contents

သတင်းများ

ပျော်ရွှင်စရာ မြန်မာ့ရိုးရာဉာဏ်စမ်းစကားထာ

နေ့ရက်:
Jul 18, 2019 10:15:00


အမျိုးအစား :
ဗေဒင်
Lotayamm

Pixabay/geralt



ဒီတစ်ခါလည်း ပျော်ပျော်ပါးပါး ဉာဏ်စမ်းလို့ရအောင် စကားထာအသစ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သေသေချာချာစဉ်းစားပြီး ဖြေကြည့်ပါ။ ပြီးရင်တော့ အောက်ဆုံးမှာ အဖြေတိုက်ကြည့်ပြီး ကိုယ်ဘယ်နှခုတောင်မှန်သလဲ စစ်ကြည့်လိုက်ပါနော်။





Pixabay/ Rode1967



၁။ ကန်ထဲမှာရေ… ရေထဲမှာမြွေ… မြွေခေါင်းမှာရွှေ။





  • ငန်းတော်ကြား


  • အုန်းသီး


  • နဂါး


  • ဆီမီးခွက်



 





Pixabay/ Victoria_Borodinova



၂။ ကျိုးကျိုးကျည်ကျည် မြည်လို့လာ… အိမ်ရောက်ခါမှ မေးထောက်ကာ။





  • ဇီးကွက်


  • နွားလှည်း


  • ဘတ်စ်ကား


  • ဆိုင်ကယ်



 





Pixabay/ skeeze



၃။ သူ့အပင်နွဲ့ချောင်း… မတက်ကောင်း… စားကောင်းပါရဲ့ဖူးတံနဲ့။





  • သန်း


  • ကြံ


  • ပြောင်းဖူး


  • နေကြာပန်း



 





Pixabay/StarFlames



၎။ ငုပ်ချည် ပေါ်ချည်… သူ့ဖင်ကိုကြိုးနဲ့ချီ။





  • အပ်


  • ခေါင်းအုံး


  • သက္ကယ္အက်ႌ


  • ကျောက်စူး



 





Pixabay/artyangel



၅။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။





  • မြွေ


  • သစ်ကိုင်း


  • မြစ်ချောင်း


  • မီးခိုး



 





Pixabay/tommileew



၆။ ကြံမည်းတစ်ရုံ ခုတ်မကုန်။





  • ပဲပင်ပေါက်


  • ၀ါး


  • မြက်


  • ဆံပင်



 



အဖြေမှန်တွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။



၁။ ဆီမီးခွက်



၂။ နွားလှည်း



၃။ ပြောင်းဖူး



၎။ အပ်



၅။ မြစ်ချောင်း



၆။ ဆံပင်



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။