Lotayamm

search
မာတိကာ

contents

သတင်းများ

ကောလာဟလသတင်းများကြောင့် ဝါးခယ်မမြို့ရှိ ကုန်စုံဆိုင်များ အရောင်းအဝယ်နည်းနေပြီး ခရီးသွားများပါ လျော့နည်းနေ

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
ဝါးခယ်မမြို့နယ်ရှိ ကုန်ပစ္စည်းမျိုးစုံအရောင်းဆိုင်များသည် ကျေး ရွာအသီးသီးမှ ပြည်သူများအား အဓိကထား ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်နေကြရခြင်းဖြစ်ပြီး ယခုအခါတွင် ကောလာဟလသတင်းများ ကြောင့် ဈေးဝယ်သူများလျော့နည်း နေသောကြောင့် ကျေးရွာ အသီးသီး နှင့် ဝါးခယ်မမြို့သို့ နေ့စဉ်ခုတ်မောင်း ပြေးဆွဲလျက်ရှိသော ရေယာဉ်လိုင်း များတွင်လည်း ခရီးသည်စီးနင်းလိုက် ပါမှု လျော့နည်းလျက်ရှိနေသည်။
''ကျွန်တော်တို့ ရေယာဉ်လိုင်း ကတော့ နေ့တိုင်းမြို့ကို ပြေးဆွဲပေး နေတယ်။ သုံးရက်လောက်ရှိပြီ။ ခရီး သည်နည်းသွားတာ။ ဒီနေ့ဆိုလည်း  မြို့ကိုကိုယ်တိုင်ဈေးတက်ဝယ်တာ မျိုးရှိသလို ကျွန်တော်တို့နဲ့ ဈေးမှာ တာက ပိုများတယ်။ ကောလာဟလ ကတော့ သိတဲ့အတိုင်း ဟိုလူက ဘာဖြစ်မယ်ကြားတယ်ပြောလိုက်၊ ဒီလူကဘာဖြစ်မယ်ကြားတယ် ပြော လိုက်နဲ့အစုံပါပဲ။ အခုတော့ ကျေး ရွာကလူတွေ တော်တော်များများ လည်း သဘောပေါက်နေကြပါပြီ။ တအားကြီး အထိတ်တလန့်တော့ မရှိပါဘူး''ဟု ရေယာဉ်ပိုင်ရှင်တစ်ဦး က ပြောသည်။
မကြာမီရက်ပိုင်းက မြန်မာ နိုင်ငံအတွင်းရှိ မြို့ကြီးအချို့ကို အစွန်းရောက်အကြမ်းဖက်အဖွဲ့များက တိုက်ခိုက်မှုများပြုလုပ်မည် ဆိုသောသတင်းများကြောင့် ကောလာဟလသတင်းအချို့ ထွက်ပေါ် နေကာ မြို့နယ်အသီးသီး၌ လုံခြုံ ရေးများ ဆောင်ရွက်နေကြ ရကြောင်း သိရသည်။                 
HTH, DemocracyToday