contents

သတင်းများ

အရှေ့ အနောက် စီးပွားရေးစကြံ င်္လမ်းပိုင်းတွင်ပါရှိသော မော်လမြိုင် - မုဒဟန် တိုက်ရိုက် ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေး

နေ့ရက်:
Jul 12, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန(၁၂)ခုမှ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မြဝတီကုန်သည်ကြီးများအသင်းနှင့် သယ်ယူပို့ဆောင်ရေးနှင့် ဝန် ဆောင်မှုလုပ်ငန်းရှင်များအသင်း (နယ်စပ်ဒေသ ကရင်ပြည်နယ်)မှ တာဝန်ရှိသူများနှင့် ထိုင်းနိုင်ငံဘက်မှ သက်ဆိုင်ရာဌာန(၁၃)ခုမှ တာဝန်ရှိသူများ၊ နယ်စပ်ဝန်ဆောင်မှု လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ အရှေ့အနောက်စီးပွားရေး စင်္ကြံလမ်းကြောင်းတွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လာအို၊ ကမ္ဘော ဒီးယား၊ ထိုင်း၊ မြန်မာ၊ မဟာမဲ ခေါင်ဒေသတို့ ပါဝင်ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သော်လည်း ကနဦးတိုက်ရိုက်ကုန်သွယ်မှုအဖြစ် ထိုင်းနိုင်ငံ 'မုဒဟန်'မြို့မှ မြန်မာ နိုင်ငံ မော်လမြိုင်သို့ သွားလာခွင့်အဖြစ် MoU နားလည်မှုစာချွန် လွှာလက်မှတ်ရေးထိုးနိုင်ရေးအတွက် အဓိက ဆွေးနွေးခဲ့ကြသည်။
မြန်မာ-ထိုင်း နယ်စပ် မြဝတီမြို့မှ ကီလိုမီတာ ၁၅ဝ ဝေးကွာ သော မော်လမြိုင်မြို့နှင့် မဲဆောက်မှ ကီလိုမီတာ ၇ဝဝ ဝေးကွာသော ''မုဒဟန်''မြို့သို့ ကုန်သွယ်ခွင့်အဖြစ် တစ်ရက်လျှင် နှစ်ဖက်ယာဉ်အစီး ၁ဝဝ စီခွင့်ပြုမည်ဖြစ်ပြီး သြဂုတ်လနောက်ဆုံးပတ်တွင် သြ့ ရေးထိုးကာ ကုန်သွယ်မှုလုပ်ငန်းများ စတင်နိုင်မည်ဟု ယင်းအစည်းအဝေးမှ သိရသည်။ အဆိုပါ မဟာမဲခေါင်ဒေသ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှု (GMSCBTA) စာချုပ်ချုပ်ဆိုပြီးပါက မြန်မာကုန်သည်များအနေ ဖြင့် ၎င်းတို့ ဝယ်ယူထားသော ကုန်ပစ္စည်းများကို မဲဆောက်မှ ကီလိုမီတာ ၇ဝဝ ကွာဝေးသော 'မုဒဟန်' မြို့ထိ သွားရောက်သယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံတာ့ခ် ခရိုင်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်းအစည်းအဝေး၌ ပြောကြားသည်။
''နယ်စပ်ဖြတ်ကျော်သွားလာ နေတာက ထိုင်းဘက်က ကားတွေသာ မြန်မာနိုင်ငံထဲကို ဝင်နေပေမယ့် မြန်မာဘက်ကကားတွေ ထိုင်းဘက်ကို သွားတာမရှိသလောက် ဖြစ်နေပါတယ်။ မြန်မာ-ထိုင်း GMSCBTA အနေနဲ့ နားလည်မှု စာချွန်လွှာ အကောင်အထည်ဖော် နေတာဖြစ်ပါတယ်။ GMSCBTA ခြောက်နိုင်ငံက အားလုံးကျင့်သုံးနိုင်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ်က ဥပဒေ ရေးဆွဲထားပြီးဖြစ်ပါတယ်။ သွားလာတဲ့နေရာမှာ ကားကြီး ကားလေးခွဲခြားတာမရှိပါဘူး။ GMSCBTA မှာပါတဲ့ စည်းကမ်းအတိုင်း ဖြစ်ရပါမယ်''ဟု ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးအေးလှက ပြောသည်။ 
KKTM(MWD)
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။