှော့ပေါ့ ပေးဖို့အတွက် တောင်းဆိုနေကြ တာတွေလည်း ရှိတဲ့အခါကျတော့ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ဆင်ဆာနဲ့ပတ်သက်ပြီးတော့ ဘယ် လိုပုံစံမျိုးဖြစ်ချင်တာရှိလဲ။
ဖြေ- ဆင်ဆာကတော့ အဓိကက လွတ်လပ်မှုပေါ်မှာ အသိတစ် ခုပေါ့နော်။ ဖန်တီးတဲ့သူတွေကလည်း ပရိသတ်ဆီကိုသွားမယ်အ ကြောင်းအရာတွေက ရုပ်ရှင်တစ် ကားအရ ဖြစ်သင့်လားမဖြစ်သင့် လားဆိုတာ စဉ်းစားရမယ်။ ဆင်ဆာပေးခြင်း၊ မပေးခြင်းဆိုတာထက်ကို ဖန်တီးတဲ့သူတွေက လုပ်ချင်စိတ်ရှိ၊ မရှိဆိုတဲ့စိတ်ပဲ အရေးကြီးတယ်။ ခုနကပြောသလို Pre လုပ်ပြီးတော့ ဇာတ်ညွှန်းတစ်ခုကို ကလေး၊ လူလတ်ပိုင်း၊ လူကြီးပိုင်းစသဖြင့် လူတန်းစားမျိုးစုံကိုဖတ်ခိုင်း ပြီးတော့ သူတို့ရဲ့ဒီဇာတ်ပေါ်မှာ ဘယ်လိုတုံ့ပြန်သလဲ။ သူတို့လက်ခံတယ်။ အဲဒါကိုမှ ဆင်ဆာက ဖြတ်တောက်တယ်ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တော့ ဘူးလို့ထင်တယ်။ အပြင်ကလူတွေ အတွက် ထိခိုက်မှုမရှိတာမျိုးကို ဖြတ်တောက်နေတဲ့ ဆင်ဆာမျိုးကိုတော့ မရှိစေချင်ဘူး။
 
NN
#democracytoday

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။