Lotayamm

search
မာတိကာ

contents

သတင်းများ

ဆောအင်ဂုနှင့် ပတ်ဘိုရမ်တို့ မေတ္တာမျှနေပြီဟု အတည်ပြု

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
၎င်းတို့နှစ်ဦးမှာ လူမြင်ကွင်း သို့ ထွက်ပေါ်လာခြင်းကို စိုးရိမ် လေ့မရှိသော်လည်း မတူညီသော နေရာမှလာခဲ့ကြပြီး ၎င်းတို့၏အထူးသီးသန့်နေရာတစ်ခုတွင် တွေ့ ဆုံကြသည်ဟုဆိုသည်။ သတင်းများ၏ အဆိုအရ ယင်းအဆိုတော်နှစ်ဦးမှာ ပြီးခဲ့သည့်အောက်တိုဘာလတွင် ပတ်ဘိုရမ်၏ မိခင်ဖြစ်သူ ကွယ်လွန်ပြီးနောက် အရင်းနှီးဆုံးသူငယ်ချင်းများ ဖြစ်လာခဲ့ကြသည်။ ဆောအင်ဂုသည် ပတ်ဘိုရမ်အတွက် ခက်ခဲသောအချိန်များတွင် အတူတူရှိ နေပေးခဲ့သည်ဟုသိရသည်။
၎င်းတို့နှစ်ဦးနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက ''ပတ်ဘို ရမ်အပေါ် ဆောအင်ဂုရဲ့စိတ်ရင်းကို တကယ်ပဲ ခံစားမိပါတယ်။ ဒီရက်ပိုင်းမှာ သူဟာတော်တော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပေမယ့် ပတ်ဘိုရမ်ရဲ့ အရှေ့မှာ မဖော်ပြခဲ့ပါဘူး။ ပတ်ဘိုရမ်က ဖုန်းဆက်ခေါ်တဲ့အချိန်တိုင်း ချက် ချင်းဖုန်းကိုင်ပါတယ်။ ပရိသတ်တွေက သူတို့ရဲ့ အချစ်ရေးကို ထောက်ခံ ပေးကြပါတယ်လို့ မျှော်လင့်ပါတယ်''ဟု ပြောကြားခဲ့သည်။ ဆောအင်ဂု၏ အေဂျင်စီကလည်း အချစ်ရေး သတင်းမှာ အမှန်အကန်ဖြစ်သည်ဟု အတည်ပြုလိုက်သော်လည်း ယင်းသတင်းအပေါ် အသေးစိတ်အ ကြောင်းအရာများကို မသိရှိကြောင်း ပြောဆိုထားသည်။
 
Ref:soompi