Lotayamm

search
မာတိကာ

contents

သတင်းများ

အိမ်ထောင်ပြုလိုက်ပေမယ့် ပရိသတ်တွေ ဒီးဒီကို အချစ်မလျော့စေချင်ဘူး ~ စန္ဒီမြင့်လွင်

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
Q. အချစ်ကိုဘယ်မှာတွေ့တာ လဲ။ တိတ်တိတ်လေးကနေအံ့သြ သွားအောင်လုပ်တယ်နော်။
A. ရန်ကုန်မှာပါပဲ။ ဒီးဒီရဲ့ Privacy အကောင့်ကနေတော့ တင်ပါတယ်။ သူငယ်ချင်းတွေက တော့သူနဲ့တွဲနေတာသိကြပါတယ်။

Q. အနုပညာရှင်တစ်ယောက် ဖြစ်နေတော့ သူနဲ့ဒီးဒီကြားက နား လည်မှုဘယ်လိုယူထားလဲ။
A. သူကဒီးဒီအပေါ်အများ ကြီး နားလည်ပေးနိုင်သူပါ။ Celebrity တစ်ယောက်ဖြစ်တော့သူ အများကြီးစဉ်းစားပေးတယ်။ ဆင် ခြင်တယ်။ ဒီးဒီအပေါ်လည်း အရမ်း အလိုလိုက်တယ်။ ဒီးဒီအပေါ်အရမ်း ချစ်ပြီး သဘောထားကြီးတဲ့သူတစ် ယောက်ပါ။ ဒီးဒီက Celebrity  တစ်ယောက်ဖြစ်လို့ အများကြီးနား လည်ပေးရမယ်ဆိုတာလည်း သူသိ တယ်။

Q. မင်္ဂလာပွဲကို ဘယ်လိုလုပ် မယ် စိတ်ကူးထားလဲ။
A. ဒီးဒီကကျတော့ စိတ်ထဲမှာ အရမ်းကြီးကြီးမား မားခမ်းခမ်းနား နားကြီး မလုပ်ချင်ဘူး။ ပုံမှန်လက် မှတ်ထိုးမယ်။ လက်မှတ်ထိုးတဲ့နေ့ လည်း အရမ်း Romantic  ဖြစ်တဲ့ နေ ရာမျိုးလေးမှာ ထိုးချင်တယ်။ီDinner ဆိုလည်း သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ကျင်းပတာမျိုးပဲ လုပ်ချင်တယ်။ ဒါပေမဲ့ နှစ်ဖက်စလုံး က မိဘတွေကကျတော့ ပွဲကြီးကြီး ထွက်စေချင်တယ်။ ဒီးဒီအမေဆို လည်းသူတို့သမီးကို မြန်မာမိန်းက လေး သတို့သမီးဝတ်စုံနဲ့ မြင်ချင်ကြ တာပေါ့နော်။ အဲဒါကြောင့် ဒီးဒီ မင်္ဂလာပွဲလုပ်ဖြစ်တာပါ။

Q. မင်္ဂလာဝတ်စုံတွေက ဘယ် သူ့လက်ရာတွေလဲ။
A. မြန်မာဝတ်စုံက ကိုမင်း သက်စံ DINNER  အတွက်က မပုံ့ MY FAVOURITE သတို့သမီး အရန်တွေကတော့ ရင်းနှီးတဲ့ သူငယ် ချင်းတွေထဲက ရွေးနေတုန်းပဲ။ပန်း ကြဲကတော့ သင်ဇာနဲ့ စိုးပြည့်သဇင် ပါ။

Q. HONEY MOONခရီး စဉ်ရော ဘယ်တွေသွားမယ်စီစဉ် ထားလဲ။
A. နှစ်ယောက်စလုံးက ခရီး တွေ သွားတာဝါသနာပါတော့ ခရီး သွားစရာတွေကလည်း ရှိသေး တယ်။ အဲဒီတော့ ဘယ်သွားမယ်ဆို ပြီး အတိအကျပြောလို့မရသေးဘူး။

Q. အိမ်ထောင်ပြုပြီးရင်ရော အနုပညာအလုပ်တွေဆက်လုပ်မှာ လား။
A. ဟုတ် ဒီးဒီ ALBUM  ထပ် ထွက်ဦးမှာပါ။ သီချင်းတွေဆက်ဆို နေမှာပါ။ ဒီးဒီသီချင်းဆိုတာ တစ် ခုပဲလုပ်တတ်တာ။ ကျန်တာလည်း မလုပ်တတ်တော့လေ။

Q. လူတစ်ယောက်ကို ပိုင်ဆိုင် ချင်လောက်အောင် ဘာတွေက များတွန်းအားပေးခဲ့သလဲ။
A. ဒီးဒီထက် သူကပိုပိုင်ဆိုင် ချင်တာပါ။ သူကဒီးဒီကို အရမ်းချစ် အလိုလိုက်တယ်။ ဒီးဒီ တစ်ဘဝ လုံးစာအားကိုးရတဲ့သူတစ်ယောက် မို့ ကိုယ်လည်းငယ်တော့တဲ့အရွယ် မဟုတ်ဘူးလေနော်။ လူကြီးတွေ ကလည်းအိမ်ထောင်ပြုစေချင်ပြီ ကိုယ့်ကိုလည်း အရမ်းချစ်သလို ကိုယ်ကလည်းချစ်ရတဲ့သူတစ် ယောက်မို့ ဒီးဒီအိမ်ထောင်ပြုဖို့ ဆုံး ဖြတ်လိုက်တာပါ။ျှ

Q. ပရိသတ်ကိုပြောချင်တာ က...
A. ဒီးဒီအိမ်ထောင်ပြုလိုက်ပေ မယ့် ပရိသတ်တွေကို ဒီးဒီအချစ် မလျော့ဘူး။ ဒီးဒီကိုလည်းအချစ် မလျော့ပါကြပါနဲ့လို့။ ဒီးဒီသီချင်း တွေလည်း ခုထက်ပိုမိုကောင်းမွန် အောင် တင်ဆက်နိုင်အောင် ကြိုး စားပါဦးမယ်။
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။