Lotayamm

search
မာတိကာ

contents

သတင်းများ

အောင်လံမြို့တွင် အက်စစ်ဓာတ်လျော့နည်းသော နှမ်းနက်များသာ စစ်ဆေးဝယ်ယူ

နေ့ရက်:
Sep 12, 2017


အမျိုးအစား :
စီးပွားရေးသတင်းများ
7daydaily
မကွေးတိုင်း သရက် ခရိုင်ထွက် အောင်လံသိပ္ပံနှမ်းနက် များကို အဝယ်ကုမ္ပဏီကြီးများ၏ ညွှန်ကြားချက်အရ အက်စစ်ဓာတ်ပါဝင်နှုန်း လျော့နည်းမှသာ စစ် ဆေးဝယ်ယူကြောင်း အောင်လံ ကုန်သည်နှင့်စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဉာဏ်လွင်က ပြောသည်။
သိပ္ပံနှမ်းနက်များရှိ အက်စစ် နှုန်းစစ်ဆေးသော ကိရိယာများ ကို ကုမ္ပဏီက ပံ့ပိုးပေးပြီး စစ်ဆေး ချက်ရလဒ်ကောင်းမွန်မှသာ ဝယ် ယူကြောင်း ၎င်းက ပြောသည်။
‘‘အဝယ်တော်ကုမ္ပဏီတွေ က သိပ္ပံနှမ်းနက်မှာ အက်စစ်ဓာတ်ပါဝင်နှုန်းမြင့်မားတာကို စိုးရိမ်ကြ ပါတယ်။ ဒါကြောင့် စစ်ဆေးတဲ့ ကိရိယာအသုံးပြုတဲ့ ပစ္စည်းတွေ လည်း ပေးအပ်ထားတယ်။ ဒါ လေးနဲ့ စစ်ဆေးပြီး အက်စစ်ပါဝင် နှုန်းပြမှာ သုညကနေ သုံးအထိသာ ပါဝင်တဲ့နှမ်းကို ကုမ္ပဏီကြီး တွေက အလွန်သဘောကျကြတဲ့ အတွက် အဲဒီလိုစစ်ဆေးပြီး ဝယ်ယူနေပါတယ်’’ဟု ဦးဉာဏ်လွင် က ပြောသည်။
နှမ်းဆီထွက်ကိရိယာဖြင့် ဆီ အနည်းငယ်ထုတ်ယူကာ အက် စစ်ပါဝင်မှုနှုန်း စစ်ဆေးနိုင်သည့် (Stick)ဖြင့် စစ်ဆေးဝယ်ယူသော အခါ အောင်လံမြို့နယ်အတွင်းသို့ ရောက်ရှိသည့်နှမ်းအများစုသည် အက်စစ်ဓာတ်ပါဝင်နှုန်းနည်းပါး သည်ကို စစ်ဆေးတွေ့ရှိကြောင်း အောင်လံစားသုံးသူရေးရာဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မျိုး မင်းက ပြောသည်။
အောင်လံမြို့နယ်အတွင်း အလေ့အကျင့်ကောင်းများဖြင့် စိုက်ပျိုးခြင်းနည်းစနစ် (ဂျီအေပီ စနစ်)ဖြင့် စိုက်ပျိုးထားသောသိပ္ပံ နှမ်းနက်စိုက်ခင်းဧက ၈၀၀ ကျော် ရှိပြီး ယင်းစိုက်ခင်းထွက် သိပ္ပံနှမ်း နက်များတွင် အက်စစ်ဓာတ်ပါဝင် နှုန်း သုညသာ ရှိသောကြောင့် ပေါက်ဈေးထက် ဈေးပိုပေးကာ ဝယ်ယူနေကြောင်း ၎င်းက ဆို သည်။
လက်ရှိ အောင်လံပွဲရုံများသို့ နှမ်းမျိုးစုံဝင်ရောက်မှုသည် တစ် နေ့လျှင် ၂၅ ပိဿာဝင်အိတ် ၄,၀၀၀ ကျာ် ပုံမှန်ဝင်ရောက်နေ ပြီး ယခုရက်ပိုင်း ဈေးအနည်းငယ် ကျဆင်းနေကြောင်း ဦးဉာဏ်လွင်က ဆိုသည်။
‘‘နှမ်းက အဝယ်နည်းလို့ ဈေးကျတာမဟုတ်ဘူး။ အခုရက်ပိုင်း က အဝင်များတဲ့အခါမှာ ငွေစိုက်  ထုတ်ရင်းနှီးနိုင်မှု အားနည်းကြ တော့ ဈေးအေးတဲ့ သဘောပါ။ ယခင်စဖွင့်တဲ့ဈေးထက် ၇,၀၀၀ ဝန်းကျင်လောက် ကျသွားတာ ပေါ့လေ’’ဟု ၎င်းက ပြောသည်။
စက်တင်ဘာ ၈ ရက်တွင်အောင်လံ သိပ္ပံနှမ်းနက်ပေါက်ဈေးသည် ၄၅ ပိဿာရှိ သုံးတင်းလျှင် ကျပ် ၁၂၂,၀၀၀ ဈေးဖြင့်အရောင်း အဝယ်ဖြစ်နေသည်။