Lotayamm

search
မာတိကာ

contents

သတင်းများ

GAP နည်းပညာဖြင့် စိုက်ပျိုးထားသော သိပ္ပံနှမ်းနက်(စမုံနက်)များကို ကုန်သည်များက ဈေးတိုးမြှင့်ဝယ်ယူနေ

နေ့ရက်:
Sep 13, 2017


အမျိုးအစား :
စီးပွားရေးသတင်းများ
yangonmedia
'' GAP နည်းပညာဖြင့်   စိုက်ပျိုးထားသော   သိပ္ပံနှမ်းနက်(စမုံနက်) များကို   ကုန်သည်များက   ဈေးတိုးမြှင့်ဝယ်ယူနေ နည်းနဲ့စိုက်ပျိုးထားတဲ့ စမုံနက်နှမ်းတွေကို သန့်စင်ပြီး ဓာတ်ကြွင်းစမ်းသပ်တဲ့အခါ ဓာတ်ကြွင်း၂ ကနေ ၃ ကြားရှိတဲ့အတွက် ဝယ်လက် ကုမ္ပဏီတွေခွင့်ပြုတဲ့ စံနှုန်းအရ ၄၅ ပိဿာတစ်အိတ်ကို ကျပ် ငါးထောင်ပိုပေးပြီး ဈေးမြှင့် ဝယ်ယူနေပါတယ်''ဟု မြို့နယ်ကုန် သည်ကြီးများအသင်းဥက္ကဋ္ဌဦးညာဏ် လွင်က ပြောကြားသည်။
GAP (Good Agriculter Practice) စိုက်ပျိုးနည်းမှာစိုက်ပျိုး မည့်မြေနေရာရွေးချယ်ခြင်း၊ စိုက်ပျိုး ရေး၊ မျိုးစေ့၊ ပျိုးပင်မြေသြဇာနှင့်  မြေဆီလွှာဖြည့်စွက်ပစ္စည်းများ၊ ဓာတုဆေးများအသုံးပြုမှု၊ အပင်ပြုစု စောင့်ရှောက်ခြင်း၊ အသုံးပြုကိရိယာများ၊ ရိတ်သိမ်းခြင်းနှင့် ထွက်ကုန် ပြုပြင်ခြင်းသိုလှောင်ခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းအဆောက်အအုံများ နှင့် တိရစ္ဆာန်၊ ဖျက်ပိုးများထိန်းချုပ် ခြင်းလုပ်ငန်းများစတင်ဆောင်ရွက်သည့်နေ့မှစ၍ စနစ်တကျမှတ်တမ်း ရေးသွင်းကာ စိုက်ပျိုးသောနည်း ပညာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုး ရေးရုံးမှ သိရသည်။
အောင်လံမြို့နယ်အတွင်း GAP နည်းပညာဖြင့် ယခုနှစ်စတင် စိုက်ပျိုးသောကျေးရွာများ မှာကွမ်းလောင်အုပ်စုကွမ်းလောင် ကျေးရွာတွင် တောင်သူ ၂၂ ဦးမှဧက ၆ဝ၊ ကလုံမှော်အုပ်စုကလုံမှော်ကျေး ရွာတွင်တောင်သူ ၁၁ ဦးမှ ဧက ၂ဝ၊ တယ် ပင်အုပ်စုရေပေါ်ကျေးရွာ မှ တောင်သူ ၃၃ ဦးမှဧက၊ ၂၃၉ ဧက၊ ကျားသေအုပ်စုအလယ်ရွာ ကျေးရွာတောင်သူ ၃၆ ဦးမှ ၃၂၈ ဧက၊ ရွာမထုံးအုပ်စု ရွာမထုံးကျေးရွာ များမှ တောင်သူ ၃ဝ မှ ဧက ၁၆၉ ဒသမ ၅ဝ၊ စုစုပေါင်းတောင်သူ ၁၃ဝ ရှိပြီး ဧက ၈၁၆ ဒသမ ၅ဝ ဧက စိုက်ပျိုးထားသည်။
အောင်လံသီးနှံကုန်စည်ဈေး ကွက်တွင် သိပ္ပံနှမ်းနက် (စမုံနက်) ၄၅ ပိဿာတစ်အိတ်လျှင် ကျပ် ၁၂၂ဝဝဝ ဈေးရှိပြီးရန်ကုန်ကုမ္ပဏီ ငါးခုနှင့် မန္တလေးဝယ်လက်ကုမ္ပဏီ ငါးခုမှ ဝယ်ယူလျက်ရှိကာ ဂျပန် နိုင်ငံသို့တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
HT(AL), DemocracyToday