contents

သတင်းများ

ပြည်ပသို့ တင်ပို့ရန် နွားဝယ်ယူမှု များပြားလာသည့် အတွက် ကလေးမြို့၌ တောင်သူသုံး ခိုင်းနွားများ ဈေးတက်

နေ့ရက်:
Sep 13, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
''ကျွဲ၊ နွားတွေဝယ်ယူမှုများပြားလာတဲ့အတွက် ခိုင်းနွား၊ ခိုင်းကျွဲ တွေလည်းဈေးခုန်တက်နေပါတယ်။ ဟိုတုန်းကတော့ နွားမွေးထားပေမယ့် ဈေးကွက်မရှိဘူး။ အခု ပြည်ပကိုတင်ပို့ခွင့်ပြုလိုက်တော့ နွားဝယ်တဲ့ကုမ္ပဏီတွေက ကလေးဒေသမှာအထိုင်ချပြီး နွားဝယ်ယူမှုတွေရှိလာတယ်။ ဒေသအတွင်း တစ်နိုင်တစ်ပိုင် ခိုင်းနွားမွေးတဲ့ သူတွေကတော့တွက်ခြေကိုက်သော်လည်း ကျွန်တော်တို့လုပ်ငန်း သုံးကျွဲ၊ နွားဝယ်ရတဲ့သူတွေကတော့ ဈေးကောင်းပေးဝယ်မှ နွားကောင်းရနိုင်တာမျိုးဖြစ်တယ်'' ဟု ကလေးမြို့နတ်မောက်မြောင်းရွာမှ တောင်သူဦးတင့်ဆန်းက ပြောသည်။
 
လွန်ခဲ့သည့်နှစ်များက ကလေးဒေသတွင် ခိုင်းနွား၊ ခိုင်းကျွဲတစ် ကောင်လျှင် ငွေကျပ်ခြောက်သိန်းဝန်းကျင် အနိမ့်ဆုံးဈေးရှိခဲ့သော်လည်း ယခုအခါ ကျပ် ၁ဝ သိန်းအထက်တွင်ဈေးရှိပြီး မြို့ပေါ်တွင် ခိုင်းနွားကောင်းကောင်းတစ်ရှဉ်းလျှင် ငွေကျပ်သိန်း ၃ဝ ဝန်းကျင်အထိ ပေါက်ဈေးရှိနေသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျွဲ၊ နွားအရှင် ပြည်ပသို့ တင်ပို့ရောင်းချရန် မှတ်ပုံတင်ထားသည့် ကုမ္ပဏီပေါင်း ၁၅၄ ခုရှိနေပြီး ကလေးမြို့တွင် ကုမ္ပဏီသုံးခုမှ ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူနေကြကာ ကလေးမြို့နယ်၌ တစ်ပိုင်တစ်နိုင်နွားမွေးမြူသူ ထောင်ချီရှိနေပြီး စီးပွားဖြစ်နွား၊ ကျွဲမွေးသူနည်းပါးကြောင်း သိရသည်။
MOS
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။