Lotayamm

search
မာတိကာ

contents

သတင်းများ

ရှာရွတ်ခန်းနဲ့ အတူ သရုပ်ဆောင်တဲ့ အခါ သက်သောင့်သက်သာ ဖြစ်ရတယ်ဆိုတဲ့ ကာဂျိုးလ်

နေ့ရက်:
Jan 13, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
မင်းသမီး ကတ်ထရီနာကိဖ်နှင့် အနူရှကာရှာမာတို့သည် ခေါင်းဆောင် နေရာမှ ပါဝင်ထားပြီး မင်းသားရှာရွတ်ခန်း၊ မင်းသမီးကာဂျိုးလ်နှင့် မင်းသမီး ရာနီမူကာဂျီတို့က အထူးသရုပ်ဆောင်အဖြစ် ပါဝင်ထားသည်။ မင်းသမီးကာဂျိုးလ်က ''ကျွန်မတို့ ဇာတ်လမ်း ခြောက်ခုကျော်လောက် ရိုက်ကူးပြီးပါပြီ။ တကယ့်ကိုပဲ အဆင်ပြေခဲ့ပါတယ်။ သူနဲ့ရိုက်ကူးရတာ အမြဲတမ်းထူးခြားပါတယ်။ သူကအလုပ်အတူတွဲလုပ်ရင် တကယ့်ကိုပဲ အံ့သြစရာကောင်းတဲ့ အမျိုးသားတစ်ဦးပါ။ သူဟာတကယ့်ကိုပဲ တော်တဲ့ မင်းသားတစ်ဦးဖြစ်တဲ့အတွက် သူနဲ့အလုပ်အတူတွဲလုပ်ရတဲ့အခါ သက်သောင့်သက်သာနဲ့ သဘာဝကျကျ အလုပ်အတူတွဲ လုပ်နိုင်တာ ပျော်ဖို့ကောင်းပါတယ်''ဟု PTI နှင့်ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ 
 
Ref: PTI
#democracytoday