contents

သတင်းများ

၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း( ၁၄-၇-၂၀၁၉ ) မှ ( ၂၀-၇-၂၀၁၉) အထိ

နေ့ရက်:
Jul 12, 2019 10:00:00


အမျိုးအစား :
ဗေဒင်
Lotayamm

 ၇ရက်သားသမီး တစ်ပတ်စာဟောစာတမ်း



                   ဗြဟ္မဏပုဏ္ဍားနက္ခတ္တ​ဗေဒပညာရှင်​၊ ​ဗေဒင်​နှင့်​လက္ခဏာဆရာ ဆရာမင်းသူရ ဟောပြောပေးထားတဲ့ ၇ရက်သားသမီး တစ်ပတ်စာဗေဒင်ဟောစာတမ်းကို ( ၁၄-၇-၂၀၁၉ ) မှ ( ၂၀-၇-၂၀၁၉) အထိဖော်ပြပေးလိုက်ပါတယ်။





တနင်္ဂနွေသားသမီး



တနင်္ဂနွေသားသမီး ငွေကံကောင်းလာမယ်၊ အဘက်ဘက်ငွေဝင်ပြီး ဆွေမျိုးအသိုင်းအဝိုင်းထဲကနေလည်း ငွေအစုလိုက် ရရှိလာကိန်းရှိပါတယ်။ အလုပ်နဲ့ ပတ်သက်ပြီး အရာရာတိုင်းကို နားလည်သဘောပေါက်ပြီး၊ ကျယ်ကျယ်ပြန့်ပြန့် ကိုင်တွယ်နိုင်မယ်။ မိမိ အလုပ်ကြိုးစားခြင်းကြောင့် မြန်မြန်ဆန်ဆန်ပဲ အောင်မြင်မည်။ မိမိဝါသနာပါရာ အားကစားလိုက်စားခြင်းများစတင်ဆောင်ရွက်သင့်တဲ့ကာလပါပဲ၊ လူအများကြား ထင်ပေါ်ပါလိမ့်မယ်။ အထက်လူကြီး စောင့်ရှောက်ခြင်းခံရနိုင်ပြီး နိုင်ငံဂုဏ်အတွက်ပါဝင်ရတတ်တယ်။ လူအများရဲ့ယုံကြည်ခြင်းခံရမည်။ တန်ဖိုးထားတဲ့ ပစ္စည်း၊ ဥစ္စာ ပျောက်တတ်တယ်။ အချစ်ရေးကံကောင်းပြီး မိမိရည်ရွယ်ထားသူ ချစ်သူကိုတော့ မလိမ်မိပါစေနဲ့။ အိမ်ထောင်ရေး သာယာပျော်ရွှင်ရပါလိမ့်မယ်။ ကျန်းမာရေး အထူးကောင်း၍ မကျန်းမာသူ တစ်ဦးကို တာဝန်ယူ ဆေးဝါးကုသိုလ်ပြုရတတ်သည်။ အရှေ့မြောက် အရပ်လာဘ်အကျိုးပေး၊ အနောက်တောင်အရပ် ရှောင်ပါ။ မြောက် အရပ် စန်းပွင့်၏။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ စံပယ်ပန်း၊ ရွေ၊ငွေပန်းများကို ဘုရားပူဇော်ပြီး သွားပါ။



အကျိုးပေးဂဏန်း ➖ {၄,၁,၃}

အကျိုးပေးအရောင် - အနီရောင်၊ နက်ပြာရောင်

ဆောင်ရန် - စံပယ်ရွက်

ရှောင်ရန် -  အနောက်တောင် အရပ်

ယတြာ - စံပယ်ပန်း၊ ရွေပန်း၊ ငွေပန်းနှင့် ဘရာကြော်(၉)ခုဆွမ်းကပ်ပါ။



 



တနင်္လာသားသမီးများ



တနင်္လာသားသမီးများ အတွေးမှန် အမြင်မှန် အယူအဆမှန်ကန်မှုကြောင့် ကောင်းကျိုးတွေဖြစ်ထွန်းနေမှာပါပဲ။ တနင်္ဂနွေ၊ တနင်္လာ အကျိုးတူပူးပေါင်းအောင်မြင်မယ်။ အနောက် အရပ်လာဘ်အကျိုးပေး၊ အရှေ့ အရပ်ရှောင်ပါ။ အဆောက်အဦးလုပ်ငန်း၊ အုတ်၊သဲကျောက်၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ငွေဝန်ဆောင်မှုလုပ်ငန်း အကျိုးမြတ်ရလဒ်ကောင်းပြိး သူများအတွက် လက်မှတ်ထိုးပေးခြင်း အာမခံခြင်း တာဝန်ယူခြင်းများ မလုပ်သင့်သောကာလ တစ်ခုပါ။ ခရီးသွားဖို့လည်း အကြောင်းဖန်လာပါလိမ့်မယ်။ အဖိုးတန် ပစ္စည်းများဝင်မည်။ မြေကိစ္စ အမွေကိစ္စ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း၊ ငွေအဝင်အထွက်ကြမ်းခြင်းများ ကြုံလိမ့်မည်။ အိမ်ထောင်ရေးသာယာ၍  အချစ်ရေးကံကောင်းနေချိန်ပါပဲ။ သို့သော် အလုပ်များနေတာကြောင့်လဲ ချစ်သူနဲ့ ဆုံရဖို့ခဲယဉ်းတတ်ပါတယ်။ ကျန်းမာရေးအနေနဲ့ နှာခေါင်းသွေးယို ဖြစ်ပွားတတ်ပါတယ်။ မိမိလုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ လိမ္မော်ရည်တစ်ဘူး ဘုရားလှူပြီးသွားပါ။



အကျိုးပေးဂဏန်း ➖ {၉,၃,၅}

အကျိုးပေးအရောင် - မိုးပြာရောင်၊ နို့နှစ်ရောင်

ဆောင်ရန် - လိမ္မော်သီး

ရှောင်ရန် -  အရှေ့ အရပ်

ယတြာ - လိမ္မော်ရည်(၁)ခွက်၊ ယိုများ ဆွမ်းကပ်လှူပါ။



 



အဂါၤသားသမီးမ်ား



            အဂါၤသားသမီးမ်ား အလုပ်နေရာ၊ အိမ်နေရာ ၊ပြင်ဆင်မွမ်းမံရခြင်း၊ ပြောင်းရွှေ့ရခြင်းလုပ်ရတတ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း(သို့)လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်များ ပေါ်လာလိမ့်မည်။ ပညာရေးကံအထူးကောင်းပါတယ်။ အချစ်ရေး အဆင်ပြေမယ့် အချိန်ပါပဲ။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်တဲ့ ကာလဖြစ်သလို ညီအကို မောင်နှမတွေအတွက် ငွေကုန်ရတတ်ပါတယ်။ မင်္ဂလာဆောင်၊ အလှူအတန်းတွေမှာ ဝင်ရောက် ကူညီပေးနေရတတ်ပါတယ်။ ကျန်းမာရေးကတော့ အဆိုးကြီးမဟုတ်ပေမယ့် ဒူးနာ၊ ခါးနာ လောက်တော့ ဖြစ်တတ်ပါတယ်။ အရှေ့တောင် အရပ်လာဘ် အကျိုးပေး၊ 

အနောက်မြောက် အရပ်ရှောင်ပါ။ အရှေ့အရပ် စန်းပွင့်၏။ မိမိ လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာ၌ မာလကာသီး(၃)လုံး ဘုရားပူဇော်ပြီး သွားပါ။



အကျိုးပေးဂဏန်း ➖ {၆,၃,၂}

အကျိုးပေးအရောင် - နို့နှစ်ရောင်၊ မိုးပြာရောင်

ဆောင်ရန် - မာလကာသီး

ရှောင်ရန် -  အနောက်မြောက် အရပ်

ယတြာ - မာလကာသီး(၃)လုံး၊ နို့ထမင်းကပ်လှူပါ။



 



ဗုဒ္ဓဟူးသားသမီးများ



ဗုဒ္ဓဟူးသားသမီးများ အိမ်မှာမပျော်ဘဲ လမ်းမှာသာပျော်နေတတ်သည်။ အိမ်ပူလေ အလုပ်ကောင်းလေ ကာလပါပဲ။ ငွေကြေးကဏ္ဍ တစ်ခုကတော့ အားနည်းနေပါတယ်။ အိမ်ပြင်၊ အိမ်ဆောက်၊ အိမ်တက် အိမ်ပြောင်းပြုလုပ်ရတတ်ပါတယ်။ ကုမ္ပဏီလုပ်ငန်း၊ အစုရှယ်ယာဝင် ယာဉ်စက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းအကျိုးဖြစ်၍  မိမိရည်ရွယ်ထားသော အလှူမင်္ဂလာ စလွယ်တင်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထပ်ကိစ္စများ လွှဲချော်ရတတ်ပါတယ်။ ပညာရေးကောင်းမွန်ပြီး ကြားစကားတွေကြောင့် ချစ်သူရဲ့ နားလည်မှုလွဲနေခြင်းကို ဖြေရှင်းရလိမ့်မည်။ အိမ်ထောင်ရောသာယာမည်ဖြစ်ပြီး ကျန်းမာရေးကိုတော့ အထူးဂရုစိုက်စေချင်ပါတယ်။ အစားအသောက်ဆင်ခြင်ပါ။ ဝမ်းပျက်ဝမ်းလျော ဖြစ်တတ်ပါတယ်။ တောင် အရပ်လာဘ်အကျိုးပေး နေပြီး မြောက်အရပ် ရှောင်ပါ။ တောင် အရပ် စန်းပွင့်ပါတယ်။ ၂၀၁၉-ခုနှစ် July လ(17)ရက် ၁၃၈၀-ပြည့် ဝါဆိုလဆုတ်(၁)ရက် ဗုဒ္ဓဟူးနေ့ ဘုရားတည်၊ ထီးထင်၊ ပန္နက်ရိုက်၊ မြေသန့်မင်္ဂလာ၊ အိမ်ပြောင်း၊ လက်မှတ်ရေးထိုး၊ ထီးထိုး၊ ခွဲစိတ်ကုသခံယူခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ အစုရှယ်ယာဝင်ခြင်း၊ ဧည့်ခံပွဲဖွင်လှစ်ခြင်း၊ ရတနာဝတ်ဆင်ခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း ကောင်း၏။

(တနင်္ဂနွေဂြိဟ် ညနေ ၅နာရီ ၆မိနစ် ကရကဋ်ရာသီပြောင်း၍ စလွယ်တင်၊ ရှင်ပြု၊ နားသ၊ စေ့စပ်၊ လက်ထက်အခါရှောင်ပါ)(အိမ်ဆောက်မင်္ဂလာအခါရ၏။ )

(လကြတ်မည်) (မြန်မာနိုင်ငံတွင်ကောင်းစွာမြင်နိုင်သည်။)



ဖမ်းစအချိန်       - နံနက်စက် (၁)နာရီ(၅၆)မိနစ်(၃၆)

                          စက္ကန့်



ဖမ်းလယ်အချိန်  - နံနက်စက် (၃)နာရီ(၃၅)မိနစ်(၃၃)

                          စက္ကန့်



လွတ်ဆုံးအချိန်  - နေ့စက် (၅)နာရီ(၃)မိနစ်(၁၅)

                          စက္ကန့်

(မြန်​မာနိုင်​ငံတွင်​ ကောင်းစွာ မြင်​နိုင်ပါသည်။)

(အစိတ်အပိုင်းကြတ်)

                  လကြတ်​ဂါထာ

တထာဂထံ အရဟန္တံ စန္ဒိမ သရဏံဂ​တော၊

ရာဟု သူရိယံ စန္ဒိမ ဗု​ဒ္ဓါ​လောကနူ ကမ္ပကာ"



မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သနပ်ခါးညွန့်၊ သံပုရာသီး(၄)လုံးဘုရားပူဇော်ပြိး သွားပါ။



အကျိုးပေးဂဏန်း ➖ {၁,၈,၀}

အကျိုးပေးအရောင် - အညိုရောင်၊ ပန်ရောင်

ဆောင်ရန် - သံပုရာသီး

ရှောင်ရန် -  မြောက် အရပ်

ယတြာ - သနပ်ခါးညွန့်၊ သံပုရာသီး(၁)ခွက် ဆွမ်းကပ်လှူပါ။



ကြာသပတေးသားသမီးများ



ကြာသပတေးသားသမီးများ ကံကြမ္မာ အနည်းငယ်ညံ့နေချိန်ပါပဲ။ ပြောဆို ဆုံးမရခက်တဲ့ သားသမီးတွေ ထူးခြားစွာပြောင်းလဲလာပြီး စကားနားထောင်လာလို့ အံ့သားသင့်ရမယ့်အ ချိန်ပါပဲ။ မိသားစုအတွင်း အဆင်ပြေလည်မှုတွေရရှိမယ်။ အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာလည်း ထောင့်ပေါင်းစုံကနေ တွေးခေါ်ဆင်ပြီး အလုပ်လုပ်ပါ။ "က.ခ.ဂ.င"ထိုအက္ခရာနာမည်များ အထူးသတိထား၍ တနင်္လာနံ ငွေလုပ်ငန်း၊ ကျောက်လုပ်ငန်း၊ ခြံလုပ်ငန်း ပြဿနာရင်ဆိုင်ရကိန်း ရှိပါတယ်။ မိဘဆွေမျိုး သူငယ်ချင်းရယ်ဆိုပြီး သီးသန့် မခွဲခြားတတ်ဘဲ မိသားစုလိုအားလုံးကို တန်းတူညီတူ ဆက်ဆံသော်လည်း စေတနာဝေဒနာဖြစ် စော်ကားခံရတတ်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးတွင် ကြားလူအဖျက်၊ အနှောက်အယှက်ကြောင့် အချစ်ရေး အဆင်မပြေတာမျိုးကြုံမည်။ ပညာရေးညံ့နေပြီး အိမ်ထောင်ရေးသာယာ၍ ကျန်းမာရေး အနေဖြင့် အကြောတက်၊ ဒူးနာ၊ ခါးနာဖြစ်တတ်ပါတယ်။ မြောက် အရပ်လာဘ် အကျိုးပေး၊ တောင် အရပ် ရှောင်ပါ။  မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌  နေအိမ်မှ မထွက်မီ အစားအစာတစ်ခုဝါးစားရင်းသွားပါ။



အကျိုးပေးဂဏန်း ➖ {၂,၅,၄}

အကျိုးပေးအရောင် - အပြာရောင်၊ အဖြူ ရောင်

ဆောင်ရန် - ပဲ(၅)စေ့

ရှောင်ရန် - တောင် အရပ်

ယတြာ - မေမြို့ပန်း ဝေဝေဆာဆာ၊ ပဲထမင်းဆွမ်းကပ်လှူပါ။



သောကြာသားသမီးများ



သောကြာသားသမီးများ စကားအပြောအဆိုမဆင်ခြင် ၊ မိမိကိုယ်တိုင်လဲ သတိမမူဘဲ ပြောမိလိုက်သောစကားတစ်ခွန်းကြောင့် ပြဿနာဖြရှင်းရလိမ့်မယ်။ အထူး မေ့လွယ်တဲ့ ကာလဖြစ်တာကြောင့် အဖိုးတန်ဥစ္စာပစ္စည်း၊ ပိုက်ဆံအိတ်များ၊ ဖုန်းများ မေ့ကျန်ပျောက်ရှ တတ်ပါတယ်။ အရှေ့အရပ် လာဘ်အကျိုးပေး၊ အနောက်အရပ် ရှောင်ပါ။ တောင်အရပ် စန်းပွင့်၏။ ကိုယ်ပိုင်အလုပ်များ စာသောက်ကုန်၊ ငွေဝန်ဆောင်မှုလုပ်ငန်း၊ အလုပ်အော်ဒါတွေ များပြီး မအားလပ်နိုင်အောင်ဖြစ်ရတတ်ပါတယ်။ အထူး နတ်ပိုင်းဆိုင်ရာလုပ်ငန်း၊ ငွေချေးငှားခြင်းလုပ်ငန်းများ ပြဿနာဖြစ်၍ အချင်းချင်း အနီးကပ်လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။ အိမ်တွင်းရှိ အခြေ(၄)ချောင်း သတ္တဝါအများ အသေအပျောက်ဖြစ်အံ့။ အချစ်ရေးကံကောင်း၍ မိမိရည်ရွယ်ထားသူ ချစ်သူကို အချစ်ရေးဆိုခြင်း၊ အပန်းဖြေခရီးဝေးသွားရတတ်ခြင်း၊ အိမ်ထောင်ရှင်မများ အမျိုးသား၏ ဂရုစိုက်မှုအပြည့်အဝ ရရှိတတ်ချိန်ဖြစ်ပြီး မိသားစု ဘုရားဖူးသွားရတတ်ပါတယ်။ ကျန်းမာရေး မအီမသာနှင့် ရောဂါရှာမတွေ့ ဖြစ်နေတတ်ပါတယ်။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ နေအိမ်မှ မထွက်မီ အဝင်အထွက်(၃)ခါ ဆောင်ရွက်ပြီးမှသွားပါ။



အကျိုးပေးဂဏန်း ➖ {၃.၂,၈}

အကျိုးပေးအရောင် - ပန်းရောင်၊ မီးခိုးရောင်

ဆောင်ရန် - လက်ကိုင်ပုဝါပန်ရောင်

ရှောင်ရန် - အနောက် အရပ်

ယတြာ - အိမ်ဘုရားမှာ ယို များနှင့် အောင်သပြေ(၂၁)ညွန့်ကပ်လှူပါ။ ညောင်ပင်ကြီး မှာ ငှက်ပျောဖက်နှင့်ယိုများ၊ အမွှေးတိုင် (၂၁) တိုင်ထွန်းပူဇော်ပါ။



 



စနေသားသမီးများ



စနေသားသမီးများ ရှင်ပြု နားသ၊ အနေကဇာတင်ခြင်း၊ ကလေးမွေးနေ့ ၊ နာမည်မှည့်ကင်ပွန်းတပ်မင်္ဂလာများ ပြုလုပ်ရမည်။  ခရီးဝေးသွားခြင်း ရှောင်ရှားသင့်တဲ့ကာလပါ။ မိတ်ကောင်းဆွေကောင်းတွေရဲ့ အကူအညီလဲရပါလိမ့်မယ်။ နွား၊ နာရီ အရောင်းအဝယ် နှင့် သီးနှံ၊ ကုန်စိမ်း၊ ကုန်ချောက် ရောင်းဝယ်ဖောက်ကားခြင်းတွင် အကျိုးအမြတ်ရှိကြမည်။ အနောက်တောင် အရပ်လာဘ် အကျိုးပေး၊  အရှေ့မြောက်အရပ် ရှောင်ပါ။ အနောက် အရပ် စန်းပွင့်၏။ အယူအဆမတူ အတွေးအခေါ် မတူသူတွေကြား မိမိက စေ့စပ်ညှိုနှိုင်းပေးလိုက်ခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်။ ပညာရေး ကြိုးစားဖို့လိုပြီး အချစ်ရေးမှာတော့ ချစ်သူနှစ်ဦး ကြား သဘောထားကွဲ၊ အထင်မြင်မှားများ ပြန်လည် နားလည်မှုရခြင်းနှင့် မိတ်ဆွေတစ်ဦးအကူညီကြောင့် အချစ်ရေး အဆင်ပြေလာမည်။ အိမ်ထောင်ရေး အနည်းငယ်ညံ့၍ ကျန်းမာရေး အထူးကောင်းမွန်မည်။ ၂၀၁၉-ခုနှစ် July လ(19)ရက် ၁၃၈၀-ပြည့် ဝါဆိုလဆုတ်(၄)ရက် နံနက်(၈း၃၄)နာရီအတွင်း ရှင်ပြု နားသ၊ အနေကဇာတင်ခြင်း၊ သိဒ္ဓီတင်ခြင်း၊ ကလေးထမင်းခွံ၊ နာမည်မှည့် ဆံရိတ်၊ဆံသ၊ ရေတွင်းရေကန်တူးဖော်ခြင်း၊ အသီးဆွတ်ခူးခြင်း၊ မျိုးစေ့ချ၊ သီးနှံရိတ်၊ မိတ်ဆွေဖွဲ့ခြင်း၊ ဧည့်ခံပွဲစတင်ခြင်း၊ ငွေကြေးချေးငြားခြင်း၊ ပညာစ၍သင်ယူခြင်းကောင်း၏။မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ အရှေ့အရပ်မျက်နှာမှုကာ ကြေးအိုးဖြင့် သပြေ(၉)ညွန့် ဘုရားပူဇော်ပြီးသွားပါ။



အကျိုးပေးဂဏန်း ➖ {၈,၄,၅}

အကျိုးပေးအရောင် -  ရွှေအိုးရောင်၊ အပြာနုရောင် 

ဆောင်ရန် - သပြေ

ရှောင်ရန် -  အရှေ့မြောက် အရပ်

ယတြာ - မိမိနေနံဂြိဟ်ဘုရားထောင့်တွင် အရှေ့အရပ်မျက်နှာမှုကာ ကြေးအိုးဖြင့် သပြေ(၉)ညွန့်၊ ရေတော်သက်စေ့၊ ငါးအစာကျွေးပါ။



 



ရာဟုသားသမီးများ



ရာဟုသားသမီးများ အလုပ်တာဝန် စီမံချက်တစ်ခုကို စီမံကိုင်တွယ်ရာမှာ အစအဆုံး ပြီးစီးသည် အထိ တာဝန်မယူနိုင်ဖြစ်နေတတ်ပါတယ်။ သူခိုး မျက်စိအကျခံရသောကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်းသတိပြုပါလေ။ ရပ်ဝေးမှဆွေမျိုးသားချင်းများရောက်လာတတ်၏။ အိမ်သို့အတောင်ပေါက်သော သတ္တဝါဝင်လာတတ်၏။ ဝင်လျှင် နိမိတ်ကောင်း၏။ အိမ်ထောင်ဘက်အချင်းချင်း စကားများနိုင်သလို လူလွတ်ဆိုပါက အတူနေမောင်နှမများနှင့် စိတ်ဝမ်းကွဲရတတ်ပါတယ်။ ငယ်ရွယ်သူများ အချစ်ရေးတွင်ချစ်သူ၏ ဆရာလုပ်ခြင်း၊ ဖိနှိပ်ခြင်းကြောင့် စကားများ ရန်ဖြစ်ရတတ်ပါတယ်။ ချစ်သူရည်းစား၊ သူတစ်ပါး အမိန့်ပေးတာ ကို လက်သင့်ခံမည့်ကာလမဟုတ် သဖြင့် အနည်းငယ် ကတောက်ကဆဖြစ်နိုင်ပါတယ်။ ကျန်းမာရေးအလွန်ကောင်းနေချိန်ပါပဲ။ မိမိလုပ်ငန်း ဆောင်တာများ ဆောင်ရွက်ရာ၌ သနပ်ခါးညွန့်၊ သံပုရာသီး(၄)လုံးဘုရားပူဇော်ပြိး သွားပါ။



အကျိုးပေးဂဏန်း ➖ {၈,၀,၁}

အကျိုးပေးအရောင် - ခရမ်းရောင်၊ ပန်းရောင်

ဆောင်ရန် - ကြေးပြား

ရှောင်ရန် - မြောက်အရပ်

ယတြာ - ရာဟုဂြိဟ်ဘုရားဒေါင့်ကိုသွား၍  သာသနာ့အလံ (၁၀)လက်လှူ ၍ လိုရာဆုတောင်းပါ။



 



ဗေဒင် ဟောစာတမ်း အမျိုးမျိုးကို "ဘေလ်မကုန် ၊ ၀န်ဆောင်ခပေးစရာမလို ၊ အင်တာနက်ဘေလ် လုံးဝ မကုန်ဘဲ " နေ့စဉ် ဖတ်ရှုဖို့ လိုတရ အယ်လီကေးရှင်းကို ဒီလင့်ခ် ကနေနှိပ်ပြီး (အခမဲ့) ဒေါင်းလုဒ် ဆွဲထားဖို့လိုတယ်နော်။



 


နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။