contents

သတင်းများ

" တစ္ဆေမျက်လုံး "

နေ့ရက်:
Sep 4, 2019 09:45:00


အမျိုးအစား :
ဗေဒင်
Lotayamm

အခန်း ( ၁ )



 



"" ကိုကို... သဲကိုဘာလို့ block သွားတာလဲ...facebook မှာ



ရော viber မှာရော block ထားတယ်...""



 



"" ငါတို့ဇာတ်လမ်းပြီးသွားပြီ... စုမီအောင်... အခုဒီဖုန်းကိုလည်း



blacklist ထဲထည့်မယ်... ""



 



"" မလုပ်ပါနဲ့ကိုကို... သဲ တောင်းပန်ပါတယ်... ကိုကိုနဲ့ မခွဲပါရစေနဲ့...



နော်...နော်... ""



 



"" တော်လိုက်တော့... goodbye... စုမီအောင်... ""



 



"" ကိုကို...ကိုကို...""



 



"" ဟဲလို... ""



 



" ဒုန်းး " ဟူသောအသံကျယ်ကြီးနှင့်အတူ ရွှေငါးလမ်းဆုံ၌ လူတွေပြေး



ကြ လွှားကြဖြင့်ဆူညံပွက်လောရိုက်သွားကြသည်။ ထိုနေရာကို ရွှေငါး



လမ်းဆုံဟုအလွယ်တကူခေါ်ဆိုကြခြင်းမှာ လမ်းထောင့်နေရာတွင် ရွှေငါး မုန့်တိုက် ဟူ၍ ဟိုးယခင်ကဖွင့်လှစ်ခဲ့ဖူးသောကြောင့် လွယ်လွယ်



ကူကူခေါ်ဆိုဖြစ်ခဲ့ကြခြင်းဖြစ်သည်။ ထိုလမ်းဆုံသည်နေ့ခင်းဖက်တွင်



လူသွားလူလာများသော်လည်း ညရောက်လျှင်တော့ ဖြတ်သွားသူ



မရှိသလောက်နဲ၏။ လမ်းလေးဆုံနေရာဖြစ်ပြီး မီးပွိုင့်လည်းမရှိသဖြင့်



ဆိုင်ကယ်များ၊ ကားများကလည်း မောင်းချင်သလိုမောင်းကြသည်။



လူတွေကလည်း လမ်းကူးချင်သလိုကူးကြ၏။ ထို့ကြောင့်လည်း မကြာ



ခဏဆိုသလိုယာဉ်တိုက်မှုဖြစ်တတ်သည့်နေရာပင်။ ယခုအခါတွင်



လည်း ဟွန်ဒါဖစ်ခဲရောင်လေးတစ်စီးသည် လမ်းမပေါ်တွင်ပလက်လန်



မှောက်နေချေပြီ။ မကြာခင်မှာပင် အရေးပေါ်လူနာတင်ကားရောက်လာ



ပြီး ကားထဲမှ အသက် ( ၂၂ )နှစ် အရွယ်ခန့်ရှိ မိန်းကလေး တစ်



ယောက်ကို ခေါ်ဆောင်သွားလေတော့သည်။



 



"" ဆရာ... အခြေအနေ... ""



 



ဆရာဝန်ကမျက်နှာမကောင်းစွာဖြင့်...



 



"" ကျွန်တော်တို့ သူ့အသက်ကိုတော့အချိန်မှီကယ်လိုက်နိုင်ပါတယ်...



မျက်နှာတစ်ခုလုံးကို မှန်စတွေစိုက်နေလို့ အသေးစိပ်ဖယ်လိုက်နိုင်ခဲ့



ပေမယ့်... မျက်လုံးနှစ်ဖက်ကသူသတိရလာမှပဲ...သေချာသိရမှာပါ



အစ်မ... ""



 



"" သမီးလေး...သူ့မျက်လုံးမကွယ်လောက်ဘူးမဟုတ်လားဆရာ...



သူ...သူ... ""



 



"" စိတ်အေးအေးထားပါအစ်မ... အခုချိန်က စောင့်ကြည့်နေဆဲပါ...



သေချာမပြောနိုင်သေးပါဘူး... ""



 



ခွဲစိပ်ခန်းမှ လူနာတင်လှည်း ( patient trolley) လေးဖြင့်ထွက်



လာသော သမီးဖြစ်သူထံ စိုးရိမ်ပူပန်စွာဖြင့် ဒေါ်လွင်လွင်ထက် ပြေး



သွားလိုက်၏။ မျက်နှာတစ်ခုလုံး ပတ်တီးစီးထားပြီး နှာခေါင်းနေရာ



လေးသာချန်ကာ အောက်စီဂျင်ပိုက်တပ်လျှက် သတိမေ့မြောနေသော



စုမီအောင်ကိုကြည့်ပြီး ရင်တစ်ခုလုံးပူလောင်သွားချေပြီ။ လူနာအခန်း



ထဲသို့ရောက်ပြီးချိန် ဒရစ် ( drip ) ချိတ်ထားသော စုမီအောင်၏



လက်ကလေးကို ဖွဖွလေးဆုပ်ကိုင်လိုက်ရင်း...



 



"" မေမေ့သမီးလေးရယ်... အဟင့်... ဟီး... မြန်မြန်သတိရလာပါ



တော့... အီး...ဟီး... ""



         



                                   *****



 



မျက်လုံးတွင် စည်းထားသော ပတ်တီးစများကို ဖြည်းညှင်းစွာဖြေပြီး...



 



"" သမီးလေး... မျက်လုံးကိုဖြည်းဖြည်းလေးဖွင့်မယ်နော်... ကဲ...



ဖွင့်လို့ရပြီ... ""



 



"" ဖြည်းဖြည်းချင်း...သမီး... ဖြည်းဖြည်း... ''''



 



ဆရာဝန်အား ' ဟုတ်ကဲ့ ' ဟုပြန်ဖြေလိုက်သော်လည်း စုမီအောင်



သည် နှလုံးတစ်ဒိတ်ဒိတ်ခုန်နေမိသည်။ သူမ၏မျက်လုံးနှစ်ဖက်သည်



အကောင်းတိုင်းပြန်ဖြစ်ပါမည်လားဟု စိတ်ပူမိသည်ကအမှန်ပင်။



ယခုတွင်တော့ သေချာသောအဖြေတစ်ခုကိုသိရပေတော့မည်။



သူမသည် ဖြည်းညှင်းစွာဖြင့် မျက်လုံးကိုစတင်ဖွင့်ကြည့်လိုက်သည်။



အရာရာသည်မှောင်နေသကဲ့သို့ပင်။ ထို့ကြောင့်မျက်တောင်လေးကို



ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်၏။ စစချင်းဖြစ်၍ မှောင်နေခြင်းသာဖြစ်



လိမ့်မည်ဟု သူမထင်နေသည်။ မျက်လုံးဖွင့်ကြည့်ပြီးချိန်တွင်တော့



သူမမြင်နေရသည်မှာ အမှောင်ယံတစ်ခုပင်။



 



"" သမီး...မမြင်ရဘူးဆရာ... ""



 



သူမ၏အဖြေကြောင့် ဒေါ်လွင်လွင်ထက် ရင်ထဲ မီးလိုပူသွားရ၏။



 



"" သမီး... ပြန်မှိတ်ပြီး ဖြည်းဖြည်းချင်းပြန်ဖွင့်ကြည့်ပါဦး... ""



 



စုမီအောင်က ထပ်မံကြိုးစားသည်။ သို့သော်လည်း...



 



"" သမီးဘာမှမမြင်ရဘူး...မေမေ... သမီးမျက်လုံးတွေ...အဟင့်...



ဟင့်... ""



 



စုမီအောင်၏အဖြေကြောင့် အားလုံး၏စကားသံများတိတ်ဆိတ်သွား



ချေသည်။



 



အခန်း ( ၂ )



 



"" မျက်ကြည်လွှာ နှစ်စုံရှိပေမယ့်... မစုမီအောင်ရှေ့မှာ စောင့်နေကြ



တဲ့သူတွေရှိနေလို့...လောလောဆည်တော့ မျက်ကြည်လွှာမရနိုင်



သေးပါဘူးရှင့်... ""



 



စုမီအောင်နှင့် ဒေါ်လွင်လွင်ထက်သည် သက်ပြင်းလေးသာချမိလိုက်



ကြလေသည်။



 



"" ဒီမှာ ဖောင်လေးဖြည့်ပေးခဲ့ပါအန်တီ... ဆက်သွယ်လို့ရမယ့်လိပ်စာ



အပြည့်အစုံနဲ့ ဖုန်းနံပါတ်လေး ဖြည့်ပေးနော်... မျက်ကြည်လွှာအလှူရှင်



ပေါ်လာခဲ့ရင် အကြောင်းကြားပေးပါ့မယ်... ""



 



"" ကျေးဇူးပါသမီးလေး... ""



 



နံဘေးတွင်ဖြတ်တိုက်သွားသော လေပြေ၏တိုးဝှေ့သံကိုသူမ ကြား



နေသည်။ ဟိုစဉ်ကဆိုလျှင် ထိုအရာများသည် သူမ ဂရုတစိုက်ထား



ရသည့်အရာများမဟုတ်ခဲ့။ ယခုတွင်တော့လေတိုးသံသည် သူမ



အတွက် သာယာပျော့ပြောင်းသော သဘာဝတီးဝိုင်းတစ်ခုနှယ် ခံစား



တတ်လာလေပြီ။



 



"" သမီးလေး... အခန်းထဲသွားရအောင်နော်... ""



 



ဒေါ်လွင်လွင်ထက်က wheel chair လေးကိုတွန်းလိုက်ကာ လူနာ



ခန်းထဲသို့ ပြန်လှည့်ဝင်လာရင်း...



 



"" မနက်ဖြန် ခြေထောက်ပတ်တီးဖြည်ပြီးရင်... အိမ်ပြန်လို့ရပြီသမီး



ရေ... အိမ်ရောက်ရင်တော့ သမီးစိတ်ပျော်သွားမှာပါ... ""



 



သူမပြောသာပြောနေရသည်။ အမြင်အာရုံဆုံးရှုံးထားရသောသူက



အဘယ်ကဲ့သို့ စိတ်ပျော်နေနိုင်မည်နည်း။ စုမီအောင်အတွက် ရင်



ထဲ ဝမ်းနည်းဆို့နစ်လာသည်ကို အမြန်ထိန်းချုပ်ပစ်လိုက်ရသည်။



ထိုစဉ် ဆေးရုံရှေ့သို့ လူနာတင်ကားရောက်လာပြီး လူတစ်ယောက်



သည် ဝမ်းနည်းကြေကွဲစွာ ငိုကြွေးရင်း ထိုလူနာနောက်သို့ပြေးလိုက်



သွား၏။



 



"" အရမ်းဝမ်းနည်းပြီး ငိုနေသံကြားတယ်...ဆုံးသွားတာလား...



မေမေ... ""



 



စုမီအောင်က အသံခပ်တိုးတိုးလေးဖြင့်မေးသည်။



 



"" မသိပါဘူးသမီးရယ်... အရေးပေါ်ခန်းကိုသွားလိုက်ပြီ... ""



 



ဒေါ်လွင်လွင်ထက်သည်လည်း weel chair ကို အခန်းထဲသို့ တွန်း



လာခဲ့တော့သည်။



 



                                     *****



သူမ၏ရှေ့တွင် ခေါင်းငိုက်စိုက်ငိုက်စိုက်ဖြင့်လျှောက်နေသော ထိုလူကို ဒေါ်လွင်လွင်ထက် လိုက်ကြည့်နေမိ၏။ မနေ့ညနေက အရေးပေါ်



ခန်းသို့ဝင်သွားသည့်လူနာနောက် ထိုလူသည်ငိုကြွေးရင်းပြေးလိုက်



သွားသည်ကို တွေ့မြင်ခဲ့သဖြင့် မှတ်မိနေခဲ့ခြင်းဖြစ်သည်။ ဒေါ်လွင်



လွင်ထက်ကသူမကိုယ်သူမ အတ္တများကြီးမိနေသည်လားဟု ပြန်တွေးမိသော်လည်း အကယ်၍များထိုလူနာသည်သာဆုံးပါးသွားပါကဆို



သည့်အတွေးက သူမခေါင်းထဲသို့ရောက်လာပြန်သည်။ သမီးဖြစ်သူ



အတွက် တစ်ခုခုတော့သူမ ကြိုးစားကြည့်ချင်၏။အဆင်ပြေသည် မ



ပြေသည်က နောက်တစ်ပိုင်း။ ထိုလူနောက်သို့လိုက်လျှောက်သွား



လိုက်ပြီး...



 



"" မောင်လေး... ""



 



သူမ၏ခေါ်သံကြောင့် ထိုလူကလှည့်ကြည့်လာသည်။ ဆေးရုံစြင်္က ံ



တစ်လျှောက် သူမနှင့် ထိုလူသာ ရှိနေသည်ဖြစ်၍ သူ့ကိုခေါ်နေမှန်း



သိလိုက်သည်။ ထိုလူကရှေ့ဆက်မသွားဘဲ ရပ်လိုက်၏။



 



"" ဟို... မနေ့ကတွေ့လိုက်လို့... သက်သာသွားပြီလားဟင်... ""



 



ထိုလူကခေါင်းယမ်းပြကာ...



 



"" အခြေအနေမကောင်းပါဘူးအစ်မ... နေ့လား...ညလား... မသိ



ဘူး... ""



 



ထိုလူကပြောရင်း အသံကတုန်ယင်နေ၏။



 



"" စိတ်မကောင်းပါဘူးကွယ်... ဘာရောဂါဖြစ်တာလဲ... စပ်စုတယ်



မထင်ပါနဲ့နော်... စိတ်မကောင်းလို့မေးတာပါ... ""



 



ထိုသူသည် ဖြေချင်ဟန်မတူ။



 



"" ဟုတ်ကဲ့...အစ်မ... ခွင့်ပြုပါဦး... ""



 



ဟုသာဆိုပြီး ဆက်လျှောက်သွား၏။ ဒေါ်လွင်လွင်ထက်ကလည်း



ထပ်မံလိုက်လျှောက်သွားပြီး အခန်းနံပါတ်ကိုမှတ်ထားလိုက်သည်။



ထို့နောက် မုန့်အနည်းငယ်ကိုယူရင်း စုမီအောင်ကိုတစ်ချက်လှမ်းကြည့်



လိုက်၏။ စုမီအောင်က ကုတင်ပေါ်တွင် ခေါင်းအုံးလေးမှီကာ ငိုင်နေ



ပြီး ခင်ပွန်းဖြစ်သူက စုမီအောင်နံဘေးတွင်ထိုင်ကာ ဝမ်းနည်းစွာဖြင့်



သမီးဖြစ်သူကို ငေးကြည့်နေရှာသည်။



 



"" ဘာပဲဖြစ်ဖြစ် ကြိုးစားကြည့်ရမှာပဲ... ""



 



ဒေါ်လွင်လွင်ထက်သည် ထိုအခန်းသို့ဦးတည်လိုက်၏။



 



"" ဒေါက်...ဒေါက် ""



 



အခန်းတံခါးမဖွင့်သဖြင့် အခန်းလော့လေးကိုအသာဆွဲလှည့်ကြည့်



လိုက်သည်။ အခန်းထဲသို့ တစ်ချက်ကြည့်လိုက်သည့်အခါ ထိုလူက



ကုတင်နံဘေးတွင်ရပ်နေပြီး လှည့်ကြည့်လာသည်။



 



"" ဘာကိစ္စရှိလို့လဲ...အစ်မ... ""



 



"" မုန့်လာပို့ရင်း လူနာလာကြည့်တာပါမောင်လေးရယ်... ""



 



ထိုလူက နှစ်သက်ဟန်မတူ။ သို့သော်လည်း လူမှုရေးအရ ပေးဝင်



လိုက်လေသည်။ ဒေါ်လွင်လွင်ထက်က လူနာကို ကြည့်လိုက်သည်။



လူနာမှာ အသက် ( ၁၈ ) နှစ်အရွယ်ခန့်သာရှိသေးသည့် ကောင်



လေးတစ်ယောက်သာ။ အောက်စီဂျင်ပိုက်တပ်ထားရပြီး သူ့ပုံစံကို



ကြည့်ရသည်မှာအားမရ။ အသက်မျော့မျော့သာကျန်နေသည့်နှယ်။



 



"" အိုး... သားလေး... ""



 



သူမ မြင်ရသည်ကိုစိတ်မကောင်းတော့ဖြစ်မိသည်။



 



"" ကျွန်တော့သားပါ... ""



 



"" စိတ်မကောင်းပါဘူးမောင်လေးရယ်... သူပြန်ကောင်းလာပါစေလို့



အစ်မဆုတောင်းပေးပါတယ်... ""



 



ထိုလူက စို့တက်လာသောမျက်ရည်ကို ထိန်းလိုက်ပြီး...



 



"" ပြည့်ချင်တယ်ဗျာ... ""



 



သူ မထိန်းနိုင်တော့ချေ။ ဒေါ်လွင်လွင်ထက်ရှေ့၌ပင် ငိုကြွေးမိနေပြီ။



 



"" ကလေးရဲ့ကံဆိုတာရှိသေးတယ်မလား... အစ်မကိုယ်ချင်းစာပါ



တယ်... အစ်မသမီးလေးလည်း ကားအက်စီးဒင့်ဖြစ်ပြီး အသက်လု



ခဲ့ရတာပါ...သားသမီးတွေတစ်ခုခုဖြစ်ရင် မိဘတွေက ရင်ကွဲရတာပဲ..



သားလေးလည်း အစ်မသမီးလေးလို.. ပြန်ကောင်းလာပါစေကွယ် ""



 



ထိုလူသည် မျက်ရည်သုတ်လိုက်ပြီး...



 



"" ကျေးဇူးပါအစ်မ... ကျွန်တော့နာမည် အောင်လွင်ဦးပါ..""



 



"" အစ်မက လွင်လွင်ထက် လို့ခေါ်ပါတယ် ""



 



ထိုလူက ဆက်၍...



 



"" သားအသက် ( ၁၄ ) နှစ်အရွယ်မှာပဲ သွေးကင်ဆာကိုခံစားခဲ့ရတာ... အခုတော့ကယ်နိုင်ပါဦးမလားမသေချာပါဘူးဗျာ... ဟီး..အီး ""



 



ထိုလူသည် စိတ်ကိုအတော်ထိန်းချုပ်ထားရပုံရ၏။ ဒေါ်လွင်လွင်ထက်



သည် စိတ်မကောင်းဖြစ်သွားပြီး...



 



"" ဖြစ်မှဖြစ်ရလေကွယ်... သားလေးမေမေဆို ဘယ်လောက်တောင်



စိတ်ထိခိုက်လိမ့်မလဲ...""



 



ထိုအခါ ထိုလူက စကားလမ်းကြောင်းလွှဲလိုက်၏။



 



"" အစ်မ သမီးလေးတော့ သက်သာသွားပြီပေါ့...""



 



"" လူကတော့သက်သာသွားပါပြီ...ဒါပေမယ့်... မျက်စိတစ်စုံဆုံး



ရှုံးသွားခဲ့တယ်... မျက်ကြည်လွှာအလှူရှင်စောင့်နေတာပါ...""



 



"" စိတ်မကောင်းပါဘူးအစ်မ...အလှူရှင်အမြန်ဆုံးပေါ်လာပါစေဗျာ..""



 



 



ဒေါ်လွင်လွင်ထက်မှာ ပြောမည့်စကားကိုမြိုသိပ်ပြီး လှည့်ပြန်လာခဲ့



တော့သည်။ ထိုကလေးအတွက်လည်းစိတ်မကောင်းဖြစ်မိနေ၏။



သားသမီးချင်းလည်းကိုယ်ချင်းစာမိသဖြင့် မပြောတော့ရန်လည်း ဆုံး



ြ်ဖတ်လိုက်တော့သည်။



 



အခန်း ( ၃ )



 



"" ဒေါက်...ဒေါက် ""



 



ယနေ့တွင် ပတ်တီးဖြည်ပြီး ဆေးရုံကဆင်းရမည်ဖြစ်၍ ပတ်တီးဖြည်



ရန်လာခေါ်ခြင်းဖြစ်မည်ဟု ဒေါ်လွင်လွင်ထက်တွေးလိုက်မိသော်လည်း



တကယ်တမ်းမှာ အောင်လွင်ဦး ဆိုသူဖြစ်နေသည်။ ထိုလူက မျက်နှာ



ညိုးငယ်စွာဖြင့်ရပ်နေသဖြင့်...



 



"" မောင်လေး...လာ...ဝင်ခဲ့... ""



 



"" အစ်မ... ""



 



"" ပြောလေ...မောင်လေး...အစ်မဘာကူညီပေးရမလဲ ""



 



"" ကျွန်တော့သားကအခြေအနေမကောင်းတော့ဘူး... ဒီညကို



ဖြတ်ကျော်နိုင်မယ်မထင်ဘူး... ""



 



ဒေါ်လွင်လွင်ထက်မှာ သနားသွားမိသည်။ မိဘတစ်ယောက်၏ ပူပန်



မှုကို မိဘတွေသာသိသည်မဟုတ်လော။



 



"" ဘယ်သူလဲ...မေမေ... ""



 



"" မေမေ့ဧည့်သည်ပါသမီးရဲ့... ""



 



"" အစ်မ သမီးလေးဆိုတာလား...""



 



"" ဟုတ်တယ်...မောင်လေး...""



 



ထိုလူသည် စုမီအောင်ကို ကြည့်လိုက်ပြီး...



 



"" မနေ့ညက ကျွန်တော့သား သတိပြန်လည်လာတော့ စကားနဲနဲ



ပြောနိုင်တာနဲ့ သူကပြောတယ်... အစ်မနဲ့ ကျွန်တော်ပြောနေတာကို



သူကြားတယ်တဲ့... သူသာအသက်ဆုံးခဲ့ရင် သူ့မျက်ကြည်လွှာကို



လှူခဲ့ချင်ပါတယ်လို့ပြောတယ်... ""



 



"" ဟင်... အစ်မ...အစ်မလေ... ဝမ်းနည်းဝမ်းသာကြီး... ဘယ်လို



ပြောရမလဲ...လုံးဝကိုမမျှော်လင့်ထားတာပါ.. သားလေးအတွက်



တကယ်ပဲ စိတ်မကောင်းဘူး...""



 



"" ဟုတ်ကဲ့အစ်မ... သားရဲ့ဆန္ဒအတိုင်းပေါ့... သူ့ရဲ့ ပထမဆုံးနဲ့



နောက်ဆုံးအလှူလေး... ဖြစ်မြောက်သွားတာပဲ... ဝမ်းသာမိပါ



တယ်...""



 



ထိုလူက အသံများတုန်ယင်လာပြီး မျက်ရည်စီးကျလာလေသည်။



 



"" သမီး...စိတ်မကောင်းလိုက်တာ...ဦးလေးရယ်... တစ်ခါမှ မသိ



မမြင်ဖူးတဲ့သူက...  သမီးအတွက် မျက်ကြည်လွှာလှူမယ်ဆိုတော့...



အဲ့ဒီစိတ်စေတနာလေးနဲ့တင်...လုံလောက်ပါပြီရှင်... မောင်လေး



ကျန်းကျန်းမာမာနဲ့ ပြန်ရှင်သန်ဖို့ပဲဆုတောင်းပါတယ်... သမီးမျက်စိ



မမြင်ရလည်းနေပါတော့...ဦးလေးရယ်...""



 



"" သားလေးဆန္ဒပါသမီးလေး.. အခုလာတာ သမီးလေး နာမည်



လာမေးတာပါ... ဘယ်သူ့အတွက်လှူမယ်ဆိုတာကို ဆေးရုံကိုပြော



ခဲ့ဖို့ပေါ့... ""



 



"" မောင်လေးရယ်... အစ်မဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး...



ခုချိန်မှာတော့ ဘာမှမစဉ်းစားသေးပါနဲ့... မောင်လေးထင်သလိုလည်း



ဖြစ်ချင်မှဖြစ်မှာ... ""



 



"" သမီးနာမည်လေးပဲပြောပေးပါ... ""



 



ဒေါ်လွင်လွင်ထက်သည် တိုးညှင်းစွာဖြင့်...



 



"" စုမီအောင်...""



 



အောင်လွင်ဦးဆိုသူသည် နှုတ်ဆက်ပြီးသူ့အခန်းသို့ပြန်သွားလေ



သည်။



 



"" မေမေ... သမီးတော့ အရမ်းသနားတာပဲ... မျက်ကြည်လွှာမရချင်



နေပါမေမေရယ်... အဲ့ဒီမောင်လေး အသက်ရှင်ဖို့ပဲ ဆုတောင်းပေး



ပါတယ် ""



 



ဒေါ်လွင်လွင်ထက်သည်လည်း စိတ်မကောင်းစွာဖြင့် ငြိမ်သက်နေလေ



တော့၏။



 



                                     *****



 



ခြေထောက်ပတ်တီးဖြည်ပြီး ဆေးရုံမှဆင်းကြရန် ပြင်ဆင်နေစဉ်...



 



"" အန်တီ... မစုမီအောင်ခွဲစိပ်ဖို့အဆင်သင့်ပြင်ထားပေးပါ...မျက်



ကြည်လွှာအလှူရှင်ရပါပြီ... ""



 



ဒေါ်လွင်လွင်ထက်ရော၊ စုမီအောင်ပါ... ဒိန်းကနဲရင်တုန်သွားကြသည်။



 



"" သမီး... အခန်း ၃၀၆ က ကလေး... သူ...ဆုံးသွားတာလား ""



 



"" ဟုတ်ပါတယ်ရှင့်... သူက မစုမီအောင်ကို မျက်ကြည်လွှာလှူခဲ့တာပါ... ဆရာဝန်ကြီးရောက်ရင် လာခေါ်ပါမယ်... အဆင်သင့်ပြင်ထား



ပေးပါနော်အန်တီ...""



 



"" ဟုတ်...ဟုတ်ပါပြီကွယ်... ""



 



ဒေါ်လွင်လွင်ထက်က စုမီအောင်ကို ကြည့်လိုက်သည့်အခါ သူမသည်



မျက်ရည်စီးကျနေခဲ့ပြီ။ ဒေါ်လွင်လွင်ထက်က ခင်ပွန်းသည်ကို အမြန်



လာရန်ဖုန်းဆက်ပြီး လိုအိပ်သည်များပြင်ဆင်ကာစောင့်ဆိုင်းနေ၏။



မကြာခင်မှာပင် ခင်ပွန်းဖြစ်သူလည်းရောက်လာကာ သူနာပြုအချို့



လည်း ရောက်လာပြီး ခွဲစိပ်ခန်းဝင်ရန် စုမီအောင်အားခေါ်သွားကြ



လေသည်။ ခွဲခန်းရှေ့တွင် ခင်ပွန်းသည်အားစောင့်ဆိုင်းခိုင်းခဲ့ပြီး



reception သို့သူမထွက်လာခဲ့သည်။



 



"" အခန်း ၃၀၆ က လူနာရှင်ကဘယ်မှာလဲမသိဘူး သမီး... ""



 



"" သူတို့ ပြန်သွားပြီအန်တီ... ""



 



"" အန်တီ့သမီးကို မျက်ကြည်လွှာလှူခဲ့လို့ပါ... ""



 



"" ဟုတ်ပါတယ်အန်တီ... မျက်ကြည်လွှာထုတ်ပြီး ပြန်သွားတာပါ...""



 



"" သူတို့ကိုဆက်သွယ်လို့ရနိုင်မယ့် လိပ်စာဖြစ်ဖြစ် ဖုန်းနံပါတ်ဖြစ်ဖြစ်



ပေးပါလားသမီးရယ် ""



 



"" ခဏလေးနော်အန်တီ... ဖုန်းနံပါတ်တော့ရနိုင်ပါတယ်...



၀၉................ ပါရှင့်... ""



 



"" ကျေးဇူးပါသမီးရေ... ""



 



ဒေါ်လွင်လွင်ထက်သည် စုမီအောင်ခွဲစိပ်ပြီးလျှင် ဖုန်းဆက်မည်ဟု



တွေးထားသော်လည်း အသုဘကိစ္စဖြင့် အလုပ်ရှုပ်နေကြမည်ကို



ပြန်တွေးမိပြီး စုမီအောင် ဆေးရုံက ဆင်းမှ ဖုန်းဆက်ရင်း သားအမိ



နှစ်စ်ယောက်အတူတူ သွားတွေ့တော့မည်ဟု ဆုံးဖြတ်လိုက်၏။



 



အခန်း ( ၄ )



 



"" ဖြည်းဖြည်းချင်းဖွင့်မယ်နော်သမီး... ""



 



စုမီအောင်သည် ရင်တထိတ်ထိတ်ဖြင့် မျက်လုံးကို ဖြည်းညှင်းစွာဖွင့်



လိုက်သည်။ သူမမြင်လိုက်သည်က အလင်းစူးစူးများပင်။ မျက်တောင်



ကို ခတ်ကာခတ်ကာဖြင့် ဖြည်းဖြည်းချင်းထပ်ဖွင့်လိုက်၏။



 



"" မေမေ...""



 



"" သမီး.. ဒီကိုကြည့်မယ်... ဆရာ့လက်ကိုမြင်လား...""



 



"" ဟုတ်ကဲ့ဆရာ... ""



 



စုမီအောင်သည် အလွန်ပင်ဝမ်းသာသွားမိသလို ဒေါ်လွင်လွင်ထက်



အတွက်တော့ဆိုဖွယ်ရာမရှိတော့ချေ။ မိသားစုသုံးယောက်သား



ပျော်ပျော်ရွှင်ရွှင်ဖြင့် အိမ်သို့ပြန်လာကြတော့သည်။ စုမီအောင်က



ကားမှန်အပြင်ဖက်သို့ ငေးကြည့်ရင်းလိုက်ပါလာ၏။ သူမသည် တစ်



နေရာသို့အကြည့်ရောက်သွားခဲ့သည်။ သနပ်ခါးဘဲကြားရိုက်ထား



သောမိန်းမတစ်ယောက်... သူမ၏ခါးက ဘေးသို့အလွန်စောင်းနေ



ပြီး လမ်းနံဘေးကသစ်ပင်အောက်တွင်ရပ်ကာ သူမကိုလိုက်ကြည့်



နေသည်။ စုမီအောင်ကလည်း ကိုယ်ခန္ဓာအချိုးအစားတစ်မျိုးတစ်ဖုံ



ဖြစ်နေသော ထိုမိန်းမကို ပြန်လှည့်ကြည့်မိသည်။ အိမ်သို့ရောက်



သောအခါ...



 



"" ဒီမှာ...သမီးလေးအခန်း... ""



 



သူမ၏အခန်းသည်ယခင်ကလိုမဟုတ်ဘဲ၊ wallpaper လိမ္မော်ရောင်



နုနုလေးပြောင်းထား၏။ ခန်းဆီးအရောင်ကလည်း အဖြူနှင့် လိမ္မော်



ရောင်စပ်ကြားလေးဖြစ်ကာ အခန်းပြင်ဆင်ပေးထားသည်ကို သဘော



ကျမိနေတော့သည်။



 



"" လှလိုက်တာမေမေရယ်...""



 



ထိုညက သူမတော်တော်နှင့်အိပ်မပျော်ပေ။ မြင်မြင်သမျှအရာအား



လုံးသည်လှပ၍နေသည်။



 



"" ဒေါက်...ဒေါက်...ဒေါက်...""



 



သူမခေါင်းရင်းဖက်မှ မှန်ပြူတင်းတံခါးခေါက်နေသည့်အသံကိုကြား



လိုက်ရသဖြင့် ထထိုင်လိုက်ပြီး စဉ်းစားနေမိသည်။ အကောင်တစ်



ကောင်များလား။ ထပ်မံနားစွင့်လိုက်၏။



 



"" ဒေါက်...ဒေါက်...""



 



သူမအခန်းသည်အိမ်အပေါ်ထပ်ဖြစ်ပြီး နံဘေးတွင် မည်သည့်အရာမှ



မရှိချေ။ အကောင်တစ်ကောင် နားဖို့ပင်နေရာမရှိသည်ကသေချာ



သည်။ မှန်ပြူတင်းခန်းစီးစလေးအားအသာလေးဆွဲဖယ်ကြည့်လိုက်



လေ၏။ သူမအလွန်ပင်ထိတ်လန့်သွားရတော့သည်။ နေ့လည်ကတွေ့



ခဲ့သော သနပ်ခါးပါးကွက်ကြားနှင့်မိန်းမသည် မှန်ပြူတင်းနားမျက်နှာကိုကပ်ကာ စုမီအောင်ကို ကြည့်နေသဖြင့်...



 



"" ဟင်... အာားးး... ""



 



စုမီအောင်၏အော်ဟစ်သံကိုကြားသဖြင့် မိဘများကအခန်းထဲပြေး



ဝင်လာကြတော့သည်။ စုမီအောင်ကလည်း အခန်းထဲမှ ထွက်ပြေး



လာသဖြင့် အခန်းဝ၌ဆုံတော့၏။



 



"" မေမေ... ဖေဖေ...""



 



စုမီအောင်သည် မောဟိုက်နေရင်း...



 



"" သရဲ..သရဲခြောက်တယ်...""



 



"" ဘယ်မှာလဲသရဲ ""



 



"" မှန်အပြင်ဖက်မှာမေမေ... သမီးကိုလာကြည့်နေတယ်...သမီး



ကြောက်တယ်ဖေဖေ...""



 



ဖခင်ဖြစ်သူက မှန်အနားသို့တိုးကပ်သွားပြီး လိုက်ရှာကြည့်၏။



 



"" ဘာမှမရှိပါဘူး...သမီးရဲ့...""



 



"" သမီးလေး...အိပ်မက်ဆိုးတွေမက်နေတာနေမှာ...လာ...လာ....



မေမေတို့နဲ့လာအိပ် ""



 



စုမီအောင်လည်း ထိတ်ထိတ်လန့်လန့်ဖြင့် အဖေအမေအခန်းသို့သွား



အိပ်လိုက်တော့သည်။



 



                                     *****



 



နောက်တစ်ညတွင် သူမအခန်းသို့ပြန်အိပ်သောအခါ ပုတီးကိုလွယ်



ထားလိုက်၏။ အခန်းမီးကိုလည်း မပိတ်ရဲချေ။ ဘုရားစာရွတ်ပြီး ဟို



ကြည့်ဒီကြည့်မျက်စိကြောင်နေခဲ့သည်။ မည်သည့်အသံမှ မကြားရ



တော့သဖြင့် သူမလည်းအိပ်ပျော်သွားခဲ့တော့သည်။



 



"" ဂျစ်...ဂျလစ်...""



 



နားထဲတွင် ကုတ်ခြစ်နေသံကို ခပ်တိုးတိုးကြားလာရပြီး တဖြည်းဖြည်း



ကျယ်လာသဖြင့် သူမလန့်နိုးလာ၏။ အခန်းထဲသို့ ကြောက်ကြောက်



လန့်လန့်နှင့်မျက်လုံးဝေ့ကြည့်သော်လည်း မည်သည်မှမရှိပေ။ သို့



သော်ကုတ်ခြစ်သံကိုကြားနေရပြီး ထိုအသံသည် သူမအပေါ်ဖက်မှ



ထွက်နေသည်။ မျက်နှာကျတ်ကို မော့ကြည့်လိုက်သည့်အခါ လူတစ်



ယောက်သည် မျက်နှာကျတ်တွင် တွယ်ကပ်နေပြီး ထိုမျက်နှာကျတ်



အားလက်သည်းဖြင့်ကုတ်ကာ သူမကိုလှည့်ကြည့်နေ၏။



 



"" အ့...အ...အား...""



 



စုမီအောင်မှာ အော်သံပင်မထွက်တော့ချေ။ တစ်ကိုယ်လုံးတဆတ်



ဆတ်တုန်ယင်နေပြီး ခန္ဓာကိုယ်က လှုပ်ရှား၍မရတော့။ ထိုသူသည်



သူမကိုကြည့်နေရင်း ' ဘုတ်ကနဲ ' မျက်နှာကျတ်ပေါ်မှ ခုန်ဆင်းလာ



တော့သည်။



 



"" အာာားးးး ""



 



"" သမီး... ""



 



စုမီအောင်သည် ကုတင်ပေါ်တွင် တုန်ယင်ကာဖြင့် အကြောက်လွန်



နေခဲ့ပြီ။



 



"" လုပ်ပါဦးယောကျာ်းရယ်...""



 



"" သမီးလေးဘာဖြစ်လဲမသိဘူး ""



 



သူမ၏လက်များက စောင်ကိုတင်းတင်းဆုတ်ကိုင်ထားပြီး မျက်လုံးက



ပြူးကြောင်ကြောင်ဖြစ်နေခဲ့သည်။



 



"" သမီး...သမီးလေး...သတိထားပါကွယ်...မေမေလေ...မေမေပါ ''''



 



ထိုအခါမှစုမီအောင်သည် သတိပြန်ဝင်လာပြီး...



 



"" မေမေ... သမီး..သရဲတွေကိုမြင်နေတယ်...ဘာဖြစ်တာလဲ မသိ



ဘူး... အရမ်းကြောက်ဖို့ကောင်းတယ် ""



 



"" အေးပါ...သမီးရယ်... မေမေလာစောင့်အိပ်မယ်နော်... မကြောက်



နဲ့..မေမေရှိတယ်...""



 



စုမီအောင်ကို နှစ်သိမ့်ရင်း ဒေါ်လွင်လွင်ထက်သည် စိုးရိမ်မိလာလေပြီ။



 



                                     



အခန်း ( ၅ )



 



"" တူ...တူ...တူ... ""



 



"" ဟဲလို ""



 



တစ်ဖက်မှ အမျိုးသမီးတစ်ယောက်၏ပြန်ထူးသံကိုကြားရပြီး...



 



"" ဒါက ကိုအောင်လွင်ဦး တို့အိမ်ကလားရှင် ""



 



ထိုအမျိုးသမီးက နှုတ်ဆိတ်သွားပြီးမှ...



 



"" ဟုတ်ပါတယ် ""



 



"" ကိုအောင်လွင်ဦးနဲ့ ပြောချင်လို့ပါ...""



 



"" ရှင်... ကျွန်မက အောင်လွင်ဦးအစ်မပါ... ကျွန်မကိုပြောလည်း



ရပါတယ်...""



 



ဒေါ်လွင်လွင်ထက်မှာ အားလည်းနာ ဆက်ပြီးလည်း မခေါ်ခိုင်းရဲ



သဖြင့်...



 



"" ဟုတ်ကဲ့... ကျွန်မက စုမီအောင်ရဲ့အမေပါ... ကိုအောင်လွင်ဦးရဲ့



သားလေး...မျက်ကြည်လွှာလှူပေးခဲ့တာလေအစ်မ... မှတ်မိလား



မသိဘူး...""



 



"" အော်... သုတလေးလှူခဲ့တာ... မှတ်မိပါတယ်ရှင်...ကျွန်မကိုယ်



တိုင်ပဲ လက်မှတ်ထိုးပေးခဲ့တာလေ ""



 



"" ဟုတ်ကဲ့အစ်မ... အစကတည်းက ကျေးဇူးတင်ကြောင်းလာပြော



 



 



မလို့ပါပဲ... သားလေးနာရေးနဲ့ အားနာမိလို့...ခုမှဖုန်းဆက်ရတာ....



စိတ်မရှိပါနဲ့နော်...ကျွန်မနဲ့သမီးလေးနဲ့ အိမ်လာချင်လို့ပါအစ်မ ""



 



"" ရပါတယ်... လာခဲ့ပါ... အိမ်လိပ်စာက...""



 



"" ဟုတ်အစ်မ...သိပါပြီ...နေ့လည်လောက်လာခဲ့ပါမယ်နော်...



ကျေဇူးနော်အစ်မ ""



 



နေ့လည် ၁နာရီလောက်တွင်ဒေါ်လွင်လွင်ထက်နှင့် စုမီအောင်တို့



သည် အောင်လွင်ဦး၏ အိမ်သို့ထွက်လာကြတော့သည်။ ထိုအိမ်ရှေ့



သို့ရောက်သည့်အခါ အိမ်လေးမှာ နှစ်ထပ်တိုက်လေးဖြစ်ပြီး တိတ်



ဆိတ်နေသည်။ လူခေါ်ခေါင်းလောင်းလေးတီးလိုက်မှ ထိုအိမ်ထဲက



အသက် ( ၅၀ ) အရွယ်ခန့် မိန်းမတစ်ယောက်ထွက်လာပြီး တံခါး



လာဖွင့်ပေးလေသည်။



 



"" လာပါ...ထိုင်ပါရှင်...""



 



ဒေါ်လွင်လွင်ထက်တို့အိမ်ထဲသို့ဝင်လိုက်သည်နှင့် ဧည့်ခန်းတွင် ချိတ်



ဆွဲထားသော ဓါတ်ပုံများကို တွေ့လိုက်ကြသည်။ အောင်လွင်ဦးနှင့်



သူ့သားဟု ယူဆရသော အသက် ( ၁၀ )နှစ်အရွယ်ကလေးတစ်



ယောက်ပုံလည်းချိတ်ထားသည်။



 



"" ကိုအောင်လွင်ဦးကော...အစ်မ...""



 



ဒေါ်လွင်လွင်ထက်၏ အမေးကို ထိုမိန်းမသည် မှင်သက်သွားပြီး...



 



"" မောင်လေးဆုံးတာ... ( ၃ )နှစ်ကျော်ရှိပြီညီမ...""



 



"" ရှင်... ""



 



ယခုတွင်တော့ ဒေါ်လွင်လွင်ထက်ရော၊ စုမီအောင်ရော ထိတ်လန့်သွား



ကြလေပြီ။



 



"" မဖြစ်နိုင်တာအန်တီရယ်... ဟိုတစ်လောကမှ ဆေးရုံမှာမေမေနဲ့



စကားပြောနေကြသေးတာ...""



 



"" ဟုတ်တယ်အစ်မ... ကျွန်မနဲ့ ဆေးရုံမှာခင်ခဲ့တာပါ... ကျွန်မ



မလိမ်ပါဘူး...""



 



ယခုအခါ အံ့သြသူကတော့ ထိုမိန်းမပင်။ သူမက ဝဲတက်လာသော



မျက်ရည်ကို သုတ်လိုက်ပြီး ဓါတ်ပုံ album ကိုထယူလိုက်သည်။



 



"" ဒါ အောင်လွင်ဦး ဆုံးတုန်းက နောက်ဆုံးရိုက်ခဲ့တဲ့ပုံတွေ...ဘေး



မှာ ရက်စွဲပါပါတယ်...""



 



ဒေါ်လွင်လွင်ထက်နှင့် စုမီအောင်တို့မှာ ဓါတ်ပုံများကို တုန်ယင်စွာ



ဖွင့်ကြည့်နေကြသည်။



 



"" ကျွန်မကိုသူလာပြောတာ...သားလေးက သမီးအတွက် မျက်ကြည်



လွှာလှူပေးခဲ့မယ်ဆိုပြီး...ဒါကြောင့်ကျွန်မတို့သိရတာပါ...""



 



"" ထူးဆန်းအံ့သြစရာပါလား... သုတလေးသွေးကင်ဆာဆိုတာသိ



တော့ သူ ရအောင်ကုမယ်ဆိုပြီး ပိုက်ဆံရှာတာပေါ့... နေ့မအိပ် ည



မအိပ်နဲ့ ကားမောင်းတာ...  ညကားဆိုလည်း လိုက်မောင်းတာပဲ...



နေ့ကားဆိုလည်း သူမောင်းနိုင်တယ်ဆိုပြီးမောင်းလိုက်တာပဲ...နေ့



စဉ်ရက်ဆက်ဆိုတော့... ဘယ်သူကခံနိုင်တော့မလဲ... ပင်ပန်းလို့



အိမ်ပြန်ဖို့ ထအရပ်... ဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားရတယ်



... သုတလေးက အမေလည်းမရှိတော့ပါဘူး... သူ့အမေကလည်း



အမျိုးသမီးရောဂါနဲ့ သုတ ( ၂ )နှစ်အရွယ်ကဆုံးသွားတာ.. ""



 



"" စိတ်မကောင်းစရာပါလား...အစ်မရယ်...""



 



ထိုမိန်းမက မျက်ရည်သုတ်လိုက်ပြီး...



 



"" အစ်မမှာလည်း တူတွေ...တူမတွေထဲမှာ သူ့ကိုအချစ်ဆုံး...



ကီမိုသွင်းရမယ်ဆို... ခြစ်ခြစ်ကုတ်ကုတ်စုထားတာကနေ ရှာကြံပြီး



သွင်းပေါ့...ဒီလိုနဲ့ တောင့်ခံလာတာ... ( ၃ )နှစ်ကျော်ထိပေါ့...



ခုတော့လည်း... သုတလေးကို.. အရမ်းသတိရပါတယ်...ဟင့်...



ဟီး...""



 



ဒေါ် လွင်လွင်ထက် နှင့် စုမီအောင်တို့လည်း စိတ်မကောင်းစွာဖြင့်



နှုတ်ဆိတ်မိနေကြသည်။



 



"" ကျွန်မမှာလည်း အလုပ်တစ်ဖက်နဲ့ ဆေးရုံမှာ အချိန်ပြည့်မစောင့်



နိုင်ခဲ့ဘူး...ဆေးဖိုးအလျှင်မှီအောင်...ရှာကြံရသေးတာကိုး... အဲ့ဒီ



ညက ကျွန်မ ဆေးရုံကိုရောက်တော့...သုတလေးက အားယူပြီး



ပြောတယ်... အခန်း ၃၀၉ က စုမီအောင်ဆိုတဲ့သမီးလေးကို မျက်



ကြည်လွှာလှူခဲ့ချင်ပါတယ်ဆိုပြီး... ကျွန်မလည်း သားလေးဆန္ဒ



အတိုင်းစီစဉ်ပေးခဲ့တာပါ... ""



 



"" သားလေးကဘာမှမပြောခဲ့ဘူးလား..အစ်မ... တကယ်တော့



ကျွန်မနဲ့ သားလေးနဲ့ စကားတောင်တစ်ခွန်းမှ မပြောဖူးပါဘူး...



သမီးအတွက် လှူပေးမယ်လို့ ကိုအောင်လွင်ဦးကလာပြောလို့



သိခဲ့ရတာပါအစ်မ...""



 



"" ကျွန်မမောင်လေး... သူ့သားကိုစိတ်မချဘူးထင်တယ်... သူ့လို



မကျွတ်မလွတ်တဲ့ဘဝမျိုးမှာ နေရမှာစိုးလို့... မွန်မြတ်တဲ့အလှူတစ်ခု



ကို သုတလေးလုပ်ဖို့ သူလမ်းညွှန်ပေးခဲ့တာလားမသိပါဘူးညီမရယ်



...""



 



ဒေါ်လွင်လွင်ထက်တို့လည်း ရင်ထဲဆို့နစ်ကာ ဝမ်းနည်းပြီး မျက်ရည်



ကျခဲ့ရလေပြီ။ အောင်လွင်ဦး၏အစ်မကို ကျေးဇူးတင်ကြောင်း အထပ်



ထပ်ပြောကာ လိုအပ်သည့်အကူအညီရှိပါက အချိန်မရွေးပြောရန်



မှာခဲ့ပြီးပြန်လာခဲ့ကြတော့သည်။



 



                                    *****



 



"" မေမေ... သမီးတို့ဘာဖြစ်လို့ တစေ ္ဆသရဲတွေကိုမြင်နေရတာလဲ""



 



"" အရာရာဟာ အကျိုးအကြောင်းဆက်စပ်နေတာဖြစ်မှာပေါ့သမီး



ရယ်... အလှူတစ်ခုဖြစ်မြောက်သွားဖို့ မမြင်နိုင်တဲ့အကြောင်းတရား



တွေက အထောက်အပံ့ပေးတာရှိသလို တချို့ကလည်း အလှူ



မအောင်ဖို့ နှောင့်ယှက်ကြတာလည်းရှိတတ်ကြတယ်... အခုက



အလှူတစ်ခုအောင်သွားဖို့ သူ့အဖေဟာ မကျွတ်မလွတ်တဲ့ဘဝကနေ



ကူညီပေးခဲ့တယ်ထင်ပါတယ်... ""



 



"" ဟုတ်မှာနော်...မေမေ...ဒါပေမယ့်...သမီးသရဲတွေမြင်နေရတာ



ကရော...  ""



 



"" သမီးက သူများဆီ အလှူခံလာတယ်လေ... မျက်ကြည်လွှာဆို



တာ ဘယ်လောက်တောင်တန်ဖိုးရှိတဲ့အရာလဲ... သူတစ်ပါးရဲ့ အလှူ



အလကားမဖြစ်ရအောင်... သူ့အတွက်လည်းပိုပြီးကုသိုလ်ရအောင်



... သမီးလေး... ဒါန...သီလ...ဘာဝနာ...အားထုတ်ကျင့်ကြံရမယ်



... ဒါမှ လှူပေးတဲ့သူလည်း ကုသိုလ်ပိုရမယ်မဟုတ်လား...အဲ့ဒီအခါ



ကြရင်... မကောင်းတဲ့အရာမှန်သမျှ သမီးဆီကပျောက်ကွယ်သွား



မှာပါ...""



 



"" သမီးနားလည်ပါပြီမေမေ... ဒီမျက်ကြည်လွှာနဲ့ သမီးတတ်နိုင်တဲ့



အားနဲ့ ပေါင်းပြီး အကျိုးရှိရာကိုသာလုပ်ပါတော့မယ်... ""



 



စုမီအောင်သည် ထိုကဲ့သို့ သူမကိုယ်သူမ ပြုပြင်ပြောင်းလဲပြီးနောက်



ပိုင်း သရဲတစေ ္ဆတို့၏ပုံရိပ်များသည်လည်း တဖြည်းဖြည်း လွှင့်ပါး



သွားခဲ့လေတော့သည်။ ယခုအခါတွင်သူမသည် အရာရာတွင် တည်



ငြိမ်ရင့်ကျတ်နေပြီး လမ်းခွဲခဲ့သော ချစ်သူကိုပင် ပြုံးပြနှုတ်ဆက်နိုင်ခဲ့



ပြီ။ သူမတွင်အမုန်းတရားများမရှိတော့။ မည်သူ့ကိုမှလည်းမမုန်းတတ်



တော့ချေ။ တွေ့သည့်လူတိုင်းကို အကူအညီပေးတတ်နေလေပြီ။



 



"" မေမေ... သမီးလေ ဟိုးအရင်က ဒီမျက်ကြည်လွှာကြောင့်ဆို



ပြီး ငါ့မှာတစ္ဆေမျက်လုံးကြီးရှိနေပြီလို့ စိတ်ပင်ပန်းခဲ့ရဖူးတယ်...



အခုချိန်မှာနားလည်လိုက်တာက... တစေ ္ဆမျက်လုံးမဟုတ်ပါဘူး



မေမေ... သမီးကိုလမ်းပြပေးခဲ့တဲ့ အလင်းရောင်ပါ... ""



 



ဒေါ်လွင်လွင်ထက်သည် စုမီအောင်ကို ထွေးပွေ့ရင်း သားအမိနှစ်



ယောက်လုံး ပြုံးမိနေပေတော့လေတည်း။



 



သော်တာလမင်းစန္ဒာ



#lotaya_shortstory



အပတ်စဉ် အသစ်သစ်သော ပရလောက ၀တ္ထုတိုများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ " ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။