Lotayamm

search
မာတိကာ

contents

သတင်းများ

မင်းသမီး ကိတ်မော့စ်နဲ့ အလုပ်အတူ တွဲလုပ်ရတာ ပျော်ဖို့ကောင်းတယ်လို့ ဂီဂီဟာဒစ် ဆို

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
မော်ဒယ်ဟာဒစ်က ''ကိတ်နဲ့အတူ @stuartweitzman  ကမ်ပိန်း ရိုက်ကူးရေးမှာ အတူပါဝင်နိုင်ခဲ့တဲ့အတွက် အထူးဂုဏ်ယူမိပါတယ်။ ကျွန်မ ရှင်နဲ့အတူ အရမ်းပျော်ခဲ့ရပါတယ်။ SW မိသားစု ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ရတာကိုလည်း ကျွန်မဝမ်းမြောက်မိပါတယ်'' ဟု ရေးသားခဲ့သည်။ ထို့အပြင် ၎င်း၏ ဘဝနေထိုင်မှုစတိုင်ကြောင့် သူငယ်ချင်းများစွာကိုလည်း ဆုံးရှုံးခဲ့ရသည်ဟု မကြာသေးခင်ကပင် ဝန်ခံပြောကြားထားသည်။
လော့စ်အိန်ဂျလိစ်မြို့သူ ဟာဒစ်က ၎င်းသည် အိမ်တွင် နေထိုင်ချိန် အလွန်နည်းပါးပြီး ၎င်း၏ အနုပညာလုပ်ငန်းကြောင့် သူငယ်ချင်းအချို့နှင့်ပင် အဆက်အသွယ် ပြတ်တောက်ကုန်ကြောင်း ပြောကြားထားသည်။ ၎င်းက ''ကျွန်မက အချိန်တော်တော်များများမှာ အလုပ်များနေခဲ့လို့ သူငယ်ချင်း တော်တော်များများကို ဆုံးရှုံးခဲ့ရပါတယ်။ ပြီးတော့ သူတို့ကလည်း ကိုယ်ဆီမရောက်ဖြစ်၊ ကိုယ်ကလည်း သူတို့ဆီမရောက်ဖြစ်တော့ ကျွန်မ ဒီလိုပုံစံအတိုင်း ပြောင်းလဲခဲ့ရပါတယ်''ဟု ပြောကြားထားသည်။
Ref: contactmusic