contents

သတင်းများ

သင့်ရဲ့အချစ်ရေးအမြင်ကို ကွက်တိဖော်ပြပေးနိုင်တဲ့ စိတ်ပညာစမ်းသပ်ချက်

နေ့ရက်:
Jul 11, 2019 17:15:00


အမျိုးအစား :
ဗေဒင်
Lotayamm

Shutterstock/By Lightspring



သင်ဟာ အဆုံးအစမဲ့ ကန္တာရတစ်ခုထဲ ရောက်နေတယ်လို့ စိတ်ကူးထဲမှာ မြင်ယောင်ကြည့်ပါ။ သင်ဟာ အရမ်းကို ပင်ပန်းနေပြီ။ ရေလည်း အင်မတန်ဆာလှပြီ။ အဲ့ဒီအချိန်မှာပဲ…..





Shutterstock/By ActiveLines



သင့်ရှေ့မှာ ခမ်းနားလှပလွန်းတဲ့ အဆောက်အဦးကြီးတစ်ခုကို မြင်လိုက်ရတယ်။



(၁) သင်ဘယ်လိုအဆောက်အဦးကိုတွေးမိလဲ။



(က) ရှေးဟောင်း ရဲတိုက်ကြီးတစ်ခု



(ခ) ပြတိုက်ကြီး



(ဂ) ဟိုတယ်ကြီးတစ်ခု





Shutterstock/By Oliver Hoffmann



(၂) သင်အဲ့ဒီအဆောက်အဦးထဲကို ဘယ်လိုဝင်မလဲ။



(က) ပြတင်းပေါက်တစ်ခုကနေ



(ခ) တံခါးမကြီးကနေ



(ဂ) ၀ရံတာကတဆင့် ခိုးတက်



(ဃ) မြေအောက် ဥမင်ရှိတယ်





Shutterstock/By FreshPaint



အထဲရောက်တော့ လှေကားကြီးတစ်ခုတွေ့လိုက်တယ်။



(၃) ဘယ်လိုလှေကားမျိုးကို တွေးမိလဲ။



(က) ကြောင်လိမ်လှေကားကြီး



(ခ) လှေကားက ဖြောင့်ဖြောင့်ကြီးပဲ



 





Shutterstock/By WhiteBarbie



ဒါနဲ့ပဲ လှေကားပေါ် တက်သွားလိုက်တယ်။ တက်ရင်းနဲ့ သင့်စိတ်ထဲမှာ လှေကားထစ်တွေကို ရေသွားလိုက်တယ်။



(၄) လှေကားထစ်ဘယ်လောက်များလဲ။



(က) ၁ - ၅ ခု



(ခ) ၆ - ၂၅ ခု



(ဂ) ၂၆ - ၅၀ ခု



(ဃ) ၅၀ ကျော်တယ်



 





Shutterstock/ By YUCALORA



နောက်တော့ သင်အခန်းလေးတစ်ခုထဲဝင်လိုက်တယ်။



(၅) အဲ့အခန်းက ဘယ်လောက်ကျယ်လဲ။



(က) ဗီရိုတစ်လုံးစာလောက်လေးပဲ



(ခ) သာမန်ဧည့်ခန်းတစ်ခုလောက်ရှိတယ်



(ဂ) ဟောခန်းအကြီးစားတစ်ခုလောက်ရှိတယ်



(ဃ) ဘောလုံးတစ်ကွင်းစာလောက်ကို ကျယ်တယ်





Shutterstock/ By FR Design



(၆) အခန်းရဲ့နံရံက ဘာအရောင်လဲ။



(က) အနီ



(ခ) ခရမ်း



(ဂ) အ၀ါ



 



ကဲ….အခုဆို မေးခွန်းအားလုံးပြီးဆုံးသွားပါပြီ။ ကိုယ်ရွေးချယ်ခဲ့တဲ့ အဖြေ (၆) ခုရဲ့ အဓိပ္ပါယ်တွေကို အောက်မှာ ပြန်တိုက်ကြည့်လိုက်တော့နော်။



(၁) အဆောက်အဦးပုံစံက သင့်ဘ၀မှာ ဘယ်အရာကို ဦးစားအပေးဆုံးလဲဆိုတာကို ဖော်ပြပါတယ်။



- ရဲတိုက် = ငွေကြေးဥစ္စာ



- ပြတိုက် = အလုပ်



- ဟိုတယ် = မိသားစု နဲ့ ချစ်ခြင်းမေတ္တာ



 



(၂) သင်ရွေးချယ်ခဲ့တဲ့ ၀င်ပေါက်က သင်ဘယ်လို ဘ၀မျိုးကို သဘောကျလဲဆိုတာ ဖော်ပြပါတယ်။



ပြတင်းပေါက် = အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ဘဝ



တံခါးမ = သာယာအေးချမ်းတဲ့ဘဝ



ဝရံတာ = စိတ်ကူးယဉ်ဆန်ပြီး အေးချမ်းတဲ့ဘဝ



မြေအောက်ဥမင် = စွန့်စားရတဲ့ ဘဝ



 



(၃) လှေကားပုံစံက သင့်အချစ်ရေးကို ကိုယ်စားပြုပါတယ်။



ကြောင်လိမ်လှေကား = အကွေ့အကောက်များစွာနဲ့ အချစ်ရေး



လှေကားဖြောင့်ဖြောင့်= ရိုးစင်းသာယာတဲ့ အချစ်ရေး



         



(၄) လှေကားထစ်အရေအတွက်ကတော့ သင့်ရဲ့အချစ်ရေး မပြိုကွဲဖို့ သင့်အနေနဲ့ ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတာကို ဖော်ပြပါတယ်။ လှေကားထစ်နည်းရင် သိပ်ကြိုးစားဖို့မလိုခဲ့ပဲ၊ လှေကားထစ်အရေအတွက်များရင်တော့ အကြိမ်ရေ ခပ်များများ ကြိုးစားခဲ့ရတဲ့သဘောပါ။



(၅) အခန်းရဲ့အကျယ်က သင်စွန့်စားရတာ ဘယ်လောက်နှစ်သက်လဲဆိုတာကို ရည်ညွှန်းပါတယ်။ ခပ်ကျဉ်းကျဉ်းပဲ တွေးမိတယ်ဆိုရင် သင်က စွန့်စွန့်စားစားလုပ်ရတာထက် အေးဆေးတည်ငြိမ်တာကို ပိုနှစ်သက်ပြီး၊ အခန်းကျယ်ရင်ကျယ်သလောက် စွန့်စားရတာ ကြိုက်တတ်သူလို့ အဓိပ္ပါယ်ရပါတယ်။



 



(၆) နောက်ဆုံးအနေနဲ့ အခန်းရဲ့ အရောင်က သင့်ရဲ့ပင်ကိုသဘာဝ ပုံစံကို ရည်ညွှန်းပါတယ်။



အနီရောင် = ရည်မှန်းချက်ကြီးသူ



ခရမ်းရောင် = စွန့်စားလှုပ်ရှားလိုသူ



အ၀ါရောင် = တက်ကြွဦးဆောင်နိုင်သူ



 



 



#lotaya_quiz



အသစ်သစ်သော ပဟေဋ္ဌိမေးခွန်းများကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ" ဆက်လက်ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့ လိုမယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။