Lotayamm

search
မာတိကာ

contents

သတင်းများ

ချစ်သူဟောင်းနဲ့ ပြန်ပေါင်းထုပ်တော့မယ့် ဟီလာရီဒက်ဖ်

နေ့ရက်:
Dec 7, 2017


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
အသက် (၃ဝ)အရွယ် မင်းသမီးက ၂ဝ၁ဝ ခုနှစ်တွင် အမျိုးသားဟော်ကီအသင်းမှ မိုက်ခ်ကွန်ရီနှင့် လက်ထပ်ခဲ့သော်လည်း ဖြေရှင်းညှိနှိုင်း၍မရသော မတူကွဲပြားမှုများကြောင့် ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် ကွာရှင်းခွင့်တောင်းခံခဲ့သည်။ ခင်ပွန်းဟောင်းမိုက်ခ်နှင့် ရရှိထားသော အသက် (၅)နှစ်အရွယ် လူဆာအမည်ရှိ သားတစ်ဦး၏မိခင် ဟီလာရီက အသက် (၂၄)နှစ်အရွယ်တွင် မိခင်တစ်ဦးဖြစ်လာရသည်မှာ စိတ်ကျဉ်းကျပ်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။
၎င်းက ''မကြာခင်ကလေးရတော့မယ်၊ မကြာခင်လက်ထပ်ရတော့မယ်ဆိုပြီး ကျွန်မခံစားရလာရတဲ့အခါ အမေတစ်ယောက်ဖြစ်ဖို့ စိတ်ကျဉ်းကျပ်လာရသလိုပါပဲ။ အနုပညာလုပ်ငန်းထဲက ကလေးမရှိတဲ့ အမျိုးသမီးတော်တော်များများဟာ ဝေဖန်ခံနေရသလိုပါပဲ။ ကျွန်မတို့လို အနုပညာရှင်တွေက လူပြောများပြီး စိတ်ဝင်စားမှုအခံရဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ အဝေဖန်ခံရဆုံးနဲ့ အခက်အခဲဆုံးလည်းဖြစ်ပါတယ်''ဟုဆိုသည်။ 
 
Ref:contactmusic