Lotayamm

search
မာတိကာ

contents

သတင်းများ

''ဟောလိဝုဒ်မှာ လိင် သာတူညီမျှမှု ရရှိဖို့ အလှမ်းဝေးနေပါသေးတယ်'' ဂယ်ဂါဒေါ့တ်

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
၎င်းက ''အမှန်တရားအပေါ် ရပ်တည်တဲ့၊ ကိုယ့်ကိုယ်ကိုယ်အတွက် ထုတ်ဖော် မပြောဆိုနိုင်တဲ့ အမျိုးသား၊ အမျိုးသမီးထုနဲ့အတူ ဒီဆုကို မျှဝေ ပေးချင်ပါတယ်။ ပြီးတော့ ကျွန်မ အားလုံးကို ကတိပေးချင်တာက ကျွန်မဘယ်တော့မှ နှုတ်ဆိတ်မနေဘူး ဆိုတာပါပဲ။ ပြီးတော့ တန်းတူညီမျှမှုအတွက် အားလုံးအတူတကွ ပူးပေါင်းဆောင်ရွက်သွားမှာပါ''ဟု ပြောကြားခဲ့သည်။  မင်းသမီးသည် ယင်းဆုကို 'Wonder Woman'  ရုပ်ရှင်ဒါရိုက်တာ ပတ်တီဂျန်ကင်ထံမှ လက်ခံရယူခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဒါရိုက်တာများကိုလည်း ချီးကျူးပြောဆိုခဲ့သည်။ သို့သော် ဟောလိဝုဒ်တွင် လိင်သာတူ ညီမျှမှုရှိစေရန် အလှမ်းဝေးနေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
 
၎င်းက ''ဒီရုပ်ရှင်ကို ဖန်တီးထုတ်လုပ်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုလုံးက ကျွန်မကို အားတက်စေခဲ့ပြီး အားလုံးကိုလည်း အားတက်စေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။ ကျွန်မသရုပ်ဆောင်အလုပ် စလုပ်တုန်းက အမျိုးသမီး ဇာတ်အသားပေးရုပ်ရှင်နဲ့ အမျိုးသမီးဒါရိုက်တာ နည်းနည်းပဲရှိပါတယ်။ ဒီနှစ်မှာတော့ အမျိုးသမီးအသားပေး ထိပ်တန်းရုပ်ရှင် သုံးခုရှိလာပြီး တစ်ခုကိုတော့ ကျွန်မရဲ့ ဒါရိုက်တာ ပတ်တီဂျန်ကင်က ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထိပ်တန်းရုပ်ရှင် ၁ဝဝ မှာ အမျိုးသမီးဒါရိုက်တာတွေ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်က ရှစ်ခုပဲရှိပါတယ်။ တိုးတက်မှုတွေရှိလာပေမယ့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။ 
 
Ref: Contactmusic