contents

သတင်းများ

အသုံးချသြဂဲနစ် စိုက်ပျိုးရေးသင်တန်းဖွင့်လှစ်မည်

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
စိုက်ပျိုးရေး
Pissaya
အသုံးချသြဂဲနစ် စိုက်ပျိုးရေး စာတွေ့၊ လက်တွေ့သင်တန်းကို အခုလ ၂၉ ရက်နေ့က စတင်ပြီး ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) မှသိရပါတယ်။

သင်တန်းနဲ့ပတ်သက်လို့ သင်တန်းသားဦးရေကန့်သတ်ထားပြီး သင်တန်းကြေး ၅ သောင်းပေးသွင်းပြီး တက်ရောက်ရမှာလဲ ဖြစ်ပါတယ်။

သင်တန်းကို အခုလ ၂၉ . ၃ . ၂၀၁၈ မှ ၁ . ၄ . ၂၀၁၈ ထိကျင်းပပြုလုပ်သွားမှာ ဖြစ်ပြီး သင်တန်းချိန်ကိုတော့ နံနက် ၉း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီ သတ်မှတ်ထားပြီး  အမှတ်(၂၉)၊ မင်းရဲကျော်စွာလမ်း၊ UMFCCI Tower၊ (၅) လွှာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

#Agro_News

#Pissaya_Info

 

 

 
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။