contents

သတင်းများ

သင့်ရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပေးနိုင်မယ့် စိတ်ပညာစမ်းသပ်ချက်

နေ့ရက်:
Sep 5, 2019 09:00:00


အမျိုးအစား :
ဗေဒင်
Lotayamm

Shutterstock/alphaspirit



မေးခွန်း (၅) ခုကို အောက်မှာ တွေ့ရမှာပါ။ ဒီမေးခွန်းလေး (၅) ခုကို လိုက်ဖြေကြည့်ပြီး မှတ်ထားတဲ့ အဖြေလေးတွေနဲ့ မိမိရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ရမှာ ဖြစ်ပါတယ်။ ကဲ.. အဖြေရှာလိုက်ကြရအောင်ပါ။





 

Shutterstock/waku




(၁) တစ်နေ့မှာ သင်နိုးလာတော့ သမုဒ္ဒရာအလယ်က လှေငယ်တစ်ခုပေါ် ရောက်နေခဲ့ပါတယ်။ မလှမ်းမကမ်းမှာ အရောင်လက်သွားတာ မြင်လိုက်ရပြီး သေချာကြည့်လိုက်ချိန်မှာတော့ အဲ့ဒီအရာက ရေသူမ ဖြစ်နေခဲ့ပါတယ်။ သူ့ရဲ့ အမြီးက ဘာအရောင်လဲ။





 

Shutterstock/tanuStockPhoto




(၂) အဲဒီ့ရေသူမက သူ့နောက်ကို လိုက်ခဲ့ဖို့ သင့်ကို လက်ယပ်ခေါ်ပါတယ်။ သူ့နောက်လိုက်သွားချိန်မှာ ကျွန်းတစ်ခုဆီ ရောက်သွားခဲ့ပါတယ်။ အဲဒီ့ကျွန်းက ဘယ်လိုမျိုးလဲ။ သဲသောင်ပြင်လား၊ အန္တရာယ်များတဲ့ ကျောက်ဆောင်ကြီးတွေနဲ့လား။



 





Shutterstock/Juta



(၃) သင်လှေပေါ်ကနေ ဆင်းလိုက်ချိန်မှာ ကမာခွံတစ်ခုကို တက်နင်းလိုက်မိပါတယ်။ အဲဒီ့ကမာခွံက ကြမ်းတမ်းပြီး အချွန်အတက်တွေနဲ့ အခွံလား၊ ချောမွတ်ရိုးစင်းတဲ့ သဏ္ဍာန်နဲ့လား။



 





Shutterstock/Thrithot



(၄) သင် ကျွန်းပေါ်မှာ လမ်းသွားလျှောက်ပါတယ်။ တစ်စုံတစ်ယောက်ကို တွေ့ပါသလား။ လူမရှိတဲ့ ကျွန်းလား။ လူတွေ ရှိနေတဲ့ ကျွန်းလား။



 





Shutterstock/Sergey Uryadnikov



(၅) နောက်ဆုံးတစ်ကြိမ်အနေနဲ့ သမုဒ္ဒရာဘက်ကို သင်လှည့်ကြည့်လိုက်ပါတယ်။ အဲဒီ့အချိန်မှာ ဝေလငါးအုပ်တစ်အုပ် ဖြတ်သွားပါတယ်။ ဘယ်တစ်မျိုးကို သင်မြင်လိုက်တာလဲ။



၁. ငါးသားပေါက်လေးက အမေကြီးအနောက်ကနေ လိုက်နေတယ်



၂. ငါးသားပေါက်လေးက အမေကြီးရဲ့ ဝမ်းဗိုက်နားမှာ ကပ်လိုက်နေတယ်



၃. ငါးအဖေကြီးရယ် ငါးအမေကြီးရယ် ငါးသားပေါက်ရယ် အတူတူကူးနေကြတယ်



၎. ငါးသားပေါက်လေးတစ်ကောင်တည်း ကူးနေတယ်။



 



သင့်အတွက် အဖြေတွေကတော့ -



 



(၁) ရေသူမရဲ့ အမြီးအရောင်က သင့်ရဲ့ လူမှုဘဝကို ကိုယ်စားပြုပါတယ်။



အပြာတို့ အစိမ်းတို့လို တည်ငြိမ်တဲ့ အရောင်မျိုးဆို သင်ဟာ အနေအေးတဲ့သူဖြစ်ပြီး အရောင်တောက်တောက်ဆိုရင် သင်ဟာ လူရင်းလူစိမ်းမရွေး အဆင်ပြေအောင် ပေါင်းသင်းနိုင်သူပါ။



 



(၂) ကျွန်းအမျိုးအစားကတော့ သင်ဟာ အငြင်းပွားမှုတွေ ရင်ဆိုင်ရရင် ဘယ်လိုတုံ့ပြန်တတ်လဲဆိုတာပါ။



သဲသောင်ကျွန်းဆိုရင် သင်ဟာ သင့်ထင်မြင်ယူဆချက်တွေအတွက် ပြန်လည်ငြင်းခုံသက်သေပြဖို့ ဝန်မလေးသူဖြစ်ပြီး ကျောက်ဆောင်ကျွန်းဆိုရင် သင်ဟာ အငြင်းပွားမှုတွေကို ရှောင်ရှားချင်သူပါ။



 



(၃) သင်နင်းမိလိုက်တဲ့ ကမာခွံက သင်ဟာ ဘယ်လောက်ပွင့်လင်းတဲ့လူလဲဆိုတာ ကိုယ်စားပြုနေပါတယ်။ ကမာခွံက ရိုးရှင်းပြောင်ချောနေရင် သင်ဟာ ပွင့်လင်းတတ်တဲ့သူဖြစ်ပြီး ဆူးထစ်တွေနဲ့ ကမာခွံဆိုရင် သင်ဟာ လျှို့ဝှက်တတ်သူပါ။



 



(၄) ကမ်းခြေမှာ သင်မြင်ယောင်လိုက်တဲ့ လူရှိတာ မရှိတာက သင့်ရဲ့ မိတ်ဆွေအပေါင်းအသင်းကို အနည်း၊အများ ကိုယ်စားပြုနေပါတယ်။



 



(၅) ဝေလငါးကူးနေတာ မြင်ရတဲ့ သင့်စိတ်က သင်နဲ့ သင့်အမေကြားက ဆက်ဆံရေးကို ကိုယ်စားပြုနေပါတယ်။



၁. သင့်အမေက သင့်ဘဝအတွက် ပြောပြလို့မတတ်အောင် အရေးပါလွန်းသူပါ။



၂. အမေ့အရိပ်အောက်က ရုန်းမထွက်နိုင်ခြင်းကို ကိုယ်စားပြုတဲ့ အဖြေပါ။ ဒီ နံပါတ် ၂ အဖြေကို ဖြေတာ ယောက်ျားလေးဆိုရင်တော့ အမေချစ်သားလို့ ပြောလို့ရပါတယ်။ အမှီအခိုကင်းသူ ဖြစ်လာအောင် ကြိုးစားသင့်ပါတယ်။



၃. သင့်ဘဝမှာ မိဘနှစ်ပါးလုံးကို ညီတူညီမျှ မေတ္တာနဲ့ လေးစားမှုရှိတာကို ပြနေပါတယ်။ သင်ဟာ မိဘအရိပ်အောက်မှာ ပျော်ရွှင်စွာ ကြီးပြင်းလာသူပါ။



၎. ငါးပေါက်တစ်ကောင်တည်း မြင်တယ်ဆိုရင်တော့ သင်ဟာ အမှီအခိုကင်းစွာ ကြီးပြင်းလာသူပါ။ ကိုယ့်ထူးကိုယ်ချွန်အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။



 



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။