contents

သတင်းများ

မြန်မာတစ်နိုင်ငံလုံး၌ ဖွင့်လှစ်ထားသည့် ကားအရောင်းစင်တာ နှစ်ရာကျော်အနက် ဈေးကွက်အခြေအနေ မကောင်း၍ လိုင်စင်အပ်နှံ ပိတ်သိမ်းသည့် အရောင်းစင်တာ ၆၉ ခု အထိရှိလာ  

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
''ကားအရောင်းစင်တာတွေမှာ ကားဟောင်းဈေးကွက်ကသိပ် အဆင်မပြေကြဘူး။ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ကလည်း ဘယ်မောင်းကိုပဲတင်သွင်းဖို့နှစ်အလိုက် ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့တယ်။ ၂ဝ၁၇ ခုနှစ်ကားတင်သွင်းခွင့်မူဝါဒကိုပြောင်းလဲချိန်မှာအားလုံးတစ်ပြေးညီဘယ်မောင်းဖြစ်ရမယ်ဆိုတဲ့သတ်မှတ်ချက်ကိုပြောင်းလဲခဲ့တယ်။ ဒီမူဝါဒကြောင့်ကား အရောင်းစင်တာတွေပိတ်တာတော့ မဟုတ်ပါဘူး။ ၂ဝ၁၂ ခုနှစ်ကနေ ဒီစက်တင်ဘာလ ၇ ရက်အထိကို ၆၉ ခုပိတ်သိမ်းမှုရှိလာတာပေါ့။ နောက်ထပ်လိုင်စင်ပြန်အပ်တာမျိုး မရှိသေးပါဘူး''ဟု ၎င်းက ပြောသည်။
ဘယ်မောင်းမော်ဒယ်မြင့်ကားများသာတင်သွင်းရမည်ဖြစ်သည့် ၂ဝ၁၈ ခုနှစ်ကားတင်သွင်းခွင့်မူဝါဒသစ်အရလက်ရှိတွင် ပြည်ပမှ ကားဝယ်ယူတင်သွင်းမှုမှာယခင် နှစ်များထက်များစွာလျော့ကျလာ ကြောင်းစီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ကားအရောင်းစင်တာများသည် Showroom များကဲ့သို့ Brand New များကိုရောင်းချခြင်းမဟုတ်ဘဲဂျပန်အပါအဝင်ပြည်ပမှ (Use)  ညာမောင်းကားများကိုရောင်းချ နေခြင်းဖြစ်သည်။ ယခင်အစိုးရလက်ထက်က ၂ဝ၁၁ ခုနှစ်ကားတင်သွင်းခွင့်မူ ဝါဒကိုထုတ်ပြန်ကာ အများပြည်သူ ကားတင်သွင်းခွင့်နှင့် ကားအရောင်းစင်တာများဖွင့်လှစ်ခွင့်ကိုစတင် ပေးခဲ့ခြင်းဖြစ်သည်။
''ဦးသိန်းစိန်အစိုးရလက်ထက် မတိုင်ခင်ကအများပြည်သူတွေ ကားတင်သွင်းခွင့်မရခဲ့ဘူး။ ဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၁ ခုနှစ်မှာ ကားတင်သွင်းခွင့်မူဝါဒထွက်လာပြီး ပြည်သူတွေကားတင်သွင်းခွင့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ ၂ဝ၁၂ လောက်အထိ ကားဈေးကွက်ကကောင်းနေတယ်။ ၂ဝ၁၃ ခုနှစ်လောက်ကစပြီး အခုချိန်ထိ ကားဈေးကွက်ကမကောင်းတော့ အဲဒီအချိန်လောက်ကတည်းက ကားအရောင်းစင်တာ အချို့ကစရိတ်မြင့်မားမှု၊ တွက်ခြေမကိုက်တာတွေကြောင့် ပိတ်သိမ်းနေကြတာ တွေရှိတယ်''ဟု ရန်ကုန်တိုင်းဒေသကြီးမော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးဦးရန်မျိုးအောင်က ပြောသည်။ လက်ရှိကားဈေးကွက်အတွင်း ညာမောင်းဂျပန် (Use)ဈေးကွက်အေးနေပြီး ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ အကြားရှိ Brand New ဘယ်မောင်းကားများသာအရောင်းအဝယ်ဖြစ်နေကြောင်း ရန်ကုန်ကား လုပ်ငန်းအသိုင်းအဝိုင်းမှ သိရသည်။
TTMT
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။