contents

သတင္းမ်ား

ကၽြန္ေတာ္နွင့္္အင္တာဗ်ဴး (၁)

ေန႔ရက္:
Sep 7, 2019 09:30:00


အမ်ိဳးအစား :
ေဗဒင္
Lotayamm

          ေမာင္ပြ တစ္ေယာက္ ရင္ေတြ ပရမ္းပတာ ခုန္ေန၏။ ရည္းစားဆီက အေျဖရခါနီးမို႔လား ဆိုေတာ့ မဟုတ္ဘူး။ သူ႔ဘ၀အတြက္ အေရးႀကီးေသာ အလုပ္အကိုင္ရရွိရင္အတြက္ အင္တာဗ်ဴးေျဖဆိုရန္ အခန္းအျပင္ဘက္တြင္ ေစာင့္ဆိုင္းေနရျခင္းေၾကာင့္ ျဖစ္သည္။ သည္အလုပ္ရဖို႔အတြက္ ေမာင္ပြ နယ္မွ ရန္ကုန္သို႔ တက္ကာ အင္တာဗ်ဴး လာေျဖျခင္း ျဖစ္ေလရာ နယ္တြင္ ဇနီးျဖစ္သူ က်န္ရွိခဲ့ေလသည္။ အေရွ႕က ေျဖဆိုနွင္႔ၿပီးေသာ လူမ်ားကေတာ့ ထြက္လာၾကသည္မွာ မ်က္နွာမေကာင္းၾက ။ ေမာင္ပြသည္ ဘုရားစာ ရြတ္ေနရံုက လြဲျပီး ဘာမွ မတတ္နိုင္။



          “ ကလင္…ကလင္….ကလင္”



          ေဟာ အခန္းထဲမွ ေမာင္ပြအား အထဲ၀င္ရန္ အခ်က္ေပးဘဲလ္သံ ထြက္ေပၚလာေခ်ၿပီ။ ေမာင္ပြ မ်က္နွာေပၚတြင္ ျပန္ေနေသာ အဆီမ်ားကို ပုဆိုးနွင့္ ပြတ္လိုက္သည္ ထို႔ေနာက္ ပုဆိုးျပင္၀တ္ကာ ခန္းဆီးေလးအား မ အထဲသို႔ လွမ္း၀င္လိုက္သည္။ အခန္းထဲတြင္ လူႀကီးသံုးေယာက္ထိုင္္ေနသည္။



          “ထိုင္ပါ “



         “ ကဲ… အေျခခံအခ်က္ေလးေတြ အရင္ေမးရေအာင္ ၊ နာမည္ေလး ေျပာပါဦး “



         “ ေမာင္ပြပါ ခင္ဗ်ာ “



         “ နာမည္အရင္းလား”



         “ ဟုတ္ကဲ့”



        “ ဘာလို႔ အဲ့ဒီနာမည္ ေပးထားတာလဲ”



        “ နွာေခါင္းပြလို႔ပါ”



        “ ငင္… ဟုတ္လား ၊မွန္း….ဟုတ္သား အႀကီးႀကီးပဲေညာ္”



        “ ဟြတ္ နွာေခါင္းပြေတာ့ ေအာက္စီဂ်င္ကို ပို၀င္တာေပါ့ခင္ဗ်ာ”



        “ ငင့္…ဟုတ္လို႔လား၊အိမ္က မိန္းမလည္း နွာေခါင္းပြပါတယ္။သူ႔က်ေတာ့ ပန္းနာရင္က်ပ္ ေရာဂါသည္”



         “ ဟြတ္….သူက ရိုးရိုးပြလို႔ ေနမွာပါ ၊ ကၽြန္ေတာ္ကရွယ္ပြေလ”



         “ ငင့္…အဲဒီလို ရွိေသးတာလား၊ ကဲ ကဲထားပါေလ၊ ဆက္ေမးရေအာင္ အေဖ အေမ နာမည္ေလး ေျပာပါဦး”



        “ ဦးေလအိုး ၊ ေဒၚပဲေလွာ္”



        “ ငင္…မ်ိဳးနဲ႔ ရိုးနဲ႔ ပြေပတာကိုး၊ ဒါနဲ႔ ေနပါဦး၊ဒီမွာ ေရးထားတာက မိဘနာမည္ ဦးဆာဒူး၊ ေဒၚမွန္ခ်ိဳဆို လြဲေနပါ့လား”



        “ ငင္…ဟုတ္ပါဘူး၊ ဦးေလအိုး၊ေဒၚပဲေလွာ္ေလ”



        “ ဟ….ဒီိမွာေရးထားတာက ဦးဆာဒူး ၊ေဒၚပဲေလွာ္ေလ”



        “င့င္…ဘုရား၊ဘုရား။ Crossing ၾကီး ေျပာေနပါလား။ မဟုတ္ပါဘူး ခင္ဗ်ာ ၊ဦးေလအိုး ေဒၚမွန္ခ်ိဳပါ။ ငင္..ငါပါ လြဲၿပီ၊ ခြင့္လြတ္ပါေတာ့ အေဖ”



        “ ကဲ…ဒုကၡပဲ၊ ဒီလို အေသးအဖဲြေလးကအစ လြဲေနရင္ေတာ့ ျပႆနာပဲ”



        “ တကယ္ပါဗ်ာ၊ယံုပါ၊  ဦးေလအိုး၊ ေဒၚပဲေလွာ္”



        “ ေအးေလ၊အဲဒါက မင္းအေျပာကိုး၊ ဒီမွာေရးထားတာက ဦးပဲေလွာ္၊ေဒၚေလအိုးေလ”



        “ ငင္….ထိပါစီးေတြလြဲေနျပန္ၿပီ၊ဘုရား…ဘုရား”



        “   ကဲ…ေမာင္ရင္ ၊ေနာက္ဆို ေဖာင္ျဖည့္ရင္ ေသေသခ်ာခ်ာ ျဖည့္ေလကြာ။ ဒီလိုကိစၥေတြပါ လိုက္မွားေနရင္ေတာ့ ေနာက္ဆို ဒီထက္ႀကီးေလးတဲ့ တာ၀န္ေတြ ေပးလာလို႔ လြဲရင္ဘယ္လိုလုပ္မလဲ၊ အခုပဲၾကည့္၊ ေမာင္ရင္ေျပာေတာ့ နာမည္က တစ္မ်ိဳး ၊ဒီမွာ ေရးထားတာက ဦးေလပဲ၊ ေဒၚအိုးေလွာ္ တဲ့”



        “ ငင့္….ဒါဆို စံုတြဲအသစ္လား”



        “ ငင့္…. ဟုတ္လား ၊မွားလို႔၊ ဦးဆာအိုး၊ ေဒၚမွန္ေလွာ္ေျပာတာ”



        “ ငင့္…ခုနက ဒီစံုတြဲ မပါပါလား။ဘုရား ဘုရား၊ ကၽြန္ေတာ့္ မိဘ ရွစ္ေယာက္ေလာက္ ျဖစ္ေနပါေရာ့လား”



       “ ေအးေလကြာ….ငါတို႔လည္း ေရာကုန္ျပီ။ ကဲ….တကယ္က ဦးဆာဒူး၊ ေဒၚေလအိူး မဟုတ္လား”



       “ ငင့္…ဘုရား ဘုရား၊လုပ္ျပန္ၿပီ ။ ကၽြန္ေတာ့္ အေဖက အေနာက္ေရာက္သြားျပန္ၿပီ ။အေရွ႕ျပန္တင္ေပးပါ”



       “ ဒါဆို ဦးေလအိုး၊ ေဒၚဆာဒူးလား”



       “ ခြီးးးးးးးး လည္ကုန္ၿပီ။ ကၽြန္ေတာ့္မိဘ နာမည္ေတြက ဘာေတြလဲဟင္”



       “  ေၾသာ္….မွတ္မိၿပီ ။ဦးပြ ၊ေဒၚဆာဒူး”



       “ ငင့္…ဒါႀကီးက ပိုၾကမ္းတယ္။ ကၽြန္ေတာ့္မိဘနာမည္က ေဒၚဆာဒူး မဟုတ္ဘူးေလ။ ၿပီးေတာ့ ဦးဆာဒူး မဟုတ္ဘူးလား။ ေယာက္်ားခ်င္းႀကီးဗ်ာ”



        “ အားးးးးေဆာရီး ေဆာရီး ။ငါဖတ္ေနတာက အေပၚက တစ္ေယာက္ရဲ့ မိဘနာမည္ေတြပဲ စာလံုးေတြကေသးေတာ့ အေပၚေအာက္ ေရာသြားတာ ေဆာရီးေညာ္”



      “ငင့္…. ေတာ္ေသးတာေပါ့ ။မဟုတ္ရင္ ကၽြန္ေတာ့္ အေဖခမ်ာ ပုဆိုး ေျပး ဝတ္လိုက္၊ ထဘီ ေျပးဝတ္လိုက္နဲ႔”



       သို႔နွင့္ အိုးနင္းခြက္နင္း ေျဖၿပီးသကာလ ေၾကာက္ေတာင္ေတာင္နွင့္ အင္တာဗ်ဴး ေအာင္သြားေလေရာ ။ နယ္တြင္ရွိေသာ မိန္းမထံသို႔ ဖုန္းဆက္ရန္ ဖုန္းဆိုင္ရွိရာသို႔ အေျပးသြား-



      “ ဟလို….ဟလို၊ မိန္းမလား။ဟားးးး မိန္းမေရ ၊ ေယာက္်ား အလုပ္ရၿပီ အားႀကီးလြမ္း၊ေသာက္ရမ္းခ်စ္၊ အာဘြားေတြ အျပြတ္လိုက္ေပးခ်င္ေနတာ။ မိန္းမရာ ေယာက္်ားကို အာဘြား မေပးခ်င္ဘူးလားငင္၊ အဟြတ္ဟြတ္”



       “ အခုေျပာေနတာ ေမာင္ပြလား၊ေအး..အန္တီပါ”



       “ ငင့္…ေယာကၼ၊ ဘုရား ဘုရား ၊ ကန္ေတာ့ပါ အန္တီ”



       “ ခဏေလး မင္းမိန္းမ လာျပီ”



       “ မိန္းမလား”



       “ ဟုတ္ပါတယ္”



       “ သက္ေသျပပါ”



       “ မဒမ္ပြ၊ မွတ္ပံုတင္အမွတ္ (၁၂/ ဘာညာ နိုင္ ၀၀၇”



        “ အိုေခ ၊ ဒါဆို ငါ့မိန္းမ ေသခ်ာျပီ ၊အမယ္ေလး….မိန္းမရယ္ ၊လြမ္းထွာ၊အာမႊား အာမႊား အဟြင္းဟြင္း “



         “ ေမာင္ပြလား ေအး…အန္တီပါ”



         “ ငင္…လာျပန္ျပီ ၊ေယာကၼမ ဘယ္ကေန ဘယ္လိုေရာက္လာရျပန္တာတံုး”



         “ ေအး…မင္းျပန္လာရင္ အန္တီ့ိအတြက္ ေသြးက်ေဆးေလး ၀ယ္လာပါကြယ္။ အာ့ေလးေျပာမလို႔”



         “ ဟြတ္ ဟြတ္”



         “ ေျပာ ေယာက္်ား “



         “ မိန္းမ ဒီတစ္ခါေတာ့ မင္းဆိုတာ ေသခ်ာပါျပီေနာ္”



          “ ေၾသာ္…ကၽဳပ္မွ က်ဳပ္ အစစ္ပါေတာ္ ၊ေျပာ”



          “ မိန္းမကို လြမ္းရို႕ ခ်စ္ရို႕ အာ့ေျပာမရို႕ ….ငိငိ “



           “ ေမာင္ပြလား အန္တီပါ”



           “ ခြီးးးးးးးးးးးးးးးး”



           “ ျပန္လာရင္ ေဂ်ဒိုးနတ္ေလး ၀ယ္ခဲ့လို႔ ေျပာမလို႔”



          “ ဟြတ္ ဟြတ္ “



          “ ေျပာ ေယာက္်ား”



          “ မိန္းမ မင္းအေမး ထြက္သြားတာ ေသခ်ာျပီေနာ္”



          “ ေၾသာ္…အခုပဲ အခန္းထဲ ျပန္၀င္သြားပါျပီေတာ္”



          “ ဟူးးးးးး မိန္းမရယ္၊ တကယ္ေက်ာတာ တိရား၊ မိန္းမကို ရႊတ္ရွလူးလူးလူးလူး”



           “ ေမာင္ပြလားးးးးးးးးအန္ကယ္ပါ”



            “ ငင္ “



           (တခ်ိဳ႕ေနရာမ်ားသည္ ဆရာ ၾကပ္ကေလး ေရးသားခဲ့ေသာ ‘ မမွားတဲ့ဖိတ္စာ’ ၀တၳဳတိုမွ ဇာတ္ကြက္မ်ားအား မွီျငမ္းထားပါသည္။)



 



Unicode



ကျွန်တော်နှင့်အင်တာဗျူး (၁)    



          မောင်ပွ တစ်ယောက် ရင်တွေ ပရမ်းပတာ ခုန်နေ၏။ ရည်းစားဆီက အဖြေရခါနီးမို့လား ဆိုတော့ မဟုတ်ဘူး။ သူ့ဘဝအတွက် အရေးကြီးသော အလုပ်အကိုင်ရရှိရင်အတွက် အင်တာဗျူးဖြေဆိုရန် အခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေရခြင်းကြောင့် ဖြစ်သည်။ သည်အလုပ်ရဖို့အတွက် မောင်ပွ နယ်မှ ရန်ကုန်သို့ တက်ကာ အင်တာဗျူး လာဖြေခြင်း ဖြစ်လေရာ နယ်တွင် ဇနီးဖြစ်သူ ကျန်ရှိခဲ့လေသည်။ အရှေ့က ဖြေဆိုနှင့်ပြီးသော လူများကတော့ ထွက်လာကြသည်မှာ မျက်နှာမကောင်းကြ ။ မောင်ပွသည် ဘုရားစာ ရွတ်နေရုံက လွဲပြီး ဘာမှ မတတ်နိုင်။



          “ ကလင်…ကလင်….ကလင်”



          ဟော အခန်းထဲမှ မောင်ပွအား အထဲဝင်ရန် အချက်ပေးဘဲလ်သံ ထွက်ပေါ်လာချေပြီ။ မောင်ပွ မျက်နှာပေါ်တွင် ပြန်နေသော အဆီများကို ပုဆိုးနှင့် ပွတ်လိုက်သည် ထို့နောက် ပုဆိုးပြင်ဝတ်ကာ ခန်းဆီးလေးအား မ အထဲသို့ လှမ်းဝင်လိုက်သည်။ အခန်းထဲတွင် လူကြီးသုံးယောက်ထိုင်နေသည်။



          “ထိုင်ပါ “



         “ ကဲ… အခြေခံအချက်လေးတွေ အရင်မေးရအောင် ၊ နာမည်လေး ပြောပါဦး “



         “ မောင်ပွပါ ခင်ဗျာ “



         “ နာမည်အရင်းလား”



         “ ဟုတ်ကဲ့”



        “ ဘာလို့ အဲ့ဒီနာမည် ပေးထားတာလဲ”



        “ နှာခေါင်းပွလို့ပါ”



        “ ငင်… ဟုတ်လား ၊မှန်း….ဟုတ်သား အကြီးကြီးပဲညော်”



        “ ဟွတ် နှာခေါင်းပွတော့ အောက်စီဂျင်ကို ပိုဝင်တာပေါ့ခင်ဗျာ”



        “ ငင့်…ဟုတ်လို့လား၊အိမ်က မိန်းမလည်း နှာခေါင်းပွပါတယ်။သူ့ကျတော့ ပန်းနာရင်ကျပ် ရောဂါသည်”



         “ ဟွတ်….သူက ရိုးရိုးပွလို့ နေမှာပါ ၊ ကျွန်တော်ကရှယ်ပွလေ”



         “ ငင့်…အဲဒီလို ရှိသေးတာလား၊ ကဲ ကဲထားပါလေ၊ ဆက်မေးရအောင် အဖေ အမေ နာမည်လေး ပြောပါဦး”



        “ ဦးလေအိုး ၊ ဒေါ်ပဲလှော်”



        “ ငင်…မျိုးနဲ့ ရိုးနဲ့ ပွပေတာကိုး၊ ဒါနဲ့ နေပါဦး၊ဒီမှာ ရေးထားတာက မိဘနာမည် ဦးဆာဒူး၊ ဒေါ်မှန်ချိုဆို လွဲနေပါ့လား”



        “ ငင်…ဟုတ်ပါဘူး၊ ဦးလေအိုး၊ဒေါ်ပဲလှော်လေ”



        “ ဟ….ဒီမှာရေးထားတာက ဦးဆာဒူး ၊ဒေါ်ပဲလှော်လေ”



        “င့င်…ဘုရား၊ဘုရား။ Crossing ကြီး ပြောနေပါလား။ မဟုတ်ပါဘူး ခင်ဗျာ ၊ဦးလေအိုး ဒေါ်မှန်ချိုပါ။ ငင်..ငါပါ လွဲပြီ၊ ခွင့်လွတ်ပါတော့ အဖေ”



        “ ကဲ…ဒုက္ခပဲ၊ ဒီလို အသေးအဖွဲလေးကအစ လွဲနေရင်တော့ ပြဿနာပဲ”



        “ တကယ်ပါဗျာ၊ယုံပါ၊  ဦးလေအိုး၊ ဒေါ်ပဲလှော်”



        “ အေးလေ၊အဲဒါက မင်းအပြောကိုး၊ ဒီမှာရေးထားတာက ဦးပဲလှော်၊ဒေါ်လေအိုးလေ”



        “ ငင်….ထိပါစီးတွေလွဲနေပြန်ပြီ၊ဘုရား…ဘုရား”



        “   ကဲ…မောင်ရင် ၊နောက်ဆို ဖောင်ဖြည့်ရင် သေသေချာချာ ဖြည့်လေကွာ။ ဒီလိုကိစ္စတွေပါ လိုက်မှားနေရင်တော့ နောက်ဆို ဒီထက်ကြီးလေးတဲ့ တာဝန်တွေ ပေးလာလို့ လွဲရင်ဘယ်လိုလုပ်မလဲ၊ အခုပဲကြည့်၊ မောင်ရင်ပြောတော့ နာမည်က တစ်မျိုး ၊ဒီမှာ ရေးထားတာက ဦးလေပဲ၊ ဒေါ်အိုးလှော် တဲ့”



        “ ငင့်….ဒါဆို စုံတွဲအသစ်လား”



        “ ငင့်…. ဟုတ်လား ၊မှားလို့၊ ဦးဆာအိုး၊ ဒေါ်မှန်လှော်ပြောတာ”



        “ ငင့်…ခုနက ဒီစုံတွဲ မပါပါလား။ဘုရား ဘုရား၊ ကျွန်တော့် မိဘ ရှစ်ယောက်လောက် ဖြစ်နေပါရော့လား”



       “ အေးလေကွာ….ငါတို့လည်း ရောကုန်ပြီ။ ကဲ….တကယ်က ဦးဆာဒူး၊ ဒေါ်လေအိူး မဟုတ်လား”



       “ ငင့်…ဘုရား ဘုရား၊လုပ်ပြန်ပြီ ။ ကျွန်တော့် အဖေက အနောက်ရောက်သွားပြန်ပြီ ။အရှေ့ပြန်တင်ပေးပါ”



       “ ဒါဆို ဦးလေအိုး၊ ဒေါ်ဆာဒူးလား”



       “ ခွီးးးးးးးး လည်ကုန်ပြီ။ ကျွန်တော့်မိဘ နာမည်တွေက ဘာတွေလဲဟင်”



       “  သြော်….မှတ်မိပြီ ။ဦးပွ ၊ဒေါ်ဆာဒူး”



       “ ငင့်…ဒါကြီးက ပိုကြမ်းတယ်။ ကျွန်တော့်မိဘနာမည်က ဒေါ်ဆာဒူး မဟုတ်ဘူးလေ။ ပြီးတော့ ဦးဆာဒူး မဟုတ်ဘူးလား။ ယောက်ျားချင်းကြီးဗျာ”



        “ အားးးးးဆောရီး ဆောရီး ။ငါဖတ်နေတာက အပေါ်က တစ်ယောက်ရဲ့ မိဘနာမည်တွေပဲ စာလုံးတွေကသေးတော့ အပေါ်အောက် ရောသွားတာ ဆောရီးညော်”



      “ငင့်…. တော်သေးတာပေါ့ ။မဟုတ်ရင် ကျွန်တော့် အဖေခမျာ ပုဆိုး ပြေး ဝတ်လိုက်၊ ထဘီ ပြေးဝတ်လိုက်နဲ့”



       သို့နှင့် အိုးနင်းခွက်နင်း ဖြေပြီးသကာလ ကြောက်တောင်တောင်နှင့် အင်တာဗျူး အောင်သွားလေရော ။ နယ်တွင်ရှိသော မိန်းမထံသို့ ဖုန်းဆက်ရန် ဖုန်းဆိုင်ရှိရာသို့ အပြေးသွား-



      “ ဟလို….ဟလို၊ မိန်းမလား။ဟားးးး မိန်းမရေ ၊ ယောက်ျား အလုပ်ရပြီ အားကြီးလွမ်း၊သောက်ရမ်းချစ်၊ အာဘွားတွေ အပြွတ်လိုက်ပေးချင်နေတာ။ မိန်းမရာ ယောက်ျားကို အာဘွား မပေးချင်ဘူးလားငင်၊ အဟွတ်ဟွတ်”



       “ အခုပြောနေတာ မောင်ပွလား၊အေး..အန်တီပါ”



       “ ငင့်…ယောက္မ၊ ဘုရား ဘုရား ၊ ကန်တော့ပါ အန်တီ”



       “ ခဏလေး မင်းမိန်းမ လာပြီ”



       “ မိန်းမလား”



       “ ဟုတ်ပါတယ်”



       “ သက်သေပြပါ”



       “ မဒမ်ပွ၊ မှတ်ပုံတင်အမှတ် (၁၂/ ဘာညာ နိုင် ၀၀၇”



        “ အိုခေ ၊ ဒါဆို ငါ့မိန်းမ သေချာပြီ ၊အမယ်လေး….မိန်းမရယ် ၊လွမ်းထှာ၊အာမွှား အာမွှား အဟွင်းဟွင်း “



         “ မောင်ပွလား အေး…အန်တီပါ”



         “ ငင်…လာပြန်ပြီ ၊ယောက္မမ ဘယ်ကနေ ဘယ်လိုရောက်လာရပြန်တာတုံး”



         “ အေး…မင်းပြန်လာရင် အန်တီ့ိအတွက် သွေးကျဆေးလေး ဝယ်လာပါကွယ်။ အာ့လေးပြောမလို့”



         “ ဟွတ် ဟွတ်”



         “ ပြော ယောက်ျား “



         “ မိန်းမ ဒီတစ်ခါတော့ မင်းဆိုတာ သေချာပါပြီနော်”



          “ သြော်…ကျုပ်မှ ကျုပ် အစစ်ပါတော် ၊ပြော”



          “ မိန်းမကို လွမ်းရို့ ချစ်ရို့ အာ့ပြောမရို့ ….ငိငိ “



           “ မောင်ပွလား အန်တီပါ”



           “ ခွီးးးးးးးးးးးးးးးး”



           “ ပြန်လာရင် ဂျေဒိုးနတ်လေး ဝယ်ခဲ့လို့ ပြောမလို့”



          “ ဟွတ် ဟွတ် “



          “ ပြော ယောက်ျား”



          “ မိန်းမ မင်းအမေး ထွက်သွားတာ သေချာပြီနော်”



          “ သြော်…အခုပဲ အခန်းထဲ ပြန်ဝင်သွားပါပြီတော်”



          “ ဟူးးးးးး မိန်းမရယ်၊ တကယ်ကျောတာ တိရား၊ မိန်းမကို ရွှတ်ရှလူးလူးလူးလူး”



           “ မောင်ပွလားးးးးးးးးအန်ကယ်ပါ”



            “ ငင် “



           (တချို့နေရာများသည် ဆရာ ကြပ်ကလေး ရေးသားခဲ့သော ‘ မမှားတဲ့ဖိတ်စာ’ ဝတ္ထုတိုမှ ဇာတ်ကွက်များအား မှီငြမ်းထားပါသည်။)



#lotaya_shortstory



အပတ္စဥ္ အသစ္သစ္ေသာ ပရေလာက ၀တၳဳတိုမ်ားကို "ေဘလ္မကုန္ ၊ ၀န္ေဆာင္ခေပးစရာမလို ၊ အင္တာနက္ေဘလ္ လံုး၀ မကုန္ဘဲ " ဆက္လက္ဖတ္႐ႈဖို႕ လိုတရ အယ္လီေကးရွင္းကို ဒီလင္႔ခ္ ကေနႏိွပ္ျပီး (အခမဲ့) ေဒါင္းလုဒ္ ဆြဲထားဖို႔ လိုမယ္ေနာ္။



 


ေန႕စဥ္ အသစ္အသစ္ေသာ သတင္းမ်ား ကို သိရိွႏိုင္ရန္ လိုတရ Application အား ဤေနရာတြင္ ႏွိပ္၍ အခမဲ႔ Download ရယူပါ။