Lotayamm

search
မာတိကာ

contents

သတင်းများ

ကိုယ်မွေးတဲ့လအလိုက် လက်တွဲဖော်မင်းသားကိုရှာကြမယ်

နေ့ရက်:
Feb 11, 2018


အမျိုးအစား :
ဖျော်ဖြေရေး
Trend Myanmar

ဒီတစ်ခါတော့ ကိုယ်မွေးတဲ့လအလိုက် ဘယ်မင်းသားကကိုယ့်လက်တွဲဖော်ဖြစ်ဖို့သင့်တော်လဲဆိုတာဖော်ပြပေးသွားမှာပါ။


Here you go girls!!!!!! Thank me later.


 


ဇန်နဝါရီ



ဇန်နဝါရီလမှာမွေးတဲ့သူလေးတွေရဲ့ အသင့်တော်ဆုံးဖူးစာရှင်ကတော့ Strong Woman Do Bong Soon ထဲက CEO လေး Ahn Min Hyuk ပါ။ ဇန်နဝါရီလမှာမွေးတဲ့သူတွေက အများအားဖြင့် ရည်မှန်းချက်ကြီးမားပြီး နွဲ့ဆိုးဆိုးတတ်ကြတာမို့ သူတို့ဆိုးသမျှကို စိတ်ရှည်သည်းခံပြီး သူတို့ကို ပါရမီဖြည့်ပေးမယ့် စိတ်ရောလူပါပံ့ပိုးပေးမယ့်သူမျိုးလိုအပ်ပါတယ်။ အန်မင်ယော့ဟာဆိုရင် ဒိုဘုံဆွန်းက သူ့ထက်ပိုအစွမ်းထက်တယ်ဆိုတဲ့အဖြစ်မှန်ကို လက်ခံဖို့မတွန့်ဆုတ်သလို ဘုံဘုံ့ကိုလည်း အစွမ်းတွေကိုစနစ်တကျအသုံးချတတ်အောင်လေ့ကျင့်ပံ့ပိုးပေးတာမို့ ဇန်နဝါရီဖွားလေးတွေအတွက် မင်မင်လေးလိုလူမျိုးက အသင့်တော်ဆုံးပါပဲနော်။


 


ဖေဖော်ဝါရီ



ဖေဖော်ဝါရီဖွားတွေရဲ့ ဖူးစာရှင်ကတော့ ဦးလေးကြီး Kim Shin ပါတဲ့။ (မနာလိုလိုက်တာနော်)ဖေဖော်ဝါရီဖွားတွေက လူတစ်ယောက်ကိုသူ့ဖြစ်တည်မှုအတိုင်းတိုင်းလေးပဲချစ်တတ်ကြပြီးပြောင်းလဲပေးချင်စိတ်မရှိသလို ကိုယ့်ကိုလည်း ကိုယ့်အတိုင်းပဲလာချစ်ပေးတာကိုလိုလားကြပါတယ်တဲ့။Goblin ဇာတ်လမ်းတွဲထဲကဦးလေးကြီးဟာဆိုရင် Ji Eun Tak လေးကို သူ့ပုံမှန်စိတ်ထား၊သူ့ဘဝလေးအတိုင်းပဲ ခွင့်လွှတ်နားလည်သည်းခံပြီး တအားကိုကြင်နာဂရုစိုက်ပေးတာမို့ ဖေဖော်ဝါရီဖွားလေးတွေနဲ့ကွက်တိပါပဲ။


 


မတ်လ



မတ်လမှာမွေးသူလေးတွေအတွက် အသင့်တော်ဆုံးသူကတော့ Heo Joon Jae ပါ။ ဘာလို့ဆို မတ်လမှာမွေးတဲ့ကောင်မလေးတွေက စိတ်ဓာတ်အရမ်းကျတတ်ပြီး စိတ်အပြောင်းအလဲများတာမို့ သူတို့ကိုအမြဲတစေအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးနေမယ့်သူမျိုးလိုအပ်ပါတယ်။ Legend of The Blue Sea ထဲက ဟောဂျွန်းဂျယ်က ရေသူမလေးရဲ့မသိနားမလည်ခြင်းတွေကိုစိတ်ရှည်ရှည်နဲ့ မိဘညီအစ်ကိုမောင်နှမလို ဆွေမျိုးသားချင်းလို သင်ကြားပြသပေးပြီး ချစ်ခင်ယုယပေးတယ်ဆိုတော့ မတ်လဖွားလေးတွေရေ စိတ်ကူးမလွဲနဲ့ ဂျွန်းဂျယ်ကိုသာရအောင်ယူပါလေ။


 


ဧပရယ်



ဧပရယ်လမှာမွေးတဲ့သူတွေက စိတ်ခံစားချက်ကိုဦးစားပေးပြီး အစွဲအလမ်းကြီးတယ်၊တစ်ခုခုဆိုအရူးအမူးဖြစ်တတ်တယ်။ဒီတော့ သူတို့ကိုသူတို့နဲ့ထပ်တူ သည်းသည်းလှုပ်ချစ်ပေးပြီး ပျော်အောင်ထားမယ့်သူနဲ့သင့်တော်တာပေါ့။ အဲဒီိ့လိုလူမျိုးကတော့ My Secret Romance ထဲက Cha Jin Wook ပါပဲ။ ဘယ်လိုတွေတောင်အရူးအမူးဖြစ်လိုက်သလဲဆိုတာ ယူတို့ My Secret Romance ကားကြည့်ဖူးကြတယ်ဟုတ်။ မကြည့်ဖူးလဲကြည့်ကြည့်ဖို့ညွှန်းပါတယ်။ဘေးနားမှာစောင်တစ်ထည်တော့ချထားပါလေ။တအားတွေ ရိုလွန်းလို့အားတွေကျပြီး စောင်ကိုက်နေရမှာမို့ပါ။ 
        </div>
        <div class= ORIGINAL ARTICLE