Lotayamm

search
မာတိကာ

contents

သတင်းများ

သီပေါဟော်သို့ ပြည်တွင်းပြည်ပ ဧည့်သည်များ လာရောက်မှု များပြားနေ

နေ့ရက်:
Feb 14, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
 
ယခုအခါ သီပေါဟော်၌ နောက်ဆုံးစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူ စဝ်ဦးကြာနှင့်ဇနီး ဒေါ်စဝ်စမ်ဖုန်း(မိုင်းရယ်စော်ဘွား ကြီးစဝ်ဆေဟုန်၏စတုတ္ထသမီးတော်)မိသားစုတို့နေထိုင်၍ ထိန်းသိမ်းစောင့်ရှောက်ထားကြပြီး ပြည်တွင်းပြည်ပဧည့်သည်များကို စဝ်ဦးကြာနှင့်ဒေါ်စဝ်စမ်ဖုန်းတို့က အင်္ဂလိပ်၊ ရှမ်း၊ မြန်မာဘာသာစကား တို့ဖြင့် သမိုင်းမှတ်တမ်းဓာတ်ပုံများနှင့်အတူ ရှင်းလင်းပြောကြားပေး နေသည်။
မကြာမီရက်ပိုင်းအတွင်းက စော်ဘွားစဝ်ကြာဆိုင်၏အနွယ် တော်ချင်း အငြင်းပွားမှုဖြစ်နေ၍ သီပေါဟော်ကို ပိတ်ထားသည်ဆို သော ကောလာဟလသတင်းမှာ မမှန်ကန်ဘဲ သီပေါဟော်သို့ အပျော်သက်သက်ဖြင့်မဟုတ်ဘဲ သမိုင်းကြောင်းသိရှိလို၍ လာ ရောက်လေ့လာမှုများကို ကြိုဆိုလျက်ရှိသည်။ တစ်ခါတစ်ရံဟော်နေ မိသားစု၏ ကျန်းမာရေးအခြေအနေကြောင့် ခေတ္တခဏပိတ်ခဲ့ရခြင်းမှ အပ နေ့စဉ်သတ်မှတ်ချိန်အတွင်း လက်ခံဖွင့်လှစ်ပေးလျက်ရှိသည်။
သီပေါဟော်အဆောက်အအုံမှာ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့၊ ဇာတ်စုရပ်ကွက်၌ တည်ရှိပြီး ပြည်တွင်း ပြည်ပဧည့်သည်များ လာရောက်ကြည့်ရှုလေ့လာမည်ဆိုပါက ဟော်ဝင်ကြေး ပေးစရာမလိုဘဲ နေ့စဉ်ဖွင့်လှစ်ပေးထားကြောင်း သိ ရသည်။ 
 
KL
#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။