contents

သတင်းများ

မေးခွန်း (၄) ခုမေးပြီး သင့်ဘ၀အတွက်အရေးကြီးတဲ့ လျို့ဝှက်ချက်တွေ ဖော်ထုတ်ကြည့်မယ်

နေ့ရက်:
Sep 3, 2019 13:30:00


အမျိုးအစား :
ဗေဒင်
Lotayamm

Shutterstock/By Triff



 



သင့်အတွက်အရေးကြီးတဲ့ လျို့ဝှက်ချက်လေးတွေကို မေးခွန်းလေးတချို့မေးပြီး ဖော်ထုတ်ပေးချင်ပါတယ်။ ဒီအတွက် သင့်ဘက်က လုပ်ပေးရမှာကတော့ ဇာတ်လမ်းလေးတစ်ခုလို စိတ်ကူးထဲမှာ လိုက်ပါ စီးမျောပေးဖို့ပါပဲ။



သင့်ကိုယ်သင် တစ်ခါမှမရောက်ဘူးတဲ့ နေရာတစ်ခုကို ရောက်နေတယ်လို့ စိတ်ကူးနဲ့မြင်ယောင်ကြည့်လိုက်ပါ။ သင်တောင်တက်ခရီးတစ်ခုကို ထွက်လာခဲ့တယ်။ အဲ့ဒီတောင်ပေါ်မှာလည်း သင်လိုချင်တဲ့ အဖိုးတန်ပစ္စည်းတစ်ခု ရှိနေတယ်လို့ သတင်းရထားတာဖြစ်တယ်။ ကဲ…ကျန်တာလေးတွေ ဆက်ပြီး စိတ်ကူးပုံဖော်ကြည့်ရအောင်….။



 





Shutterstock/By seezcape



(၁) သင်တောင်ခြေရင်းကို ရောက်လာခဲ့တယ်။ ပြီးတော့ တောင်ကို မျက်စိတစ်ဆုံးမော့ကြည့်လိုက်တယ်။ ဒီလိုကြည့်လိုက်ချိန်မှာ သင့်စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။



- ခက်ခဲမယ်ထင်လား



- လွယ်လွယ်ကူကူနဲ့အဆင်ပြေသွားမလား



 





Shutterstock/By IvaFoto



(၂) ဒီလိုနဲ့ တောင်ပေါ်ကိုရောက်လာပြီး သင်ရှာနေတဲ့ ပစ္စည်းကိုလည်း တော်တော်နဲ့မတွေ့ဘူးဖြစ်နေတယ်။ လူကလည်း အတော်ပင်ပန်းနေပါပြီ။ ဒီလိုနဲ့ပဲ ညနေစောင်းပြီး မှောင်စပြုလာပြီဖြစ်တယ်။ သင်ဘာဆက်လုပ်မလဲ။



- မတွေ့မချင်းဆက်ရှာနေဦးမှာလား



- ပြန်ဆင်းပြီး နောက်နေ့မှ ပြန်လာရှာမလား



- ဆက်မရှာတော့ဘဲ လက်လျှော့လိုက်မလား



 





Shutterstock/By kovop58



(၃) နောက်ဆုံးတော့ သင်ရှာနေတဲ့အရာကို တွေ့ရှိသွားပြီဖြစ်တယ်။ အဲ့ဒါက တလက်လက်တောက်နေတဲ့ ကျောက်တစ်မျိုးပဲ။ သင်ဘယ်လိုကျောက်မျိုး ရှာတွေ့တယ်လို့ ပုံဖော်မိလဲ။



- အဖိုးတန်ကျောက်မျိုးလား



- အဖိုးမတန်တဲ့ ကျောက်လှလှလေးပဲလား



- သန်းပေါင်းများစွာတန်တဲ့ ရှားပါးကျောက်တစ်ခုလား



 





Shutterstock/  By Nejron Photo



(၄) တောင်ပေါ်က ဆင်းပြီး အိမ်ပြန်ဖို့အချိန်တန်ပါပြီ။ တောင်ကြီးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်စကားဘာပြောချင်ပါသလဲ။



(…….)



 



ကဲ….ကိုယ့်အဖြေတွေက ကိုယ်နဲ့ဘယ်လိုပတ်သက်နေသလဲဆိုတာ သိချင်နေပြီမလား။ အောက်မှာ ဆက်ဖတ်လိုက်ပါဦး….



 



တကယ်တော့ သင့်စိတ်ကူးထဲက တောင်ကြီးက သင့်ရဲ့ဖခင်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သင်ရှာဖွေနေခဲ့တဲ့ ကျောက်တုံးကတော့ သင့်ရဲ့ အစွမ်းအစ၊ ကျွမ်းကျင်မှု စတာတွေကို ရည်ညွှန်းပါတယ်။



 



အဖြေ (၁) တောင်ပေါ်ကိုမော့ကြည့်ပြီး သင့်စိတ်ထဲဖြစ်ပေါ်လာတဲ့ ခံစားချက်က သင့်ရဲ့ဖခင်အပေါ် သင့်ရဲ့သဘောထားပဲ ဖြစ်တယ်။ တောင်ကြီးကို စိတ်ပျက်ခဲ့လား၊ ခက်ခဲတယ်လို့ထင်ခဲ့သလား၊ အဆင်ပြေမယ်လို့ တွေးခဲ့သလား။ ဒါဟာ ကိုယ့်အဖေကို ဘယ်လိုမြင်လဲဆိုတာကို ဖော်ပြနေပါတယ်နော်။



 



အဖြေ (၂) အဖြေမပြောခင် တစ်ခုအရင် ထပ်မေးပါရစေဦး။ သင့်ဝါသနာအစစ်ကို ရှာဖွေတွေ့ရှိပြီးပြီလား။ သင့်စိတ်ကူးထဲမှာ ရှာဖွေခဲ့ရတဲ့ ကျောက်တုံးက သင့်ကိုယ်ထဲမှာ ရှာမတွေ့သင့်ရဲ့ သင့်ရဲ့ဝါသနာ/ကိုယ်ပိုင်အရည်အချင်းတစ်ခုကို ရည်ညွှန်းပါတယ်။ ဒီမေးခွန်းအတွက် သင်ရွေးချယ်ခဲ့





  • ကျောက်တုံးကို မတွေ့မချင်းဆက်ရှာမယ်လို့ ဖြေခဲ့သူတွေဟာ လက်တွေ့ဘ၀မှာလည်း စိတ်ရှည်ပြီး…တစ်ခုခုကို စမိပြီဆို ဆုံးခန်းတိုင်အောင် လုပ်ကိုင်တတ်သူတွေဖြစ်ကြတယ်။


  • နောက်နေ့မှပြန်လာရှာမယ်ဆိုတဲ့လူတွေကလည်း အလားတူပါပဲ။ လက်တွေ့ဘ၀မှာ အလုပ်တစ်ခုကို နောက်ကို အမြဲရွေ့ဆိုင်းလေ့ရှိပြီး ဒီလိုလူအများစုက Deadline နီးမှလုပ်တတ်သူတွေအဖြစ် လူသိများကြပါတယ်။


  •  ဆက်မရှာတော့ဘဲ လက်လျှော့တတ်သူတွေကတော့ သတိထားသင့်ပါတယ်။ ဒီလိုအမူအကျင့်ကြောင့် ဘ၀မှာ ကိုယ်ရောက်သင့်သလောက်အမြင့်ကို ရောက်မသွားတာမျိုးဖြစ်တတ်ပါတယ်နော်။



 



အဖြေ (၃) သင်ရှာတွေ့ခဲ့တဲ့ ကျောက်တုံးရဲ့ တန်ဖိုးပမာဏဟာ သင့်ကိုယ်သင်ဘယ်လောက်တန်ဖိုးရှိတယ်လို့ ခံယူထားသလဲဆိုတာကို ဖော်ပြနေပါတယ်။ သင်ဘယ်လိုတွေးခဲ့ပါသလဲ ပြန်ဆန်းစစ်ကြည့်လိုက်ပါနော်။



 



အဖြေ (၄) ဒီနောက်ဆုံး နှုတ်ဆက်စကားလေးကတော့ သင့်အဖေကို ပြောချင်ပေမယ့် ဘယ်တော့မှ မပြောဖြစ်ခဲ့တဲ့ စကားပဲ ဖြစ်ပါတယ်တဲ့။



 



ကဲ….ဒီနေ့အတွက်တော့ ကျေနပ်စရာ Test တစ်ခုဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။