Lotayamm

search
မာတိကာ

contents

သတင်းများ

''ဝေဖန်မှုတွေအပေါ် ပိုပို ဘာမှကို မပြောချင်တော့ပါဘူး''တေးသံရှင်/သရုပ်ဆောင် ပိုပို

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
မေး ။  ။ အခုဆိုရင် ဗီဒီယို ဇာတ်ကားတွေလည်း ရိုက်လာရ တယ်။ ရုပ်ရှင်ဇာတ်ကားကြီးလည်း ရုံတင်ပြီးသွားပြီဆိုတော့ ပရိသတ် တုံ့ပြန်မှုအခြေအနေက ဘယ်လို ရှိလဲ။ဖြေ ။  ။ ပရိသတ်တွေက ပိုပို့ ကို သီချင်းဆိုတုန်းကလည်းအား ပေးကြပါတယ်။ အခု အနုပညာ အလုပ် နောက်တစ်ခုဖြစ်တဲ့ သရုပ်ဆောင် အလုပ်ကို လုပ်တဲ့အချိန်မှာလည်း အားပေးကြတယ်။ အဲဒီအတွက် အရမ်းကို ကျေးဇူးတင်ရပါတယ်။ အခု ပိုပိုဇာတ်ကားတွေရိုက်ကူး ပြီး ပရိသတ်ရှေ့ကို ရောက်တဲ့အချိန်မှာလည်း အားပေးကြတယ်။ ပရိသတ်တွေဆီက တုံ့ပြန့်မှုအခြေအနေကတော့ ကောင်းပါတယ်။
မေး။  ။သရုပ်ဆောင်နယ်ပယ်က ပိုပိုအတွက် မကျွမ်းကျင်သေးတဲ့ အလုပ်တစ်ခုဆိုတော့ တာဝန်ကြီးမလား။ဖြေ။  ။ပိုပိုက သရုပ်ဆောင်လုပ်ရတာကို ကြိုက်တယ်။ ဝါသနာလည်း တကယ်ပါတာပါ။ ဝါသနာပါတဲ့အလုပ်တစ်ခုဖြစ်တဲ့ သရုပ် ဆောင်အလုပ်ကိုလုပ်ရတာဆိုတော့ ပျော်ဖို့ကောင်းတာပေါ့နော်။အနုပညာဆိုတာက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာ ဆိုတော့ အရမ်းကြီး တာဝန် ပိုကြီးသွားတာမျိုးတော့ မဟုတ်ပါဘူး။
မေး။  ။Master Piece သီချင်းခွေကရော ပရိသတ်တုံ့ပြန်မှုကဘယ် လိုအခြေအနေရှိလဲ။ဖြေ။  ။ကြိုက်ကြပါတယ်။ ပရိသတ်တွေဘက်က အားပေးမှုလေးတွေ ပြန်ရတာက ပိုပိုအတွက် အားဆေးပါပဲ။ ပိုပို ရှေ့ဆက်လျှောက်လှမ်း မယ့်ဂီတလမ်းအတွက် အားအင်တွေ တိုးပါတယ်။
မေး။  ။အခုနောက်ပိုင်းဆိုရင် ကောင်းတာရော၊ ဆိုးတာရော ဝေ ဖန်တာမျိုးတွေလည်းရှိတယ်။ အဲဒီအပေါ်မှာရော စိတ်ကိုဘယ်လို ပြင်ဆင်လဲ။ဖြေ။  ။ဝေဖန်တယ်ဆိုတာကတော့ ချစ်တဲ့မျက်စိနဲ့ကြည့်ရင်ချစ်တဲ့ ပုံစံလေးတွေ ပြောကြတယ်။ ကောင်းတာလေးတွေ မြင်ကြတာပေါ့ နော်။ မကောင်းတာပြောချင်တဲ့သူကတော့ ဘယ်လိုပဲကောင်းအောင် လုပ်လုပ်၊ ဘယ်လောက်ကြီးပဲ ကောင်းအောင်နေနေ အကောင်း မပြောချင်တဲ့အခါကျတော့ အကောင်းမြင်မှာမဟုတ်ပါဘူး။ အဲဒီ အတွက် ပိုပိုကတော့ ဘာမှကို မပြောချင်ပါဘူး။              
NN, DemocracyToday