contents

သတင်းများ

သင့်ရဲ့စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ကို ဖော်ထုတ်ပေးမယ့် စမ်းသပ်ချက်

နေ့ရက်:
Sep 10, 2019 09:15:00


အမျိုးအစား :
ဗေဒင်
Lotayamm

 



Shutterstock/By FGC



 



သင့်ကိုယ်သင်ဇာတ်လမ်းလေးတစ်ပုဒ်ထဲ ရောက်နေတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ အဲဒီနေ့က သိပ်သာယာတာပဲ။ ဒါကြောင့် သင်ဟာ အိမ်ထဲမှာမနေဘဲ ရပ်ကွက်ထဲတစ်ပတ် လမ်းလျှောက်ဖို့ ထွက်လာခဲ့ပါတော့တယ်။ လူတွေတွေ့မယ်၊ လမ်းမှာ ကော်ဖီဆိုင်လေးတစ်ဆိုင်လည်းတွေ့မယ်။ ကော်ဖီဆိုင်အကျော် ခပ်လှမ်းလှမ်းလောက်မှာတော့ ဆိတ်ငြိမ်ရပ်ကွက်လေးရှိတာကြောင့် လမ်းအေးအေးဆေးဆေးလျှောက်ဖို့ အဲဒီဖက်ကိုဦးတည်လိုက်ပါတယ်။ လူသူရှင်းတော့ သင့်အနေနဲ့ လွတ်လွတ်လပ်လပ်လည်း လမ်းလျှောက်လို့ရတာပေါ့။



 





Shutterstock/stock_SK



တစ်နေရာအရောက်မှာတော့ တခြားအိမ်တွေလို ပုံစံရိုးရိုးကြီးမဟုတ်ဘဲ သိပ်ချစ်ဖို့ကောင်းတဲ့ အိမ်လေးတစ်လုံးကို သင်တွေ့လိုက်ခဲ့ပါတယ်။ အိမ်ကိုကြည့်လိုက်တာနဲ့ သင်အရင်ဆုံးသတိထားမိခဲ့တာကတော့ အိမ်တံခါးပါ။ အိမ်တံခါးက ဟနေခဲ့တာပါ။ ဘာကြောင့် တံခါးပွင့်နေသလဲလို့သင်ထင်ပါလဲ။



 



(၁) အိမ် အဖောက်ခံထားရတာ။



(၂) အိမ်ရှင်က အပြင်မသွားခင် ပိတ်ဖို့မေ့သွားတာ။



(၃) အထဲမှာ အိမ်ရှင်တွေရှိနေလို့ တံခါးဖွင့်ထားတာ။



 



 



အပေါ် ၃ ခုထဲက တစ်ခုကိုရွေးချယ်ပြီးသွားပြီဆိုရင်တော့ ဒီတစ်ခေါက်မှာ ဘယ်လိုအကြောင်းအရာလေးမျှဝေသွားမလဲဆိုတာ ပြောပြသွားမှာပါ။ တံခါးဆိုတာ အိမ်တစ်အိမ်မှာ အရင်ဆုံးကြုံရမယ့် ကာကွယ်ရေးနေရာပါ။ အတွင်းကတစ်ခုခုကိုဖုံးကွယ်ထားချင်တဲ့အခါ သုံးတဲ့အရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ဒါကြောင့် သင်ရွေးချယ်လိုက်တဲ့ အဖြေ ၃ ခုပေါ်မူတည်ပြီး သင့်အနေနဲ့အများကို လူမသိစေချင်လို့ တံခါးပိတ်ထားတဲ့ စိတ်နေစိတ်ထားအခြေအနေတွေကို ပြောပြပေးသွားမှာပါ။



 



(၁) အိမ် အဖောက်ခံထားရတာ။





Shutterstock/Lucky Business



ဒီအဖြေကို ရွေးချယ်ခဲ့တယ်ဆိုရင်တော့ သင်ဟာ ဖြစ်လာသမျှအခြေအနေတိုင်းမှာ မတည်ငြိမ်ဆုံးလူပါပဲ။ ဆိုလိုတာ အဆိုးဘက်ရောက်တဲ့အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ သင့်အနေနဲ့ စိတ်တွေလှုပ်ရှားလာမယ်၊ ဇောချွေးတွေပြန်လာပြီး မလိုအပ်ဘဲ စိုးရိမ်လွန်လာကာ ကိစ္စတိုင်းကိုတစ်ဆုံးတွေးတွေးပြီးကြောက်တတ်သူပါ။ ဒါပေမဲ့ သင်ဒီလိုဖြစ်နေတာကို တခြားလူကသာ သေသေချာချာမကြည့်ဘူးဆိုရင် တည်ငြိမ်လွန်းတယ်လို့ အပြင်ပန်းမြင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့တကယ်တမ်းတော့ သင့်ရင်ထဲမှာ ဗြောင်းဆန်နေပါပြီ။ ဒါကြောင့် ကိစ္စတိုင်းကို အခုလိုမျိုး အလွန်အကျူးစိုးရိမ်မပူပန်ဖို့ စလာခဲ့ပြီဆိုရင် မျက်လုံးကိုမှိတ်၊ အသက်ကို တစ်ဝရှူသွင်းရှူထုတ်လုပ်ကာ စိတ်တည်ငြိမ်အောင်ထားသင့်ပါတယ်။



 



 



(၂) အိမ်ရှင်က အပြင်မသွားခင် ပိတ်ဖို့မေ့သွားတာ။





Shutterstock/A-photographyy



ဒီအဖြေလို့ထင်ရင်တော့ သင်ကတော့ ဘယ်လောက်ဆိုးရွားတဲ့အခြေအနေမျိုးပဲကြုံကြုံ၊ ဘယ်သူတွေဘယ်လိုပဲ စိတ်လှုပ်ရှားရှား၊ လုံးဝမတုန်လှုပ်တဲ့သူကြီးပေါ့။ ကိုယ့်ကိုမကောင်းပြောမလား၊ ရာသီဥတုဆိုးရွားတာတွေကြုံမလား၊ နာရေးသာရေးသတင်းတွေအထိ ကိုယ်နဲ့မဆိုင်သလိုပါပဲ။ တခြားလူက “ဒါဒီလိုဖြစ်သွားပြီ” လို့လာပြောရင် “သြော်..အင်း” ဆိုတဲ့လူစားမျိုးပေါ့။ ဒါပေမဲ့ အပြင်ကကြည့်ရင်တော့ သင့်ကို ဒီလောက်တည်ငြိမ်လိမ့်မယ်ဆိုတာ ဘယ်သူမှ ထင်မနေတတ်ကြဘဲ ဟန်ဆောင်လုပ်ယူနေတယ်လို့ ထင်တတ်ကြပါသေးတယ်တဲ့။



 



(၃) အထဲမှာ အိမ်ရှင်တွေရှိနေလို့ တံခါးဖွင့်ထားတာ။





Shutterstock/Impact Photography



ဒီအဖြေကို ရွေးချယ်ခဲ့တယ် ဆိုရင်တော့ သင်ဟာ အရမ်းတည်ငြိမ်တဲ့လူလည်းမဟုတ်၊ အရမ်းကြီးစိုးရိမ်လွန်ကာ ပျာယာခတ်နေတဲ့သူလည်းမဟုတ်ဘဲနဲ့ ဒီနှစ်ခုကြားမှာ ရှိတယ်လို့ဆိုနိုင်ပါတယ်။ စိတ်ကိုတတ်နိုင်သလောက်အတည်ငြိမ်ဆုံး ထားပေမယ့်လည်း ဒုတိယတစ်ခုလောက် ဖာသိဖာသာမပြုမူသလို ပထမတစ်ခုလောက်လည်း ခြေမကိုင်မိလက်မကိုင်မိ ဖြစ်မနေဘဲ သတိလေးတော့ အမြဲကပ်ထားတဲ့အသင့်အနေအထားတစ်ခုမှာ ရှိနေတာပါ။



 



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။