Lotayamm

search
မာတိကာ

contents

သတင်းများ

ချင်းတွင်း သင်္ကြန် ကျင်းပရန် စစ်ကိုင်း တိုင်းဒေသကြီး အစိုးရဘတ်ဂျက် ငွေကျပ် သိန်းနှစ်ထောင်ကျော် သုံးစွဲမည်ဟု သတင်းထုတ်ပြန်

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
ချင်းတွင်းသင်္ကြန်ကို မုံရွာမြို့ ချင်းတွင်းမြစ်သဲသောင်ယံတွင် ကျင်းပမည်ဖြစ်ပြီး အစိုးရအဖွဲ့သုံးစွဲမည့်ငွေများမှာ တိုင်းဒေသကြီး လွှတ်တော်ကအတည်ပြုပြီးဖြစ်သော ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်အတွက် နေ့ကြီးရက်ကြီးငွေစာရင်းခေါင်းစဉ်အောက်မှ ငွေများဖြစ်ကာ ယခုဘဏ္ဍာနှစ်မကုန်မီ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
''ဒီငွေသုံးတာက တိုင်းဒေသကြီးအတွက် အခွင့်အလမ်းပဲ။ အဲဒီပွဲကထွက်လာမယ့် Outcome အများကြီးပဲ။ ဒီကျပ်သိန်းနှစ်ထောင်နဲ့မရသေးဘူး။ စပွန်ဆာတွေနဲ့ချိတ်ဆက်နေတယ်။ စပွန်ဆာကတော့ မဖြစ်မနေ မရရအောင်ရှာမယ်။ နောက်ထပ်ကျပ်သိန်းနှစ်ထောင်ဖိုး စပွန်ဆာရှာမယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က မတ် ၁၃ ရက်တွင် ပြောကြားသည်။ ချင်းတွင်းသင်္ကြန်တွင် ငွေကြေးဆိုင်ရာကိစ္စများကို စနစ်တကျကိုင်တွယ်သုံးစွဲအစစ်ဆေးခံနိုင်ရန်အတွက် တိုင်းဒေသကြီးစီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးခေါင်းဆောင်သော ကော်မတီတစ်ရပ် ဖွဲ့စည်းထားသည်။ 
KTS
#democracytoday

နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။