contents

သတင်းများ

ငါးဖမ်းရေယာဉ်များအား ငါးဖမ်းခွင့် သုံးလပိတ်မည်

နေ့ရက်:
Mar 14, 2018


အမျိုးအစား :
စိုက်ပျိုးရေး
Pissaya
၂ဝ၁၈ ခုနှစ်အတွက် ငါးမဖမ်းရ ရာသီကို မေ ၁၅ ရက်မှ သြဂုတ် ၁၅ ရက်အထိ  သတ်မှတ်ထားပြီး နိုင်ငံတစ်ဝန်းရှိ ငါးဖမ်းရေယာဉ်များ အားလုံး ပင်လယ်ပြင်ထွက်ခွာငါးဖမ်းဆီးခွင့် ပိတ်ပင်ထားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

ပင်လယ်ပြင်မှငါးများ ရေရှည်စားသုံးနိုင်ရေး၊ ငါးများမျိုးပွားမှုနှုန်း မြင့်မားလာစေရေး ရည်ရွယ်ချက်နဲ့ အခုလိုပိတ်ပင်တာဖြစ်ကြောင်းလည်း သိရပါတယ်။

ငါးမဖမ်းဆီးရ ကာလသတ်မှတ်ထားပေမယ့် တရားမဝင်ငါးဖမ်းဆီးမှုများနဲ့ အဆင့်မြင့်နည်းပညာသုံး ငါးဖမ်းဆီးမှုများရှိနေကြာင်းလည်း သိရပါတယ်။

ငါးမျိုးမပြုန်းတီးစေရေးအတွက် ငါးမဖမ်းရရာသီ၊ ငါးမဖမ်းရ ဧရိယာ သတ်မှတ်ခြင်းကို ၂ဝ၁၃ ခုနှစ်မှ စတင်ဆောက်ရွက်ခဲ့ပြီးဆောင်ရွက်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရပါတယ်။

#livestock_News

#Pissaya_Info
နေ့စဉ် အသစ်အသစ်သော သတင်းများ ကို သိရှိနိုင်ရန် လိုတရ Application အား ဤနေရာတွင် နှိပ်၍ အခမဲ့ Download ရယူပါ။