contents

သတင်းများ

လူတွေရဲ့ အတွင်းစိတ်အကြောင်းကို ဖော်ထုတ်ပေးမယ့် မေးခွန်း (၆) ခု

နေ့ရက်:
Jul 16, 2019 11:37:00


အမျိုးအစား :
ဗေဒင်
Lotayamm

Pixabay/Larisa-K



ပေးထားမယ့် မေးခွန်း (၇) ခုကတော့ ဇာတ်လမ်းတစ်ပုဒ်လို စိတ်ထဲမှာ စိတ်ကူးယဉ်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်..



သင်ကိုယ်တိုင်ဖြစ်ဖြစ်၊ သင့်ရဲ့ မိသားစု သူငယ်ချင်းတွေဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ဖြေကြည့်ခိုင်းပြီး သူတို့ရဲ့ အနက်ရှိုင်းဆုံး အတွင်းစိတ်ထဲက အကြောင်းတွေကို ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ မေးခွန်းတွေမှာ လိုက်ပါစီးမျောပြီး အဖြေလေးတွေ အရင်ရွေးကြည့်လိုက်ကြရအောင်…





Pixabay/7645255



မေးခွန်း (၁) သင်ဟာ မြက်ပင်ရှည်တွေ ယိမ်းနွဲ့နေတဲ့ ကွင်းပြင်ကျယ်ကြီးတစ်ခုထဲ ရောက်နေတယ်။ သင့်ရဲ့ မျက်နှာပေါ်ကိုလည်း လေညင်းလေးတွေ ပြေးလျှပ်တိုက်သွားတယ်။ ဒီအချိန် ကွင်းပြင်ကြီးအလယ်မှာ သေတ္တာတစ်လုံးကို တွေ့လိုက်တယ်။ သေတ္တာက-



(က) ဖွင့်ထားတယ်



(ခ) ပိတ်ထားတယ်





Pixabay/Rainer_Maiores



မေးခွန်း (၂) သေတ္တာဘေးကို ဖြတ်လျှောက်လာရင်း မြက်စားနေတဲ့ မြင်းတစ်ကောင်ကို သင်တွေ့လိုက်တယ်။ မြက်အရောင်က..



(က) အဖြူရောင်



(ခ) အညိုရောင်



(ဂ) အနက်ရောင်





Pixabay/ZERIG



မေးခွန်း (၃) သင် ဆက်သွားနေတုန်း သင့်ရဲ့ အရှေ့မှာ မှော်ဆန်စွာနဲ့ လှေကားတစ်စင်း ပေါ်ပေါက်လာတယ်။ လှေကားက..



(က) အပေါ်တက်သွားတဲ့ လှေကား



(ခ) အောက်ဆင်းသွားတဲ့ လှေကား





Pixabay/12019



မေးခွန်း (၄) သင်ဟာ သိချင်စိတ်နဲ့ လှေကားဆီ ဝင်သွားလိုက်ပါတယ်။ အဲ့ဒီကနေ တောအုပ်တစ်ခုထဲ ရောက်သွားတဲ့ သင်ဟာ သစ်သားအိမ်ကလေးတစ်လုံးကို တွေ့လိုက်ပါတယ်။ အိမ်ထဲ ဝင်သွားတဲ့အခါမှာတော့ ဝိုင်ခွက်တစ်ခွက် ရှိနေတာ သင်တွေ့ရပါတယ်။ ဝိုင်ခွက်က-



(က) နည်းနေတယ်



(ခ) များနေတယ်





Pixabay/12019



မေးခွန်း (၅) သင်ဟာ သစ်သားအိမ်ကလေးထဲမှာ တစ်ညအိပ်ပျော်သွားပြီးနောက် နောက်နေ့မနက် နိုးပြီး အပြင်ထွက်လာချိန်မှာ လောကကြီးက အရမ်းကို ကြည်လင်သာယာနေပါတယ်။ ထို့နောက် အိမ်လေးရဲ့ မလှမ်းမကမ်းမှာ ရေအိုင်လေးတစ်အိုင် သင်တွေ့လိုက်ပါတယ်။ ထိုရေအိုင်ထဲမှာ ငန်းဘယ်နှကောင်ကို သင်တွေ့ရလဲ။



ဆက်ပြီးတော့ သင်ဟာ မိန်းကလေးဆိုရင် မေးခွန်း (၆) ကို ဖြေပြီး ယောက်ျားလေးဆိုရင်တော့ မေးခွန်း (၇) ကို သွားဖြေပေးနော်။





Pixabay/Tama66



မေးခွန်း (၆) ရေအိုင်နားမှာ သင်က ငန်းလေးတွေကို အစာကျွေးနေခဲ့ချိန်မှာ သင်ဟာ သံချပ်ကာတွေ ဝတ်ဆင်ထားတဲ့ သူရဲကောင်းတစ်ဦး သင့်အနားကို ချဉ်းကပ်လာတာ တွေ့လိုက်ရပါတယ်။ ထိုသူရဲကောင်းက သူ့မျက်နှာဖုံးကို ချွတ်ပြီး သင့်ကို နှုတ်ဆက်လိုက်ပါတယ်။ သူက သင်သိတဲ့သူလား။ သူ ဘယ်သူလဲ။



မေးခွန်း (၇) ရေအိုင်နားမှာ သင်က ငန်းလေးတွေကို အစာကျွေးနေခဲ့ချိန်မှာ သင်ဟာ တော်ဝင်အဝတ်အစားတွေနဲ့ မင်းသမီးလေးတစ်ဦး သင့်အနားကို ချဉ်းကပ်လာတာ တွေ့လိုက်ရပါတယ်။ ထိုမင်းသမီးလေးက သူဘယ်သူဆိုတာ ဖော်ပြလိုက်ပြီး သင့်ကို နှုတ်ဆက်လိုက်ပါတယ်။ သူက သင်သိတဲ့သူလား။ သူ ဘယ်သူလဲ။



ကဲ.. မေးခွန်းအားလုံး ဖြေပြီးပြီဆိုရင် အောက်မှာ သင့်အဖြေတွေရဲ့ အဓိပ္ပာယ်တွေကို ကြည့်လိုက်တော့နော်။





Pixabay/thommas68



မေးခွန်း (၁)အတွက် အဖြေ - သင့်အဖြေက သင့်ရဲ့ မွေးရာပါဗီဇကို ကိုယ်စားပြုပါတယ်။



(က)ကိုရွေးရင် သင်ဟာ ပွင့်လင်းပြီး ပျော်ပျော်နေတတ်သူပါ။



(ခ)ကိုရွေးရင်တော့ သင်ဟာ အေးဆေးတည်ငြိမ်ပြီး ခံစားချက်တွေကို သိုဝှက်ထားတတ်သူပါ။



မေးခွန်း (၂)အတွက် အဖြေ - ဒါဟာ သင့်ဘဝလက်တွဲဖော်ကို သင်ရွေးချယ်ချင်တဲ့ ပုံစံပါ။



(က)ကိုရွေးရင် သင်က စရိုက်ရော သွင်ပြင်ရော ထည့်တွက်တတ်တယ်။



(ခ)ဆိုရင် သင်ဟာ သွင်ပြင်တွေကို ဂရုမစိုက်ဘဲ စရိုက်ကိုပဲ ကြည့်တတ်တယ်။



(ဂ)ဆိုရင် သင်ဟာ စရိုက်ကို ထည့်မတွက်ဘဲ သွင်ပြင်ရုပ်ရည်ကိုသာ ကြည့်ပြီးဆုံးဖြတ်တတ်တယ်။



မေးခွန်း (၃)အတွက် အဖြေ -



(က) သင်ဟာ အကောင်းမြင်တတ်သူ



(ခ) သင်ဟာ အဆိုးမြင်တတ်သူ



မေးခွန်း (၄)အတွက် အဖြေ - ဒါဟာ သင့်ရဲ့ နှလုံးသားရေးရာအပေါ် အားထုတ်မှု ဖြစ်ပါတယ်။ ခွက်ထဲမှာ များရင်များသလောက် သင်ဟာ သင့်ချစ်သူကို ဂရုစိုက်တတ်သူဖြစ်ပါတယ်။



မေးခွန်း (၅)အတွက် အဖြေ - ငန်းအရေအတွက်ဟာ သင့်ဘဝမှာ ရှိလာမယ့် အချစ်စစ် အရေအတွက်ဖြစ်ပါတယ်။



မေးခွန်း (၆)နဲ့ (၇)အတွက် အဖြေ - သူဟာ သင့်ဘဝမှာ ဘယ်တော့မှ မေ့မရမယ့် သူတစ်ယောက် ဖြစ်ပါတယ်။



 



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။