Lotayamm

search
မာတိကာ

contents

သတင်းများ

ပြည်တွင်း ပဲစားသုံးမှု မြင့်တက်လာစေမည့် နည်းလမ်းတစ်ခု အဖြစ် ပဲစင်းငုံနှင့် မတ်ပဲ ခွဲခြမ်းများ ပြုလုပ်ကာ ချက်ပြုတ်နည်းပါ တွဲ၍ ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူးရောင်းချပေးနေ

နေ့ရက်:
Oct 11, 2017


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
''ပဲခွဲခြမ်းလုပ်တဲ့စက်ရုံတွေကနေတာဝန်ယူပြီး ချက်ပြုတ်နည်း တွေနဲ့အတူထုပ်ပိုးပြီး ပြည်တွင်းစားသုံးမှုမြင့်လာဖို့ကိုဆောင်ရွက်နေတာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။ လက်ရှိတွင် မတ်ပဲနှင့်ပဲစင်းငုံတို့ ကို နိုင်ငံ ၂ဝခန့်သို့ တင်ပို့နေရသော်လည်း အိန္ဒိယနိုင်ငံဈေးကွက် မရှိ တော့သည့်အတွက် ပဲဈေးကွက်မှာ ထိခိုက်နေဆဲဖြစ်ကြောင်းသိရသည်။ မတ်ပဲနှင့်ပဲစင်းငုံတို့ကို အခြေ ခံနှုန်းတစ်ခုသတ်မှတ်ကာ ဝယ်ယူ နေပြီဖြစ်သော်လည်း လာရောင်းသူ မရှိသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။  စက်တင်ဘာ ၁၁ ရက်မှစ၍ မတ်ပဲ  FAQ  (၂ဝ၁၇  Crop ) တစ်တန်လျှင် ကျပ်ငါးသိန်းနှင့် ပဲစင်းငုံအနီ (၂ဝ၁၇ Crop ) တစ်တန်လျှင် ကျပ်လေးသိန်းနှုန်းဖြင့် သတ်မှတ်ကာဝယ်ယူနေခြင်းဖြစ် ကြောင်း သိရသည်။
 
ပဲဈေး အလွန်အမင်း ကျဆင် မှုမဖြစ်ပေါ်စေရန် အစိုးရကကျပ် ဘီလီယံ ၅ဝ နှင့် ပုဂ္ဂလိကက ကျပ် ဘီလီယံ ၅ဝ တို့ စုပေါင်းပြီး ပဲဈေးနှုန်း သတ်မှတ်ဝယ်ယူမည့် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ကျပ်ဘီလီယံ ၁ဝဝ ရန်ပုံငွေ အစီအစဉ်အရ အစိုးရပါဝင်ရမည့် ကျပ်ဘီလီယံ ၅ဝ ကိုမူ တောင်းခံထားဆဲဖြစ်ကြောင်း သိရသည်။ မတ်ပဲ FAQ/RC (၂ဝ၁၇ Crop ) တစ်တန်လျှင် ကျပ်ငါးသိန်း လေးထောင်နှင့် ပဲစင်းငုံအနီ DRC  (၂ဝ၁၇ Crop )တစ်တန်လျှင် ကျပ်သုံးသိန်းရှစ်သောင်းခုနစ် ထောင်ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်၏ဈေးနှုန်းများအရ သိရသည်။ 
 
TTMT
#democracytoday