Lotayamm

search
မာတိကာ

contents

သတင်းများ

ရွှေတိဂုံစေတီမှ ရရှိသည့် အလှူငွေ ဘီလီယံ ၆၇ သိန်းကျော်ရှိပြီး ပြန်လည်သုံးစွဲမှု အခြေအနေအား တိုင်းအစိုးရမှ ကြီးကြပ်လျက်ရှိဟု ဆို

နေ့ရက်:
May 17, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
''ရွှေတိဂုံစေတီတော် ဘဏ္ဍာငွေစာရင်းများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏တာဝန်ပေးချက်အရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေးလျက်ရှိပြီး စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါတယ်''ဟု ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။  ၂ဝ၁၆-၂ဝ၁၇ ခုနှစ် ဘဏ္ဍာရေးကာလအတွင်း ရွှေတိဂုံစေတီမှ ကျပ် ဘီလီယံ ၆၇ သိန်းကျော်နှင့် နိုင်ငံခြားငွေ USD 152 သိန်း ကျော်ရရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ်အတွက် အတိုးနှုန်းရရှိငွေမှာ ကျပ်သိန်းပေါင်း ၄၇၆၄ သိန်းကျော် ဖြစ်ကြောင်းသိရသည်။ ဆူးလေစေတီမှ ကျပ်သိန်းပေါင်း ၁၆ဝ ကျော်နှင့် နိုင်ငံခြားငွေ USD 8736, SGD 38  ရရှိခဲ့ကြောင်း၊ ကမ္ဘာအေး စေတီမှ ကျပ်သိန်းပေါင်း ၈၉ဝ ကျော်နှင့် နိုင်ငံ ခြားငွေ USD ၂၁၄၁၂ ဒသမ ဝ၇၊ ဗိုလ်တထောင် စေတီမှ ကျပ်သိန်းပေါင်း ၁၄၅ သိန်းကျော်နှင့် နိုင်ငံခြားငွေ ၁၅၂ သိန်းကျော်နှင့် စွယ်တော် မြတ်စေတီမှ ကျပ်သိန်းပေါင်း ၁၅၈ သိန်း ကျော်တို့ ရရှိခဲ့ကြောင်း သိရသည်။
ရွှေတိဂုံစေတီအပါအဝင် အခြားသော ဘုရားစေတီများ၏ ဂေါပကအဖွဲ့များအား ဘုရားဖူးပြည်သူများ အဆင်ပြေစေရေးနှင့် ရရှိသောအလှူငွေများအား ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီ ထိန်းသိမ်းနိုင်ရန် အရည်အချင်း ပြည့်ဝမှု၊ အကျင့်စာရိတ္တကောင်းမွန်မှု၊ ယုံကြည်စိတ်ချစွာ သာသနာပြုဝေယျာဝစ္စလုပ်ငန်းများ ထမ်းဆောင်နိုင်မှုများအပေါ် မူတည်၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညှိနှိုင်း၍ ရွေးချယ်ဖွဲ့စည်းပေးလျက်ရှိကြောင်းသိရသည်။ အဆိုပါစေတီများမှ အလှူငွေသုံးစွဲမှုအခြေအနေအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီသုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိကြောင်း ဝန်ကြီးက ပြောဆိုခဲ့သည်။
မင်းဗညား
#theyangontimes

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။