Lotayamm

search
မာတိကာ

contents

သတင်းများ

'သိုက်က လာတယ် စကားမပြောဘူး' နေမင်း

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
ဖျော်ဖြေရေး
yangonmedia
သရုပ်ဆောင်နေမင်းအနေဖြင့် အဆိုပါဇာတ်လမ်းတွဲမှာ မိမိအတွက် ပထမဆုံးရုပ်သံဇာတ်လမ်းတွဲကို စတင်ရိုက်ကူးခြင်းဖြစ်ပြီး ကာရိုက်တာအနေနှင့်လည်း မေသင်္ကြန်ဟိန်၏အမျိုးသား နေရာမှ ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ယခုကတည်းကကာရိုက်တာအတွက်ပြင် ဆင်နေပြီဟုဆိုသည်။ ''ကျွန်တော် အရင်ကနဲ့မတူအောင်အများကြီးပြင်ခဲ့ရပါတယ်။ အရင်က ကျွန်တော် အရမ်းကို အတ္တကြီးတယ်။ အခုကတော့ ပရိသတ်ကိုပေးချင်တယ်။ ကိုယ်သိသလောက်တတ်သလောက်လေးတွေကိုချပြချင်တယ်။ အဲဒီလိုလုပ်ပြီး ကျွန်တော်ပြန်ဝင်လာခဲ့တယ်။ အဲဒီမှာအားလုံးက ကျွန်တော့်ကိုနွေးနွေးထွေးထွေးနဲ့ပြန်ပြီးကြိုဆိုခဲ့ကြပါတယ်။ ကျွန် တော်ကျေနပ်ပါတယ်''ဟုပြောသည်။ ၎င်းပါဝင်ထားပြီး ယခုလက်ရှိတွင် ရုံတင်ပြသထားသော 'သိုက်ကလာတယ် စကားမပြောဘူး' ဇာတ်ကားနှင့်ပတ်သက်ပြီးတော့လည်း ယခုလိုပဲပြောပြခဲ့သည်။
''ကျွန်တော်အမှန်တိုင်းပြောရရင် ကျွန်တော်ရိုက်ခဲ့သမျှ ဇာတ်ကားတွေထဲမှာ အဲဒီဇာတ်ကားကို အားမရဆုံးဇာတ်ကားပါ။ ကျွန်တော့်ကိုယ်ကျွန်တော်ပြောတာပါ။ အဲဒါကိုတောင်ပရိသတ်တွေကအားပေးကြပါတယ်။ အရမ်းလည်းကျေးဇူးတင်ပါတယ်။ ဘာကြောင့်အားမရဘူးလို့ပြောတာလဲဆိုရင် ကျွန်တော်ကကိုယ်ရိုက်တဲ့ ကာရိုက်တာကို ကိုယ်တိုင်သိချင်တယ်။ ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို ကိုယ်တိုင်လေ့လာပြီးရိုက်ချင် ပါတယ်။ အခုဇာတ်ကားမှာကျတော့ အဲဒီလိုကာရိုက်တာက အပြင်မှာတကယ်လည်း မရှိဘူး။ ကျွန်တော်အတုယူဖို့ခက်ခဲပါတယ်။ ကိုယ်လုပ်တာမှန်လား၊ မှားလား ဆိုတာလည်း ဘာနဲ့တိုင်းရမှန်းလည်း မသိတဲ့ကာရိုက်တာမျိုးလည်းဖြစ်ပါတယ်''ဟုပြောသည်။ သရုပ်ဆောင်နေမင်းက အချစ်ရေးနဲ့ပတ်သက်ပြီးတော့လည်း ယခုလိုပဲပြောပြခဲ့ပါသည်။ ''ကျွန်တော့်တူတွေ၊ တူမတွေနဲ့နေမယ်။ ချစ်သူတော့မထားချင်တော့ပါဘူး။ ပေါ့ပါးတယ်။ အဆင်ပြေတယ်။ ကျွန်တော်ကတော့ အခုအတိုင်းပဲဆက်နေသွားမယ်။ ရှေ့ဆက်ပြီးတော့လည်း ဘယ်လို ဖြစ်သွားမယ်ဆိုတာကိုမသိပါဘူး။ ကျွန်တော်ကတော့ပေါ့ပေါ့ပါးပါးပဲ နေ ထိုင်ချင်ပါတယ်''ဟု ဆက်လက်ပြောသည်။
 
KZYH
#democracytoday