Lotayamm

search
မာတိကာ

contents

သတင်းများ

အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲတွင် အထူးဖန်တီးထားသော လက်ဝတ်ရတနာ အမျိုးအစား ၂ဝဝ ခန့် ပြသရောင်းချ

နေ့ရက်:
Jan 12, 2018


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
စန်းသော်တာ စိန်ရွှေရတနာဆိုင်ပိုင်ရှင် မသော်တာဝင်းက''ဒီ ကျောက်မျက်ပွဲကြီးမှာ မြန်မာနိုင်ငံ ကသဘာဝတွင်းထွက်ရတနာ အစစ်တွေ ပတ္တမြား၊ နီလာ၊ ပုလဲ အစရှိတာတွေကို စိန်လေးတွေနဲ့ခတ်ပြီး လက်ဝတ်ရတနာလေး တွေပြုလုပ်ပေးထားတယ်။ ဒီဇိုင်းကိုလည်း အရမ်းဆန်းတာလည်း မလုပ်ဘူး။ ရိုးတာလည်းမလုပ်ဘူး။ လူတွေအကြိုက် မဆန်းမရိုး လေးကိုအများဆုံး ပြုလုပ်ထားတယ်။ ဒီပြပွဲအတွက်ဆိုပြီး ခတ်ထားတဲ့ items ချည်းပဲအမျိုး၂ဝဝ လောက်ရှိပါတယ်။ ဈေးအကြီး ကြီးတွေမဟုတ်ဘဲနဲ့ လူတိုင်းလည်း ဝယ်နိုင်အောင်လက်ရာလည်း ဒီဇိုင်းလည်းဆန်းအောင် စိန်ဆိုပြီး အရမ်းဈေးကြီးတယ်ဆိုတာ ဖြစ်မနေဘဲ ဈေးအသင့်အတင့်နဲ့ ဝယ်လို့ရတယ်။ ဝတ်လို့ရတယ်''ဟု ဇန်နဝါရီ ၁၁ရက်က ဒီမိုက ရေစီတူဒေးသို့ ပြောသည်။
အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာ အချောထည်ပြပွဲကာလအတွင်းဝယ်ယူသူများအနေဖြင့် ကျပ်ငါးသိန်းဖိုးပြည့်တိုင်း iPhone၊ iPad  နှင့်ရွှေဒင်္ဂါးများ ကံစမ်းနိုင်မည့် ကူပွန်တစ်စောင် ရရှိမည်ဖြစ်ပြီး Lotte Hotel တွင် ကန်ဒေါ်လာ၅ သောင်းဖိုးနှင့်အထက် ဝယ်ယူသူတိုင်းအတွက် နှစ်ညတာတည်းခိုခွင့်၊ ကန်ဒေါ်လာတစ်သိန်းဖိုးနှင့် အထက်ဝယ်ယူသူတိုင်းအတွက် လေးညတာတည်းခိုခွင့် ရရှိမည် ဖြစ်ကြောင်းသိရသည်။
 
 
TEEP#democracytoday
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။