contents

သတင်းများ

သင့်ရဲ့လူမှုရေးပြဿနာတွေကို ဖော်ထုတ်ပေးနိုင်တဲ့ စိတ်ပညာစမ်းသပ်ချက်

နေ့ရက်:
Sep 8, 2019 09:45:00


အမျိုးအစား :
ဗေဒင်
Lotayamm

Shutterstock/By Lori Martin



လူရယ်လို့ဖြစ်လာရင် ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့နေ့တဒူဝ ပြောဆိုဆက်ဆံနေရသူတွေတော့ ရှိမှာပါပဲ။ မိဘဆွေမျိုး၊ မိတ်ဆွေသူငယ်ချင်း၊ ချစ်သူရန်သူ….စတဲ့ ပတ်ဝန်းကျင်ကလူတွေအပေါ် သင့်အနေနဲ့ ဘယ်လိုမျိုးတွေ ပြုမူဆက်ဆံနေသလဲ၊ သူတို့နဲ့ဘယ်လိုအခြေအနေမျိုးတွေ ရှိနေသလဲဆိုတာ ဒီမေးခွန်းလေးတွေဖြေရင်း ဆန်းစစ်ကြည့်လိုက်ရအောင်ပါနော်။



 





Shutterstock/A. and I. Kruk



မေးခွန်း (၁) အိမ်မှာတစ်ယောက်တည်းရှိနေတုန်း သင်ဟာ စာအုပ်တစ်အုပ်ကို အေးအေးလူလူဖတ်နေခဲ့ပါတယ်။ ရုတ်တရက်တံခါးခေါက်သံကြားလိုက်ရတဲ့အခါ ဘယ်သူလဲလို့တံခါးပေါက်ကနေချောင်းကြည့်တော့ တစ်ခုခုကိုပြင်တဲ့သူတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ ဘယ်လိုလူလို့ သင်ပုံဖော်မိပါသလဲ။



(က) လျှပ်စစ်ပြင်သူ



(ခ) ရေပိုက်ပြင်သူ



(ဂ) အဲကွန်းပြင်သူ



(ဃ) တီဗီပြင်သမား





 



Shutterstock/Alexander Peskov



 



မေးခွန်း (၂) သင့်ကိုယ်သင် မကြာခင်မှာသီချင်းခွေထွက်မယ့် စူပါစတားတစ်ယောက်လို့ပဲဆိုပါတော့။  သင့်အခွေရဲ့မျက်နှာဖုံးပုံကို သင်ဘယ်လိုပုံမျိုး ထားချင်လဲ အကြမ်းဖျဉ်းရွေးကြည့်ပါလား။



(က) ရှုခင်းပုံလေး



(ခ) ကာတွန်းဆန်ဆန်ပုံတွေ



(ဂ) စိတ္တဇဆန်ဆန်ပန်းချီလက်ရာ



(ဃ) ကိုယ့်ပုံပဲ သုံးမယ်



 



 





Shutterstock/Macrovector



မေးခွန်း (၃) သင့်သူဌေးက သင့်ကိုစမ်းသပ်တဲ့အနေနဲ့ စာရွက်တစ်ရွက်ကို ထက်ပိုင်းညှပ်ခဲ့ပါလို့ ခိုင်းလိုက်တယ်ဆိုပါစို့။ သင့်အနေနဲ့စာရွက်ကိုဘယ်လိုပုံစံမျိုးဖြစ်အောင် ညှပ်မလဲ?



(က) ရိုးရိုးပဲမျဉ်းဖြောင့်ချည်းညှပ်ချလိုက်မယ်



(ခ) လှိုင်းတွန့်ပုံသဏ္ဍာန်လိုညှပ်မယ်



(ဂ) သွားချွန်ချွန်တွေပုံစံရှိတဲ့ ဇစ်ဇက်ပုံညှပ်မယ်



(ဃ) စက်ဝိုင်းလမ်းကြောင်းလိုမျိုး ကွေးကွေးလေးညှပ်မယ်



 



 





Shutterstock/Srdjan Randjelovic



မေးခွန်း (၄) ခင်ဗျားသာသက်သေရမယ်ဆိုရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ သတ်သေချင်မိလဲ?



(က) သေနတ်နဲ့ကိုယ့်ကိုယ်ကိုပစ်သတ်



(ခ) ဆေးလွန်အောင် အိပ်ဆေးသောက်



(ဂ) ကြိုးဆွဲချ



(ဃ) အဆောက်အဦးပေါ်ကနေခုန်ချ



 





Shutterstock/ Irina Suglobova



မေးခွန်း (၅) ကိတ်မုန့်တစ်လုံးမှာဆိုရင် သင့်အနေနဲ့ဘယ်အပိုင်းကို အစားချင်ဆုံးလဲ?



(က) ထူးထူးဆန်းဆန်းအလှဆင်ထားတဲ့အပိုင်းလေး



(ခ) အရမ်းချိုအီလောက်မယ်ဆိုတဲ့အပိုင်း



(ဂ) ချောကလတ်ကိတ်မုန့်သား



(ဃ) ဝေဖာပါတဲ့အပိုင်းလေး



………………………………………………………………



ကိုယ်ရွေးချယ်ခဲ့တဲ့ အက္ခရာတွေကိုမှတ်ထားပြီးပြီလို့ထင်ပါတယ်။ ဒါဆို ရလဒ်လေးတွေဖတ်ကြည့်လိုက်ရအောင်လား။



မေးခွန်း (၁) ဒီမေးခွန်းက သင့်မိသားစုမှာ ရှိနေတဲ့ ပြဿနာ(သို့) လိုအပ်နေတဲ့အရာကို အောက်ပါအတိုင်း ဖော်ထုတ်ပေးနိုင်ပါတယ်။



(က) မိသားစုဝင်များကြား နွေးထွေးပွင့်လင်းတဲ့ဆက်ဆံရေး



(ခ) မိသားစုဝင်အချင်းချင်း နားလည်မှု



(ဂ) မိသားစုကိုအဆင်မပြေအောင်လုပ်နေတဲ့ ပြင်ပ ပယောဂတွေ



(ဃ) မိသားစုအတွင်း ပျော်ရွှင်မှု



 



မေးခွန်း (၂) တခြားလူတွေကိုလည်းမြင်စေချင်နေတဲ့ ကိုယ့်ရဲ့စိတ်သဘောထားလေးက



(က) နူးညံ့ပြီးမနောကောင်းတယ်ဆိုတာလေး



(ခ) အပေါင်းအသင်းတွေကိုချစ်တယ်၊ ဘေးမှာရှိတဲ့လူတွေကိုပျော်အောင်လုပ်ပေးနေတယ်ဆိုတာလေး



(ဂ) ထက်မြက်တယ်၊ ထူးချွန်တယ်ဆိုတာမြင်စေချင်ပြီးတော့



(ဃ) ကတော့ ယုံကြည်မှုအပြည့်ရှိတယ်၊ ခေါင်းဆောင်ချင်တယ်ဆိုတဲ့စိတ်ထားလေးတွေကို မြင်စေချင်ပါတယ်တဲ့။



 



မေးခွန်း (၃) လက်ရှိအချစ်ရေးနဲ့ပြတ်စဲတော့မယ်ဆိုရင် သင့်ဖက်ကအနေအထားကရော ဘယ်လိုရှိသလဲဆိုတာကို ပြောပြပေးသွားမှာပါ။



(က) ကိုရွေးချယ်ခဲ့မယ်ဆိုရင်တော့ နောင်တရစရာမလိုဘဲ တိခနဲဖြတ်နိုင်နေပါပြီတဲ့



(ခ) ကတော့ ဘယ်လိုမှ မပြတ်နိုင်သေးပါဘူး



(ဂ) ပြတ်မယ်ဆိုရင်တောင် ဒေါသတွေထွက်၊ နစ်နာအောင်တွေပြောဆိုပြီးမှ ပြတ်မယ့်သဘောပါ



(ဃ) ညင်ညင်သာသာပါပဲ၊ ဖြတ်စရာရှိတာဖြတ်လိုက်မယ် ပြီးမှခံစားရတာကိုယ့်အလုပ်ဆိုတဲ့သူမျိုးပါ။



မေးခွန်း (၄) သင့်ဝင်ငွေကို ဘယ်လိုထိန်းချုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာဖြစ်ပါတယ်။



(က) ကပ်စေးကလည်းနည်းသေးတယ်၊ ပိုင်ဆိုင်မှုကိုလက်ဆုတ်လက်ကိုင်ပြနိုင်လားဆိုတော့လည်း မပြနိုင်တဲ့သူမျိုး



(ခ) ခင်ဗျားကတော့ တကယ့်စီးပွားရေးသမားပဲ။ ဘယ်ကနေငွေဝင်နိုင်တယ်ဆိုတာ ကြိုမြင်၊ ကြိုသိနေပြီး မရမရအောင်လည်း လုပ်တတ်သတဲ့



(ဂ) ကတော့ ဝင်လာသမျှငွေကို စည်းစနစ်နဲ့သုံးပြီး ပိုက်ဆံလည်းစုတတ်တယ်



(ဃ) လက်ထဲငွေရှိတာနဲ့ ပြောင်ရော၊ သုံးတာ..သုံးတာ..



 



မေးခွန်း (၅) သင့်ရဲ့ခံယူချက်၊ စိတ်နေစိတ်ထားကတော့



(က) ဖက်ရှင်ကျတယ်၊ အမြဲတမ်းလိုလိုသင့်ပတ်ဝန်းကျင်ကလူတွေ သင့်ကိုမြင်လိုက်တာနဲ့ ဖက်ရှင်လား၊ ကိုယ်နေဟန်လား၊ ထူးချွန်တာကိုလား တစ်ခုမဟုတ်တစ်ခုအတွက်နဲ့ ကောင်းသောအံ့သြခြင်းနဲ့ ကြုံတွေ့နေရမယ်



(ခ) လူတွေနဲ့နေရတာကြိုက်တယ်၊ သူတို့ရဲ့အပူတွေကို မျှဝေခံစားဖြေရှင်းပေးချင်တဲ့လူမျိုးပါ



(ဂ) ခင်ဗျားကတော့ ဘယ်နေရာမဆို ဦးဆောင်ချည်းနေရတာပါပဲ



(ဃ) စိတ်ထိခိုက်လွယ်တယ်၊ စိတ်နုတယ် ဒါပေမဲ့ ရိုမန်တစ်ဆန်ပြီး အမြဲတမ်းချစ်ရသူနဲ့ မင်္ဂလာဘယ်လိုဆောင်မလဲဆိုတာ စိတ်ကူးယဉ်နေတတ်တဲ့ အချစ်သမားလေးပေါ့



 



 



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။