Lotayamm

search
မာတိကာ

contents

သတင်းများ

ဂျိမ်းစ်ဘွန်း အဖြစ် ရိုက်ကူးဖို့ ငြင်းပယ်ခဲ့တဲ့ အကြောင်းရင်းကို ဟုခ်ျဂျက်ခ်မန်း ရှင်းလင်း

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
'X-Men' ရုပ်ရှင်များတွင် Wolverine ဇာတ်ရုပ်နေရာမှ သရုပ် ဆောင်ခဲ့သည့်မင်းသားက ''ကျွန်တော် 'X-Men 2'  ရုပ်ရှင်ကို ရိုက်တော့မယ့်ဆဲဆဲမှာ ဘွန်းနေရာမှာသရုပ်ဆောင်ဖို့ စိတ်ဝင်စားလားဆိုပြီး ကျွန်တော့်ရဲ့အေးဂျင့်ဆီက ဖုန်းလက်ခံရရှိပါတယ်။ အဲဒီအချိန်တုန်းက ဇာတ်ညွှန်းဖတ်ကြည့်လိုက်တာ မယုံကြည်ရ လောက်အောင် ရူးကြောင်ကြောင်နိုင်တယ်လို့ အဲဒီအချိန်တုန်းက ခံစားခဲ့ရပါတယ်။ ပြီးတော့ ပိုပြီးသော ခြုံငုံနိုင်စွမ်းနဲ့ စစ်မှန်မှုတို့လို အပ်နေသလိုမျိုး ကျွန်တော်ခံစားခဲ့ရပါတယ်။ ဘွန်းနဲ့ 'X-Men' တို့ကြားမှာ ကျွန်တော် တော်တော်လေးစိုးရိမ်ခဲ့ရပါတယ်။ မတူ ကွဲပြားတဲ့အရာတွေလုပ်ဖို့ ကျွန်တော့်မှာ အချိန်မရှိပါဘူး''ဟု ပြောဆိုခဲ့သည်။
သြစတေးလျမင်းသား ဟုခ်ျက ဖျော်ဖြေတင် ဆက်သူတစ်ဦးအနေဖြင့် ဘက်စုံတော်သူတစ်ဦး အဖြစ်သက်သေပြရန် ၎င်းအတွက်အရေးကြီးသည်ဟု ခံစားခဲ့ရသည်ဟုလည်း ပြောဆိုခဲ့သည်။ ၎င်းက ''ကျွန်တော် မတူကွဲ ပြားတဲ့အရာတွေကိုလုပ်ဖို့ အမြဲတမ်းကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့လုပ်ကွက်နည်းတဲ့ ဇာတ်ရုပ်တွေကို ကျွန်တော်လိုက်ကြည့်တဲ့အ ချိန်မှာ'X-Men 3' နဲ့ Wolverine ပထမဆုံးရုပ်ရှင်ကိုရိုက်ကူးဖို့လုပ်နေတဲ့အချိန်ဖြစ်ပါတယ်''ဟု Variety  မဂ္ဂဇင်းကို ပြောကြားခဲ့သည်။ ၎င်းသည် ဟောလိဝုဒ်မှ နာမည်ကြီးမင်းသားတစ်ဦးဖြစ် သော်လည်း နှိမ့်ချမှုနှင့် ရက်ရောမှုတို့ကြောင့် ချီးကျူးဂုဏ်ပြုခံရသူလည်းဖြစ်သည်။
 
Ref : contactmusic