contents

သတင်းများ

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးတိုးမြင့်ရန် Myanmar Insight 2018 ဟောပြောပွဲ ထိုင်းနိုင်ငံ၌ ကျင်းပမည် 

နေ့ရက်:
Jun 14, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
Akonthi

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးလုပ်ငန်းများ တိုးမြင့်ဆောက် ရွက်နိုင်ရန် ရည်ရွယ်၍ တတိယ အကြိမ်မြောက် Myanmar Insight 2018 ဟောပြောပွဲကို ဇူလိုင်လ ၂၀ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 



အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံ၏ အကြီးစားစီးပွားရေးလုပ်ငန်းများ အခြေအနေနှင့် စီးပွားရေးဆိုင်ရာ မူဝါဒ အသစ်များ၊ နည်းပညာများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးခြင်း၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ စိတ်ဝင်စားမှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ၌ ကုန်သွယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကြုံတွေ့နိုင်မည့် အခက်အခဲများကို ကျော်လွှားဖြတ်သန်းနိုင်ရန် လုပ်ငန်း အတွေ့အကြုံများကို ဆွေးနွေးခြင်း စသည့် အပိုင်း လေး ပိုင်းဖြင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။ 



“မြန်မာနိုင်ငံ မူဝါဒ ရေးဆွဲသူတွေနဲ့ ထိုင်းနိုင်ငံက ရင်းနှီးမြှုပ်နှံသူတွေအကြား ချိတ်ဆက်မှုရဖို့ ကျင်းပတာ ဖြစ် တယ်။ ပြီးခဲ့တဲ့ပွဲတွေ တုန်းကလည်း မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်ရတဲ့ အတွေ့အကြုံတွေကို ထိုင်းနိုင်ငံ က စီးပွားရေး လုပ်ကိုင်လုပ်ငန်းရှင်တွေကို မျှဝေနိုင်ခဲ့ပါတယ်။  မြန်မာနိုင်ငံဟာ စီးပွားရေး အလားအလာ လွန်စွာရှိ နေတဲ့ အချိန်မှာ ရန်ကုန်နဲ့ မန္တလေးမှာတင်မကပဲ တစ်ခြားနေရာတွေမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ချင်ပါ  တယ်” ဟု ထိုင်းသံအမတ်ကြီး Jukr Boon- Long's က ပြောကြားသည်။ 


သင်းသင်းလှိုင်

မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ချမှတ်ထားသော စီးပွားရေးဆိုင်ရာ မူဝါဒများ၊ ဥပဒေများ နှင့် နည်းပညာများကို မြန်မာနိုင်ငံမှ မူဝါဒ ချမှတ်သူများမှ ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များအား မျှဝေပေးရန်၊ မြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျှက်ရှိသော ထိုင်းစီးပွားရေးလုပ်ငန်းရှင်များ၏ အတွေ့အကြုံများနှင့် လုပ်ငန်းအောင်မြင်မှုများကို ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအား ပြန်လည်မျှဝေခြင်းဖြင့် ယင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာရန် အတွက် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ 



“ကျွန်မတို့ကနေ ဒီလိုမျိုး ရေရှည်ဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုက်ရိုက်ရရှိဖို့အတွက် ဥပဒေပိုင်း ပြင်ဆင်တာတွေ၊ အသစ်ရေးဆွဲတာတွေ လုပ်နေပါတယ်။ ဒါဟာ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံတွေ တိုးတက်ဖို့ လုပ်တာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ မာလာမျိုးညွှန့် က ပြောကြားသည်။ 



ထိုင်းနိုင်ငံ၌ Myanmar Insight ဟောပြောပွဲ၏ ပထမအကြိမ်ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း၊ ဒုတိယအ ကြိမ်ကို ၂၀၁၇ ခုနှစ်တွင်လည်းကောင်း ကျင်းပခဲ့သည်။





  • သင်းသင်းလှိုင် ( အကုန်သိသတင်းဌာန) 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။