contents

သတင်းများ

သင့်ဘ၀ရဲ့ အရေးပါဆုံး အရာတစ်ခုကို ဖော်ထုတ်ပေမယ့် စိတ်ပညာစမ်းသပ်ချက်

နေ့ရက်:
Jul 15, 2019 11:45:00


အမျိုးအစား :
ဗေဒင်
Lotayamm

Shutterstock/ By Kite_rin



သင်က အဆုံးအစလှမ်းမမြင်နိုင်တဲ့ ကန္တာရကြီးတစ်ခုထဲမှာ လမ်းလျှောက်နေရတယ်။ လူက အရမ်းကို ပင်ပန်းပြီး သောက်စရာ ရေကလည်း နည်းနည်းပဲကျန်ပါတော့တယ်။ သင်နဲ့အတူ တိရိစ္ဆာန် (၅) ကောင်ပါလာပါသေးတယ်။ သူတို့တွေကတော့….





  • မြင်း


  • နွား


  • ခြင်္သေ့


  • မျောက် နဲ့


  • ဆိတ် တို့ပဲဖြစ်ကြတယ်။





Shutterstock/ By mariait, By Eric Isselee, By Eric Isselee, By Eric Isselee, By yevgeniy11



သင့်မှာ ရှိနေတဲ့ လက်ကျန်သောက်ရေက သင်နဲ့ ဒီတိရိစ္တာန် (၅) ကောင်လုံး ဒီကန္တာရထဲက လွတ်တဲ့အထိ မလုံလောက်ဘူးဆိုတာ သင်ကိုယ်တိုင်လည်း နားလည်နေပါတယ်။ ဒီတိုင်းသာ ဆက်သွားနေရင် သင်တို့အားလုံး အစာရေစာပြတ်လို့ သေရပါတော့မယ်။ ဒီတော့….



ဆုံးဖြတ်ချက်တစ်ခုချရပါမယ်။ တိရိစ္ဆာန်တစ်ကောင်ကို ထားခဲ့ပြီး ရှေ့ဆက်ပါမယ်။ ဘယ်သူ့ကို ထားခဲ့မလဲ။



(၅ ကောင်ထဲက တစ်ကောင်ရွေးပြီး ထားခဲ့ပါ။ မှတ်ထားပေးပါ)





Shutterstock/By Anton Petrus



ဒီလိုနဲ့ တိရိစ္ဆာန် (၄) ကောင်နဲ့အတူ ခရီးဆက်လာပြန်တယ်။ ကန္တာရကလည်း ပူသထက်ပူလာတယ်။ ဒီလိုနဲ့ လက်ကျန်ရေပမာဏကို စစ်ကြည့်တဲ့အခါ မူလထင်ထားတာထက်တောင် ပိုဆိုးနေပါတယ်။ တိရိစ္ဆာန်တစ်ကောင် ထပ်ထားခဲ့မှ ဖြစ်ပါတော့မယ်။



ဒီတစ်ခါရော ဘယ်သူ့ကို ထားခဲ့မလဲ။



(လက်ကျန် (၄) ကောင်ထဲက တစ်ကောင်ရွေးပြီးထားခဲ့ပါ)





Shutterstock/By Ana Pareja Photogrophy



ကဲ….ဒီတော့ သင့်မှာ တိရိစ္ဆာန် (၃) ကောင်ပဲကျန်ပါတော့တယ်။ ဆက်လျှောက်ရင်းနဲ့ သင်ကြိုတွက်ထားသလိုပဲ အိုအေစစ်လေးတစ်ခုဆီ ရောက်သွားပါတယ်။ ဒါပေမဲ့ အိုအေစစ်လေးမှာလည်း ရေတွေ လုံးဝခမ်းခြောက်နေပြန်ပါတယ်။ မတတ်နိုင်ပါဘူး။ သင်နောက်ထပ် တိရိစ္ဆာန်တစ်ကောင်ကို ထပ်ထားခဲ့ရပါမယ်။



(လက်ကျန် (၃) ကောင်ထဲက တစ်ကောင်ရွေးပြီးထားခဲ့ပါ)





Pixabay/By skeeze



ခုတော့ သင့်မှာ တိရစ္ဆာန်လေး (၂) ကောင်သာ ကျန်ပါတော့တယ်။ ကန္တာရရဲ့အဆုံးသတ်ကို ခပ်ရေးရေးလေး လှမ်းမြင်နေရပါပြီ။ ဒါပေမဲ့ သင့်မှာ လက်ကျန်ရေက တိရိစ္ဆာန် နှစ်ကောင်နဲ့ လူတစ်ယောက်စာ မလောက်ငှတော့ပါဘူး။ စိတ်မကောင်းစွာနဲ့ပဲ နောက်ဆုံး လက်ကျန်နှစ်ကောင်ထဲက တစ်ကောင်ကို ထားခဲ့ရပါတော့မယ်။ ဒီတစ်ခါမှာရော….ဘယ်သူ့ကို ထားခဲ့မလဲ။ ရွေးချယ်ပါ။



(လက်ကျန် (၂) ကောင်ထဲက တစ်ကောင်ရွေးပြီးထားခဲ့ပါ)



 




ကဲ..နောက်ဆုံးတော့ သင်ကန္တာရရဲ့အဆုံးကို ရောက်သွားပါပြီ။ မေးခွန်းတွေလည်း ပြီးပါပြီ။ သင့်အတွက်အဖြေက အောက်မှာ စောင့်ကြိုနေပါပြီ။



 




သင့်ရွေးချယ်မှုရဲ့ အဖြေများ



အပေါ်မှာ ပါတဲ့ အကောင်(၅) ကောင်ဟာ သင့်ဘ၀ထဲက ဒီအရာတွေကို ကိုယ်စားပြုပါတယ်။



မြင်း က သင့်ရဲ့ ဗီဇ၀ါသနာကို ကိုယ်စားပြုပါတယ်။



နွား က သင့်ရဲ့ တခြားသူတွေအပေါ် ကူညီရိုင်းပင်းလိုစိတ်ကို ကိုယ်စားပြုပါတယ်။



ခြင်္သေ့ က သင့်ရဲ့မာန နဲ့ သတ္တိကို ကိုယ်စားပြုပါတယ်။



မျောက် က သင့်ရဲ့အဖော်မင်တဲ့ စိတ်ကို ကိုယ်စားပြုပါတယ်။



ဆိတ် က ချမ်းသာပေါကြွယ်မှုကို ကိုယ်စားပြုပါတယ်။



 



ကန္တာရထဲမှာ သင်အရင်ဆုံးထားခဲ့တဲ့အရာက သင့်အတွင်းစိတ်ထဲမှာ လိုချင်မှု အနည်းဆုံး၊ တနည်းအားဖြင့် အားအနည်းဆုံးအရာတွေ ဖြစ်ပြီး…နောက်ဆုံးထိ ခေါ်ယူလာခဲ့တဲ့အရာကတော့ သင်အလိုချင်ဆုံးအရာပဲဖြစ်ပါတယ်။ သင်ဘယ်အရာကို အရင်ဆုံး လွှတ်ချခဲ့မိပါသလဲ။ ဘာကို အဆုံးထိ ယူလာခဲ့မိပါသလဲ?



 



 



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။